စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗောဓိတတောင် ဘုရားအတွင်း ငရဲခန်းပန်းချီကားများ


ဟိုင်း ..သူငယ်ချင်းတို့ရေ...
ဗောဓိတတောင်ဘုရား တည်ဆောက်ပြီးသွားပါပြီးဗျ.. ဒါပင်မဲ့.. ဘုရားအတွင်းမှာ.
ငရဲပြည်ကနေ နတ်ပြည် ၃၁ဘုံ ထိ တတ်ရောက် ကြည့်ရှု့နိုင်ပါတယ်.. ။
အတွင်းမှာတော့ ပန်းချီကားတွေ နဲ့ ချိတ်ဆွဲထားပါတယ်.. ။
လောလောဆဲတော့ ၁၇ ထပ်အထိဘဲ ပန်းချီကားတွေ အပြည့်ချိတ်ထားတယ်ဗျ..
ကျွန်တော်တို့လည်း ၁၇ ထပ်ထိဘဲတတ်ခဲ့တယ် ကျန်တဲ့အထပ်တွေမှာတော့ ပန်းချီကားတွေ မချိတ်ဆွဲ
ရသေးဘူးဗျ....

သူငယ်ချင်းတို့ကို ပြခြင်လို့ အတွင်းပန်းချီကားတွေကို အချိန်ရသလောက် နည်းနည်း ရိုက်လာတယ်ဗျ...

ဘုရားအတွင်း စစ၀င်ရင် ငရဲပြည်က ငရဲခံနေရတဲ့ ဓာတ်ပုံအချို့လေးတွေ့ပါ..


*****************************************

*****************************************

***************************************
သိပ်ကိုကြောက်စရာကောင်းပါတယ်.. မိဘကို ရိုက်နှပ်ပြီးတော့ ၀ဋ်ပြန်ခံနေရပုံလေး..

*****************************************
ကြည့်ပါအုန်းဗျာ.. လူတွေကို ဒုတ်ထိုးပြန်လုပ်နေတာလေ ပြန်လည် ၀ဋ်ခံနေရတဲ့ပုံ

*****************************************
ကဲ သူငယ်ချင်းတို့ ဘယ်လောက်ကြောက်စရာကောင်းသလဲ.. ၀ဋ်ဆိုတာ တကယ်လည်တယ်နော်..
မမြင်ရတော့ ပေါ့တန်တန်ထားကြတာပေါ့.. တကယ်အမှန်တကယ်တွေပါဘဲ ငရဲခန်းက ပုံအချို့ကို
ကြည့်ပြီးတော့ ၀ဋ်တွေပြန်ခံရမှာကိုတောင် ကြောက်မိတယ်။ ရှိခဲ့ရင်ပေါ့... ဟီးး..
သူငယ်ချင်းတို့လည်း ဓာတ်ပုံလေးတွေကြည့်ရင် ရင်ထဲ တစ်မျိုးစဉ်းစားကြည့်ပေါ့..
နောက်ထပ် ငရဲခန်းက ဓာတ်ပုံတွေကျန်သေးတယ် ဒီထက်လည်း ကြောက်စရာကောင်းတယ်.. ၀ဋ်ခံနေရ
တဲ့ပုံတွေ.. နောက်ဆက်တင်ပါမယ်ခင်ဗျာ..

လေးစားလျက်(လမင်း)

သူငယ်ချင်းတို့ေ၇..
ငရဲထပ်က ပန်းချီကားတွေ ဆက်လက်တင်ပြလိုက်ပါတယ်.. ကြည့်ရှု့ကြပါအုန်း...
ငရဲက တိရစ္ဆာန်တွေ လူတွေကို စားနေကြတာလေ..

***********************************
ငါးမျှားတဲ့သူတွေ သတိထားပါ.. ပြန်ဝဋ်ခံရမယ်နော်.. ဟီးဟီးး

*************************************
ကြည့်ပါအုန်းဗျာ.. ငရဲတွေက လူတွေကို ဓားတွေ တင်းဘုတ်တွေနဲ့ထုနေတာ..

*************************************
လူခေါင်းတွေကို ဖြတ်ပီးတော့ ဈေးကွက်တင်မလို့ ကြံနေသလား .. ဟီးးဟီးး

*************************************
လူတွေကို အိုးထဲထည့် ဆီနဲ့ ကြော်နေကြတာ .. ညစာ အတွက်တဲ့..

*************************************
ငရဲခန်း ဓာတ်ပုံတွေကြည့်ပီး အိမ်မက်တွေလည်း မက်နေအုန်းမယ်..
တစ်ထောင့်တစ်နေရာဖြစ် ပြသလိုက်ပါတယ်..
ပျော်ရွှင်ပါစေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...