စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘဝတစ်လျှောက်လုံး လှောင်အိမ်တွင်း နေထိုင်ခဲ့ရသည့် တရုတ်လူငယ်လေးတစ်ဦး


တရုတ်နိုင်ငံတောင်ပိုင်း၊ ဂန်ဇီးဒေသရှိ
ဂေါင်ချောင်ရွာလေးတွင် နေထိုင်သော ဝေသည်
ယခုအခါ လမ်းပင် မလျှောက်တတ်ဘဲ လေးဘက်သွားနေရ
 
 
 
ဘဝတစ်လျှောက်လုံး လှောင်အိမ်တွင်း နေထိုင်ခဲ့ရသည့် တရုတ်လူငယ်လေးတစ်ဦး


အသက် (၂၃)နှစ် ရှိပြီဖြစ်သည်။ ၎င်း၏ ဘ၀တစ်လျှောက်လုံးကို

သစ်သားလှောင်အိမ် တစ်ခုထဲတွင် ဖြတ်သန်းကုန်လွန်ခဲ့ရပြီး စိတ်ဝေဒနာ

ကိုလည်း ခံစားနေရရှာသည်။ တရုတ်နိုင်ငံမှ ဝေယန်း၏ ဘ၀သည် သနား

စရာကောင်းလှပြီး အလွန်ဇာတ်နာခဲ့ရသည်။ တရုတ်နိုင်ငံတောင်ပိုင်း၊ ဂန်ဇီး

ဒေသရှိ ဂေါင်ချောင်ရွာလေးတွင် နေထိုင်သော ဝေသည် ယခုအခါ လမ်းပင်

မလျှောက်တတ်ဘဲ လေးဘက်သွားနေရသည်။ ၎င်းသည် စကားလည်းမပြော

တတ်ချေ။ မိသားစုက ၎င်းကို စောင့်ရှောက်ရန် မတတ်နိုင်သဖြင့် ယခုလို သစ်သားလှောင်အိမ်ထဲ ထည့်သွင်း

ပိတ်ဆို့ထားခြင်းဖြစ်သည်။ ဝေသည် ငယ်စဉ် ကလေးဘ၀က အိမ်ထဲတွင် လေးဘက်တွား သွားလာခွင့် ရခဲ့

သော်လည်း အသက်အရွယ်ရလာချိန်တွင် လှောင်အိမ်ထဲမှ လုံးဝ ထွက်ခွင့် မရတော့ပေ။


အသက်(၂)နှစ် အရွယ်တွင် ၎င်းသည် ရေနွေးအိုး တစ်လုံးကို တိုက်မိသဖြင့် သေလုမြောပါး ဖြစ်ခဲ့ရပြီးနောက်

မိသားစုက ၎င်းကို လှောင်အိမ်ထဲမှ ပေးမထွက်တော့ရန် ဆုံးဖြတ်လိုက်သည်။ ဝေအတွက် လုံခြုံစေရန်ဟုဆို

ကာ မိဘနှစ်ပါးက သစ်သားလှောင်အိမ်ထဲတွင် သော့ခတ်ခဲ့သည်။ ဝေ၏ ဖခင်သည် တစ်နယ်တစ်ကျေးတွင်

အလုပ်လုပ်နေသူဖြစ်ပြီး အိမ်သို့ အလွန်ပြန်လာခဲသည်။ မိထွေးဖြစ်သူ နွန်ကလည်း တစ်နေကုန် ပြင်ပတွင်

အလုပ်ထွက်လုပ်လျှက်ရှိရာ ဝေကို တစ်နေကုန် တိရစ္ဆာန် တစ်ကောင်နှယ် လှောင်အိမ်ထဲ

သော့ခတ်ထားခဲ့ခြင်းဖြစ်သည်။




အိမ်နီးချင်း တစ်ဦးက “နွန်အတွက် ခက်ခဲတဲ့ ရွေးချယ်မှုပဲ။ သူက ဝေကိုပဲ ထိန်းကျောင်းနေရမလား၊ ဒါမှ

မဟုတ် လယ်ထဲဆင်းပြီး အလုပ်လုပ်မလား ဆိုတာကို ဆုံးဖြတ်ခဲ့ရတယ်။ မိသားစုကို ထောက်ပံ့ဖို့ဆိုတာ

အလုပ်လုပ်ဖို့ လိုတယ်လေ”ဟု ဆိုသည်။ တရုတ်နိုင်ငံတွင် စိတ်ဝေဒနာရှင် အမြောက်အမြားသည် ပိတ်ဆို့ချုပ်

နှောင်မှုကို ခံနေရကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အထူးသဖြင့် ယင်းဖြစ်ရပ်မျိုးသည် အစွန်အဖျားကျ

၍ ခေါင်သီသော နေရာများတွင် ပိုမို ဖြစ်ပွားလေ့ရှိသည်။ တရုတ်နိုင်ငံ တောင်ပိုင်း ချုံကင်းတွင် အသက်(၇၆)

နှစ်အရွယ် မိခင်ဖြစ်သူက တင်းကုပ်ပျက် တစ်ခုတွင် ထားရှိသဖြင့် အသက်(၄၀)အရွယ် တန်ဇူဟွာဆိုသူသည်

(၂၃)နှစ်လုံးလုံး ၎င်း၏ဘ၀ကို လူမသိ သူမသိ ဖြတ်သန်းခဲ့ရဖူးကြောင်း သိရှိရသည်။

Creadit to Planet

REF:planet.com.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...