စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







☺အားလုံးပဲ ဟာသလေးတွေနဲ့ ပြုံးပျော်နိုင်ကြပါစေနော်☺

သူငယ်ချင်းများ  အားလုံးပဲ  မင်္ဂလာပါနော်........အားလုံးပဲ ပျော်ရွှင်ရယ်မောနိုင်ကြပါစေနော်....ကျတော်ဖက်ဖူးသမျှဟာသလေးတွေ ပြန်လည်မျှဝေပေးလိုက်တာပါနော်.......တစ်နေ့တာ ပင်ပန်းနွမ်းနယ်နေတာလေးတွေကို  ဟာသာလေးတွေဖက်ပြီး  ပြုံးရွှင်ရယ်မော အပန်းဖြေနိုင်ပါစေနော်........☺☺☺
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦  ♦ ♦ ♦ ♦ ♦ ♦ ♦ ♦  ♦ ♦     ♦ ♦  ♦  ♦  ♦ ♦  ♦  ♦ ♦ ♦
                      ဟာသ ဟုထင်၏

တစ်ခါက အာရပ်ကုန်သည် တစ်ဦးတွင် သန်မာလှပသော မြင်းတစ်ကောင်ရှိသည်။
ထိုမြင်းသည် တစ်နေ့အတွင်း မိုင်ပေါင်းများစွာ ခရီးတွင်နိုင်သောကြောင့်
ကုန်သည်မှာ အလွန်မြတ်နိုးခဲ့သည်။ ကုလားအုတ်တစ်ကောင် ပိုင်ဆိုင်ထားသော
ဒုတိယကုန်သည် တစ်ဦးက အပြေးသန်သော ထိုမြင်းကို မျက်စိကျခဲ့သည်။

တစ်နေ့တွင် သူသည် မြင်းပိုင်ရှင်အား ကုလားအုတ်နှင့်မြင်း လှဲလှယ်ရန်
စကားကမ်းလှမ်းခဲ့သည်။ မြင်းပိုင်ရှင်က ငြင်းဆန်ခဲ့သည်။ ဤမြင်းအား ရှိသမျှ
စည်းစိမ်နှင့် လှဲမည်ဟု တောင်းဆိုပြန်သည်။ မြင်းပိုင်ရှင်က ဤမြင်းသည်
မိမိဘ၀အတွက် အကောင်းဆုံး အဖော်မွန်၊ မိမိအသက်ရှင်နေသရွေ့ မြင်းအား
ဘယ်အရာနှင့်မျှ မလှဲနိုင်ဟု ငြင်းဆိုပြန်သည်။ ကုလားအုတ်ပိုင်ရှင်က
မြင်းအား အလွန်နှစ်သက်မိသဖြင့် မြင်းအား ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုး
အကြံထုတ် လေတော့သည်။

တစ်နေ့တွင် သူသည် အ၀တ်အစား အစုတ်အပြတ်ကို ၀တ်ဆင်လျှက်
မြင်းပိုင်ရှင်လာရာလမ်း တစ်နေရာတွင် ဖျားနာချင် ဟန်ဆောင်ပြီး လဲလျောင်း
နေခဲ့သည်။ မြင်းပိုင်ရှင်က တွေ့သောအခါ မြင်းပေါ်မှ အလျှင်အမြန်ဆင်းပြီး
ဖျားနေသော သူ့အား မြင်းပေါ်သို့ ပွေ့တင်လိုက်သည်။ မြင်းပေါ်ရောက်သည်နှင့်
သူသည် လူကောင်း ပကတိဖြစ်သွားပြီး မြင်းပိုင်ရှင်အား " ဒီမြင်းကို
ပိုင်ဆိုင်ရဖို့ ကျွန်တော် အကြံအမျိုးမျိုး ထုတ်ခဲ့တယ်။ တန်ဖိုးရှိတဲ့
ပစ္စည်းတွေနဲ့ လှဲခဲ့တယ်။ ခင်ဗျား လက်မခံခဲ့ဘူး။ အခုကျွန်တော် မြင်းပေါ်
ရောက်နေပြီ... ဒီမြင်းကို ကျွန်တော် ပိုင်သွားပြီ" ဟု ပြောလေသည်။

မြင်းပိုင်ရှင်က " ကောင်းပြီလေ... မြင်းကို ခင်ဗျားပိုင်သွားပါပြီ...
ဒါပေမယ့် ခင်ဗျားထွက် မသွားခင် ကျွန်တော်စကားတစ်ခွန်း ပြောချင်သေးတယ်။
ဒီစကားကို ခင်ဗျား သေချာမှတ်ထားပေးပါ"
" မြင်းကို ကျွန်တော်ပိုင်ပြီပဲ... တစ်ခွန်းမကဘူး..ခင်ဗျားကြိုက်သေ
လာက်
ပြောလို့ရတယ်"
" တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျားဘယ်လို ရခဲ့သလဲလို့ မေးလာရင်
အဖြစ်မှန်ကို မပြောပါနဲ့..ဒီစကားကို မှတ်ထားပေးပါ"
"ဘာလို့လဲ..."
"ဒီမြင်းကို ဘယ်လိုရခဲ့တယ် ဆိုတဲ့အကြောင်း အမှန်ကို ခင်ဗျားပြောခဲ့ရင်
နောင်တစ်ချိန် လမ်းဘေးမှာ ဖျားလို့ လဲနေတဲ့ လူတွေကိုတွေ့ရင် ဘယ်သူက
ကယ်ရဲတော့မလဲဗျာ"

မြင်းပိုင်ရှင်၏ ထိုစကားကို ကြားသောအခါ ဒုတိယကုန်သည်မှာ တခဏမျှ
ဆွံအသွားခဲ့သည်။ ထို့နောက် ရှက်ရွံ့ အားနာပြီး မြင်းပေါ်မှ
ချက်ချင်းဆင်းကာ မြင်းပိုင်ရှင်အား တောင်းပန်လေသည်။

"ရမ္မက်လောဘနဲ့ လိုချင်တပ်မက်တဲ့ စိတ်က ကျွန်တော်ရဲ့ ဂုဏ်သိက္ခာနဲ့
ရိုးသားမှုကို ပုံပျက်အောင် လုပ်ခဲ့မိတယ်။ အရှက်တရားနဲ့ နောင်တတွေ
ရလိုက်ပါတယ်။ ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ... ကျွန်တော့်ကို
ခွင့်လွတ်ပါဗျာ"
 ☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺

အပျိုလဲဟုတ်ဝူး..........ဒိုင်း



ပျားရည်ဆမ်းခရီးထွက်ရန် ပြင်ဆင်နေချိန်တွင် သားဖြစ်သူကို သူ၏
စာကြည့်ခန်းထဲသို့ခေါ်ပြီး ကျည်ဆံ နှစ်တောင့်နှင့်
ခြောက်လုံးပြူးတစ်လက်ကို ပေးလေသည်။

"ဒီမှာ ငါ့သားလူလှရေ၊ မင်းတို့ ပျားရည်ဆမ်းခရီး မင်္ဂလာဦးညမှာ မင်းမိန်းမ
မချောမေ အပျိုစင် မဟုတ်ဘူးဆိုရင် မင်းမိန်းမကို ပစ်သတ်ပေတော့။
အပျိုစင်အစစ်ဆိုရင်တော့ လေထဲမှာ တစ်ချက် ထောင်ပစ်ဟေ့ .. ကြားလား" ဟု
ဖခင်ဖြစ်သူက မောင်လူလှကို မှာလေသည်။

ပထမညတွင်တောင့် မောင်လူလှလေးသည် လေထဲတွင် သေနတ်တစ်ချက် ထောင်ပစ်လေသည်။
ဒုတိယညမှာတော့ မချောမေကိုတည့်တည့်ပစ်လေသည်။ အကြောင်းမှာ
အပျိုစင်မဟုတ်သောကြောင့်တည်း။
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

လူမထွက်ဘူး

ဒကာမတစ်ယောက်သည် ဘုန်းတော်ကြီးကျောင်းသို့လာရာ

 

ဘုန်းကြီးက ။ ။ ဟဲ့ဒကာမ၊ ဘာဖြစ်လို့လာသတုံး။

 

ဒကာမ ။ ။ အရှင်ဘုရား လူထွက်မယ် ကြားလို့ပါဘုရား။

 

ဘုန်းကြီး ။ ။ ဟာ ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာကမှမရှိဘူးဟ။
တစ်နေ့က လာအပ်တဲ့ ကလေးနှစ်ယောက် ဟာဘယ်သူက
မွေးတာတုံးဟ။
ဒကာမ ။ ။ တပည့်တော်မက မွေးတာပါဘုရား။

 

ဘုန်းကြီး ။ ။ အိမ်း တစ်သက်လုံးမှတ်ထား၊ ဒကာမကသာ လူထွက် သဟ။

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
သိနားလည်မှု
" မင်းတို့ထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်းသိတဲ့သူ ပါသလားကွ "
" ပါပါတယ်ဆရာ၊ ကျွန်တော် စန္ဒရားတီးတတ်ပါတယ်။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ် "
" ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းကဦးဆောင်ပြီး ဂရုစိုက်တင်ပေးစမ်းပါကွာ "
♦  ♦  ♦   ♦  ♦   ♦ ♦  ♦ ♦ ♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦     ♦  ♦    ♦   ♦ ♦  ♦
 သူ့လက်ရာ 
 
 " ဒီနေ့ ကျွန်မချက်ကျွေးတဲ့ဟင်းက ဘယ့်နှယ်နေလဲဟင် "
" ကောင်းတယ် မိန်းမရာ၊ ချိုပြီးဆိမ့်နေတာပဲ "
" မဟုတ်သေးပါဘူးတော်၊ ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ ချဉ်စပ်လို့ရေးထားတယ်ရှင့်
•♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
စိတ်ချစမ်းပါ 
 
" ဒီမှာရှင့် လေယာဉ်ပျံမောင်းတဲ့ဆရာကြီး၊ ကျွန်မတစ်ခါမှ လေယာဉ်ပျံမစီးဖူးလို့ ရင်တွေတုန်လိုက်တာရှင်။ ကျွန်မတို့ခရီးသည်တွေအားလုံးဘေးကင်းရန်ကင်းနဲ့ မြေပြင်ပေါ်ပြန်ရောက်မှာပါနော် "
" စိတ်ချပါဗျာ။ ကျွန်တော်လေယာဉ်မောင်းလာတာကြာပါပြီ။ ဘယ်သူ့ကိုမှ ကောင်းကင်မှာမထားခဲ့ပါဘူး "
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
                  မေမေ့စကား 
 
" လက်ရေးညံ့လိုက်တာကွာ၊ မင်းကိုနေ့တိုင်းရိုက်ရတာလည်း လက်ညောင်းလှပြီ၊ မင်းအိမ်ကဘာမှဂရုမစိုက်ဘူးလား "
" ကျွန်တော့်မေမေကပြောတယ်ဆရာ၊ ငါ့သားလက်ရေးမလှလည်းကိစ်စမရှိဘူးတဲ့၊ ဘယ်သူမှမဖတ်တတ်ရင်နေပါစေတဲ့၊ ကြီးရင်ဆရာဝန်လုပ်ခိုင်းမှာတဲ့ " 
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦                                           ဘယ်သူ့လက်ချက်လဲ 
 
" ဟိုနေ့က လေးထပ်တိုက်ပေါ်က မင်းခုန်ချတာ အံ့သြတယ်ကွာ၊ ရုပ်ရှင်ထဲက စတန့်မင်းသားတွေ စွန့်စားပြတဲ့အတိုင်းပဲ၊ ကားရိုက်ဖို့လေ့ကျင့်နေတာလား "
" ဟင်း ..... ဟင်း ..... ငါလည်း စဉ်းစားနေတာ၊ ဘယ်သူများ ငါ့ကိုတွန်းချလိုက်တာလဲလို့ "
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
            သူ့နေရာသူပြန်သွား
 
" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲက ခွဲထုတ်ထားတဲ့ဟာတွေရှင့်
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
           ဟိုတစ်မျိုး ဒီတစ်မျိုး
" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲ ၀င်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာ သေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ်
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
                      အထင်နဲ့အမြင်
" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ "

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
                             အထင်နဲ့အမြင်
" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ "

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
               သိချင်လို့
" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ

☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺
                           သူငယ်ချင်းများအားလုံးပဲ  ကျေးဇူးတင်ပါတယ်နော်......ပျော်ရွှင်ရယ်မောနိုင်ကြပါစေနော်.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...