စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့တန်ဖိုးအကြီးဆုံး လက်ပတ်နာရီမိတ်ဆက်ပြသ


နာရီတစ်ခုလုံးတွင် အရည်အသွေး ကောင်းမွန်သည့်
စိန်ပွင့်ပေါင်း (၁၂၀၀)ဖြင့် စီခြယ် အလှဆင်ထားသည်။
စိန်တစ်လုံးစီသည် အနည်းဆုံး (၃)ကာရက်မျှ အလေးချိန် ရှိကြပြီး
နာရီ၏ အလေးချိန်သည် (၆)စတုံမျှဖြစ်

ဆွစ်ဇာလန်နိုင်ငံမှ နာရီလုပ်ငန်း Hublotသည် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးမားဆုံး လက်ပတ်နာရီကို မိတ်ဆက် ပြသ
လိုက်ကြောင်း သိရှိရသည်။ အဆိုပါ နာရီတစ်လုံး၏ တန်ဖိုးသည် ဒေါ်လာ (၅)သန်းဖြစ်သည်။ နာရီတစ်ခုလုံးတွင်
အရည်အသွေး ကောင်းမွန်သည့် စိန်ပွင့်ပေါင်း (၁၂၀၀)ဖြင့် စီခြယ် အလှဆင်ထားသည်။ စိန်တစ်လုံးစီသည် အနည်း
ဆုံး (၃)ကာရက်မျှ အလေးချိန် ရှိကြပြီး နာရီ၏ အလေးချိန်သည် (၆)စတုံမျှ ဖြစ်လာသည်။ နာရီကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်
သူ ဂျင်းကလော့ဒ် ဘီဗာက ယခုထက် ပိုပြီး တန်ဖိုးကြီးသော လက်ပတ်နာရီမျိုး ဖန်တီးရန်မှာ ခက်ခဲမည်ဖြစ်ပြီး
လက်ပတ်နာရီအတွက် မျက်နှာပြင်အကျယ် နေရာချမှုသည် အကန့်အသတ်ရှိကြောင်း ရှင်းပြခဲ့သည်။


ပြင်သစ် ဇိမ်ခံအသုံးအဆောင် ပစ္စည်းများ ထုတ်လုပ်ရေး လုပ်ငန်းစုကြီး LVMHက ပိုင်ဆိုင်သော အဆိုပါ နာရီ ကုမ္ပဏီ
သည် ယင်းလက်ပတ်နာရီကို ဖန်တီးရန် လူ(၁၇)ဦးကို အသုံးပြုကာ အချိန် (၁၄)လကြာအောင် လုပ်ဆောင်ခဲ့ရသည်။
လက်ပတ်နာရီကို အဖြူရောင် မှုတ်ထားသည့် ရွှေသားဖြင့် သွန်းလုပ် ပုံဖော်ထားသည်။ ဘီဗာက ယင်းနာရီသည်
ကမ္ဘာပေါ်တွင် တန်ဖိုး အကြီးဆုံးဟုလည်း ကြွေးကြော်သည်။ ဘေဆယ်လ်တွင် ပြုလုပ်သည့် တန်ဖိုးကြီး နာရီများ ပြပွဲ
အခမ်းအနားတွင် အဆိုပါ နာရီကို လိုချင်သဖြင့် အသေးစိတ် စုံစမ်းမေးမြန်းသူများ ရှိခဲ့ကြောင်းလည်း ဘီဗာက
ပြောဆိုသွားသည်။


REF :planet.com.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...