စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြေငလျင်အတွက် အဆင်သင့်ပြင်ဆင်ထားမယ်

.ကြိုတင်ပြင်ဆင်ခြင်းဟာ လွတ်မြောက်ခြင်းရဲ့လမ်းစပါ.....
မြေငလျင်နဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ ဘာတွေလုပ်နိုင်မလဲ....
ဘယ်လို အံတုကြမလဲ .... ဘာတွေ ပြင်ဆင်ထားသင့်သလဲ .....ဘာတွေ ပြင်ဆင်ပြီးပြီလဲ .....
ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာ သိမယ်ဆိုရင် .....
အဆင်သင့် ပြင်ဆင်ထားကြမယ်ဆိုရင် ....
ကိုယ့်ကိုယ်ကိုယ် အပြည့်အ၀ ယုံကြည်မှုရှိစွာ ရင်ဆိုင်နိုင်စွမ်းရှိမယ်ဆိုရင် .....

မြေငလျင်ဆိုတာ ........

မြေငလျင်လှုပ်ခြင်း

                     မြေငလျင်လှုပ်ခြင်းဆိုသည် ကမ္ဘာမြေကြီး၏ အတွင်းပိုင်းရှိ ကျောက်စိုင် ကျောက်ခဲများ
ရွေ့လျားမှုကြောင့် ကမ္ဘာမြေကြီး ရုတ်တရက် ရွေ့လျားတုန်ခါခြင်းကို မြေငလျင် လှုပ်ခြင်းဟု ခေါ်သည်။

ကျွန်ုပ်တို့ ၏ အမိကမ္ဘာမြေကြီး

ကျွန်ုပ်တို့ နေထိုင်သော အမိကမ္ဘာမြေကြီးသည် ကြီးမားသော အစိုင်အခဲကြီးတစ်ခုဖြစ်ပြီး တည်ငြိမ်နေသည်ဟု
ထင်စရာဖြစ်သည်။ အမှန်မှာ ကမ္ဘာမြေကြီးသည် အစဉ်ရွေ့လျားနေသည်။ ကမ္ဘာကြီး၏ အပေါ်ယံမြေလွှာများသည်
ဖြတ်ပြီးဆက်ထားသည့် ရုပ်ပုံကားချပ်တစ်ခုလိုပင်သီးခြားအစိတ်အပိုင်းများ ပေါင်းစပ်ပြီး တည်ဆောက်ထားခြင်းပင်
ဖြစ်သည်။ ယင်း သီးခြားအစိတ်အပိုင်းများမှာ အစဉ် ရွေ့လျားနေကြပြီး တစ်ခုနှင့် တစ်ခု တဖြည်းဖြည်းချင်း
တွန်းကန်နေကြသည်။ ရုန်းကန်နေကြသည်။ ယင်းသို့ ပွတ်တိုက်ရွေ့လျားနေသည့် အစိတ်အပိုင်းများတစ်ခုနှင့်
တစ်ခု တိုက်ခိုက်မိသည့်အခါ ကြီးမားသည့် မြေလွှာ အချပ်ကြီးများသည် အလွန်ပြင်းထန်သည့် လှိုင်းထတုန်ခါမှုများကို
ဖြစ်ပေါ်စေသည်။
ယင်းသို့ဖြစ်ခြင်းကို  ကျွန်ုပ်တို့ ၏ အမိကမ္ဘာမြေကြီး ငလျင်လှုပ်ခြင်း မည်၏။

မြေလွှာချပ်ကြီးများ


ကျွန်ုပ်တို့ ကမ္ဘာမြေကြီးတွင် အောက်ပါအတိုင်း မြေလွှာချပ်ကြီးများဖြင့် ဖွဲ့စည်းထား၏....
မြေလွှာချပ်ကြီးများသည် တစ်ခုနှင့်တစ်ခု ရုန်းကန်ရွေ့လျားရာမှတဆင့် မြေလွှာအက်ကြောင်းများ
ဖြစ်ပေါ်လာကြပြီး ကမ္ဘာမြေပြင် အတွင်းပိုင်းရှိကျောက်ရေပူများသည် ယင်းအက်ကြောင်းများအတိုင်း
အပြင်သို့ ထွက်လာစေပြီး အေးခဲသွားစေပြန်သည်။ အချို့ မြေလွှာချပ်ကြီးများမှာမူတစ်ခု နှင့် တစ်ခု
ရင်ဆိုင် တိုက်မိကြသည့်အခါ မြေပြင် တွန့်ခေါက်မှုများကို ဖြစ်ပေါ်စေပြီး ဟိမ၀န္တာတောင်ကဲ့သို့ ကြီးမားသော
တောင်တန်းကြီးများကိုပင်ဖြစ်ပေါ်စေနိုင်သည်။ မြေလွှာချပ် တစ်ခု နှင့် တစ်ခု ပွတ်မိ ကျိတ်မိသည့် အခါတွင်မူ
မြေကြီးကို ဆညှစ်သလို ၊ ဆွဲဆန့်သလို ဖြစ်စေပြီးကမ္ဘာ့ကျောက်လွှာများသည် အက်ကွဲကြောင်းကြီးများကို
ဖြစ်ပေါ်စေသည်။

ငလျင်ဗဟိုချက်

ကမ္ဘာမြေကြီးအတွင်းပိုင်း ပေါက်ကွဲမှုဖြစ်သည့် နေရာအထက် မြေပြင်ပေါ်ရှိသည့်နေရာကို ငလျင်ဗဟိုချက်အဖြစ်
သတ်မှတ်ကြသည်။        ပေါက်ကွဲမှုဖြစ်သည့် ငလျင်ဗဟိုချက်နေရာကို ဗဟိုပြုပြီး ပတ်ဝန်ကျင်တစ်ခုလုံးဆီသို့
တုန်ခါမှုများကို ဖြစ်ပေါ်စေသည်။
ပုံမှာ မြေငလျင်ဖြစ်ပွားခဲ့တဲ့ ဒေသတစ်ခုရဲ့ ဗဟိုချက်ကို ဂြိုလ်တုကနေရိုက်ထားတဲ့ ရေဒါဓါတ်ပုံတစ်ပုံပါ။


နောက်ဆက်တွဲငလျင်
ပြင်းထန်သည့် မြေငလျင်သည် တစ်မိနစ်ကြာသည့်တိုင်အောင် အန္တရာယ်ဖြစ်စေသော တုန်ခါမှုများ ဆက်လက်
ဖြစ်ပွားတတ်သည်။      ယင်းသို့ ဆက်တိုက်ဖြစ်ပေါ်လာသော တုန်ခါမှုများမှာ ငလျင်ဖြစ်ပွားသည့် ပတ်ဝန်းကျင်
အနီးအနားတ၀ိုက်ရှိ ကျောက်သားများ၏ ရွေ့လျားမှုကြောင့်ဖြစ်သည်။

ငလျင်လှုပ်ပြီးနောက်
                  ငလျင်ကြီးလှုပ်ပြီးသည် နှင့် တပြိုင်နက် အသက်ရှင်ကျန်ရစ်သူများသည် ကွင်းပြင်ရှိရာသို့
အမြန်ဆုံးသွားရောက်သင့်သည်။   အဘယ့်ကြောင့်ဆိုသော် ဆက်လက်ဖြစ်ပွားလာမည့် မြေပြင်တုန်ခါမှု
အငယ်စားများသည် ငလျင်ကြောင့် ပျက်စီးသွားသည့်  အဆောက်အဦးများကို ဆက်လက်ပြိုကျစေနိုင်၍
ဖြစ်သည်။ငလျင်ကြီးလှုပ်ခြင်းနှင့် ငလျင်ငယ်များသည် မြေပြိုကျခြင်း၊ ရေလွှမ်းမိုးခြင်း၊ ဆူနာမီလှိုင်းများကို
လည်း ဖြစ်စေတတ်သည်။

ကျွန်ုပ်တို့ ဘာတွေလုပ်နိုင်မလဲ
                   အခန်းတစ်ခန်းထဲမှာဆိုရင် ခိုင်ခန့်တဲ့ စားပွဲ၊ စာရေးခုံ ၊ ထိုင်ခုံရှည်အောက် စတာတွေဟာ
စိတ်ချရတဲ့နေရာတွေပါ။   (အန္တရာယ်ကင်းတယ်ဆိုတဲ့နေရာဟာ ကိုယ့်အပေါ်ပြုတ်ကျနိုင်တဲ့ ပစ္စည်းတွေနဲ့
လွတ်ကင်းတဲ့ အတွင်းနံရံ  သို့မဟုတ် အခန်းထောင့်နဲ့ ကပ်တဲ့နေရာ ဖြစ်နိုင်ပါတယ်)

နံရံနဲ့ ကပ်နေတဲ့ ပစ္စည်းကြီးတွေကို နံရံမှာ အသေစွဲထားပါ။ ခိုင်ခန့်အောင် ချည်ထားပါ။
အထူးသဖြင့် နံရံကပ်မှန်တွေ ပန်ချီကားချပ်တွေ၊ ဓါတ်ပုံမှန်ဘောင်တွေ၊ စာအုပ်စင်အမြင့်တွေကို နံရံမှာ
အသေစွဲ ဒါမှမဟုတ် ခိုင်ခန့်အောင်တုတ်နှောင်ထားပါ။လူတွေအပေါ် ပြိုလဲမကျအောင် လေးလံတဲ့ပစ္စည်းတွေကို
စင်အောက်မှာဘဲထားပါ။

မြေငလျင်လှုပ်နေစဉ် ကိုယ်တိုင်ဘာလုပ်ကြမလဲ
                       လုပ်နေတဲ့ အလုပ်ကို ရပ်လိုက်ပါ။ ထိုင်ချလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် အကာအကွယ်ယူပါ။

ထိုင်ချပြီးသားနေရာမှာဘဲ ငြိမ်နေပါ။   ခိုင်ခန့်တဲ့ စာရေးခုံ၊ စားပွဲ၊ စာရေးခုံရှည်အောက်မှာ အကာအကွယ်ယူပါ။
ကိုယ့်ရဲ့ မျက်နှာနဲ့ ခေါင်းကို လက်နှစ်ဘက်နဲ့ အုပ်ထားပါ။   တကယ်လို့ ကိုယ့်အနားမှာ စားပွဲတွေ၊ စာရေးခုံတွေ
မရှိဘူးဆိုရင် အဆောက်အဦးရဲ့ အတွင်းနံရံတစ်လျှောက် ဒါမှမဟုတ် ထောင့်တစ်ခုခုမှာ အကာအကွယ်ယူပါ။
ကိုယ့်မျက်နှာနဲ့ ခေါင်းကို လက်နဲ့အုပ်ထားပါ။ ထိုင်ချပြီးသားနေရာမှာဘဲ ငြိမ်နေပါ။   မှန်တွေ၊ ပြူတင်းပေါက်တွေ၊
တံခါးမကြီးတွေနဲ့ လွတ်ကင်းတဲ့နေရာမှာ နေပါ။ ကိုယ်ခေါင်းပေါ် ပစ္စည်းတွေ ပြုတ်ကျလာနိုင်တဲ့ နေရာမျိုးကို
ရှောင်ပါ။ငလျင်လှုပ်တာ ရပ်တဲ့အထိ အထဲမှာပဲနေပါ။ အပြင်ထွက်ဖို့ စိတ်ချရတဲ့အထိ အထဲမှာပဲနေပါ။
တကယ်လို့များ အပြင်မှာရှိနေတုန်း ငလျင်လှုပ်မယ်ဆိုရင် မြင့်တဲ့ အဆောက်အဦးတွေ၊ သစ်ပင်တွေ၊ လမ်းမီးတိုင်တွေ၊
ဓာတ်အားလိုင်းတိုင်တွေနဲ့ ဝေးဝေးနေပါ။
မြေငလျင်လှုပ်ပြီးနောက် ကိုယ်တိုင် ဘာလုပ်ကြမလဲ
                           နောက်ဆက်တွဲလှုပ်လာမယ့် ငလျင်လှုပ်တွေအတွက် ပြင်ဆင်ထားပါ။
ဘီရိုဖွင့်မယ်ဆိုရင် တဖြည်းဖြည်းချင်းဖွင့်ပါ။ ဘီရိုထဲမှာ ရှိနေတဲ့ ပစ္စည်းတွေ ရုတ်တရက် ကိုယ့်အပေါ်ပြုတ်ကျနိုင်တယ်
ဆိုတာ သတိထားပါ။   ပျက်စီးနေတဲ့နေရာတွေနဲ့ ဝေးဝေးနေပါ။ ဒီနေရာတွေမှာ နောက်ဆက်တွဲ ငလျင်တွေကြောင့်
ရုတ်တရက် ဆက်လက်ပြီး ပြိုကျတာတွေ ဖြစ်နိုင်လို့ပါ။

မြေငလျင်ကြိုတင်ခန့်မှန်းခြင်း
                          ဒီကနေ့ထိ မြေငလျင်လှုပ်မှုကို ကြိုတင်ခန့်မှန်းဘို့ အတိအကျ အသေအချာ မသိနိုင်သေးပါ။
သိပံပညာရှင်တွေကတော့ အမေရိကန်၊ ရုရှား၊ ဂျာမဏီ၊ ဂျပန်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေမှာ မြေအောက်ကီလိုမီတာ
ခပ်နက်နက်မှာ မြေကြီးရဲ့ တုန်ခါမှုတွေကို သိရှိနိုင်တဲ့ စက်တွေတပ်ဆင်ပြီး စူးစမ်းလေ့လာတုန်းပဲ ရှိပါသေးသည်။
ငလျင်ကြောတွေ သိပ်များပြားတဲ့ ဂျပန်နိုင်ငံမှာဆိုရင်  မြေအောက် ကီလိုမီတာခပ်နက်နက်မှာ မြေကြီးရဲ့ တုန်ခါမှုကို
ဖော်ပြပေးတဲ့     စက်တွေ အမြောက်အများ တပ်ဆင်ထားတာတောင်မှ ငလျင်လှုပ်တာကို စက္ကန့်ပိုင်းအတွင်းမှာဘဲ
ကြိုသိနိုင်ပါသေးတယ်တဲ့ .....  ဒါပေမယ့် တချို့နေရာဒေသတွေမှာ ငလျင်မလှုပ်ခင် တိရိစ္ဆာန်တွေရဲ့ အပြုအမှုတွေ
ပြောင်းလဲခဲ့တယ်လို့ ဆိုကြပြန်ပါတယ်... (ဥပမာ-တရုတ် မြေငလျင်ကြီး မလှုပ်ခင်မှာ တိရိစ္ဆာန်ရုံမှာရှိတဲ့ တိရိစ္ဆာန်တွေ
နေရာမရဖြစ်နေကြတာ၊ အော်ဟစ်ဆူညံနေတာ၊ ရေကန်မှာရှိတဲ့ ဖားတွေအကုန်လုံး ကုန်းပေါ်ကို တက်လာကြတာတွေ၊
 ကြုံဘူးပါသတဲ့)

လူသားအပေါင်း သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးနိုင်ကြပါစေ .........

Ref:unicef....မှ ဖြန့်ဝေသည့် စာအုပ်မှ ကူးယူသည်.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...