စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နန်းကြီးသုတ်နည်း

အဝေးရောက်ရွှေမြန်မာအတွက်နှင့် မချက်တတ်သေးသောသူများအတွက်သာရည်ရွယ်ပါသည်။။။

နန်းကြီးသုတ်နည်း

ရှေ့ အပတ် တနင်္ဂနွေနေ့ လုပ်စားဖြစ်တဲ့ နန်းကြီးသုတ်ပါ..
လိုအပ်တဲ့ပစ္စည်းတွေက   ကြက်သွန်နီ၊ ဖြူ၊ အရောင်တင်မှုန့် ၊ အချို မှုန့် ၊ကြက်ဥ၊ နံနံပင်
သံပရာသီး၊ ငရုပ်သီးမှုန့် ၊ ရှမ်းချဉ် ၊ပဲမှုန့် ၊ကြက်သား.၊ငံပြာရည်။။။
သုတ်ဖို့ လုပ်ထားတဲ့ပုံပါ :)
 ကြက်သားချက်ထားတဲ့ပုံပါ ချက်နည်းက ကြက်သားဟင်းချက်သလိုလေးကို ဆီပိုထည့်အရောင်တင်
ငရုပ်သီးမှုန့် လေးပိုထည့်ပါ.။။ အသားကိုတော့ပြထားသလောက်ပဲ သေးသေးလှီးချက်ပါ။။။။
 မှုန့် ဖက်ပြုတ်ထားတာပါ။။ ပုံကတော့အောက်မှာကြည့်ပါ.။။ မိနစ် (၂၅) လောက်ပြုတ်ရတယ်.ဟူးးးး
 ရှမ်းချဉ်ဆိုတာဒါကိုပြောတာပါ... လမင်းတော့ကြိုက်ပါဘူး။။။။
 မှုန့် ဖက်အထုပ်ပါ... တရုတ်ဆိုင်မှာဝယ်ရပါတယ်:)
 ငရုပ်သီးမှုန့် အကြတ်မှုန့်ပါ။။
 ပါဝင်တဲ့ပစ္စည်းတွေပါ ငံပြာပြည်နဲ့ ပဲမှုန့် ကျန်ခဲ့ပါတယ်..:P
 သုတ်ပြီပါပြီး စားဖို့ပဲကျန်ပါတော့တယ်... ပိန်အုံးမယ် တနေ့တနေ့ စိတ်ရှိတိုင်ချက်စားနေတာပါ။။။
မေ့နေလို့ ဟင်းချိုကိုတော့ ကြက်သားက ထွက်တဲ့အရိုးနဲ့ ချက်ပါ... ဟင်းချိုထဲ ကြက်သွန်ဖြူ ၊ငရုပ်ကောင်း
ငံပြာရည် ထည့်ပြီ. ကြက်သွန်မြိတ်အုပ်လိုက်ပါ...  အရသာရှိတဲ့နန်းကြီးသုတ်ရပါပြီ။
စားပါတော့မယ်..:)ကုန်ကျငွေမထည့်တော့ဘူးနော်...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...