စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိန္ဒိယနိုင်ငံမှ ကမ္ဘာ့အိုင်ကျူအမြင့်ဆုံး ၁၁ နှစ်အရွယ် မိန်းကလေး


alt
အသက် ၁၁ နှစ်အရွယ်သာ ရှိသေးတဲ့ အိန္ဒိယနိုင်ငံသူ Vishalini ဟာ ကမ္ဘာ့ပေါ်မှာ အိုင်ကျူအမြင့်ဆုံး လူသားအဖြစ် အသတ်မှတ်ခံခဲ့ရပါတယ်။
သူမရဲ့ အိုင်ကျူရမှတ်ဟာ အံ့မခန်းပါပဲ ၂၂၅ မှတ်အထိရရှိခဲ့ပါတယ်။ ယခင် ဂင်းနစ်စံချိန်တင်ထားတဲ့ Kim Ung Youg တောင် ၂၁၀ မှတ်ပဲရရှိရာ ကမ္ဘာတစ်ဝန်းမှ အံ့သြ ခဲ့ရပါတယ်။ သူမဟာ အိန္ဒိယနိုင်ငံ ATamil Nadu ပြည်နယ်မှ မြို့ငယ် Thirunelveli ရှိ သာမန်မိဘနှစ်ပါးမှ မွေးဖွားလာခြင်းဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ လျှပ်စစ်အင်ဂျင်နေယာတစ်ဦးဖြစ်ပြီး အိန္ဒိယနိုင်ငံနဲ့ နှိုင်းစာလျှင် သာမန်လူတန်းစားများသာ ဖြစ်ပါတယ်။
အမျိုးသမီးငယ်ဟာ အသက် ၁၁ နှစ်သာရှိပေမဲ့ ရထားတဲ့ ပညာရေး အသိအမှတ်ပြုလက်မှတ်က မနည်းပါဘူး။ သူမဟာ အသက်အရွယ်နဲ့ မလိုက်အောင် သင်ယူတတ်မြောက်ရရှိထားတဲ့ ပညာ အသိအမှတ်ပြုလက်မှတ် များကတော့-
MCP (Microsoft Certified Professional)
CCNA (Cisco Certified Network Associate)
CCNA Security (Cisco Certified Network Associate Security)
OCJP (Oracle Certified Java Professional) စတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲနည်းပညာဆိုင်ရာ ပညာရပ်များ ဖြစ်ပြီး အရွယ်နဲ့ မလိုက်အောင် ထူးချွန်ထက်မြက်လှပါတယ်။ သူမဟာ ကမ္ဘာလုံးဆိုင်ရာ ပညာသင်ထောက်ပံ့မှု နဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာ ဆွေးနွေးပွဲတစ်ခုမှာ မိန့်ခွန်းပြောကြားဖို့ အဖိတ်ကြားခံခဲ့ရပြီး တက်ရောက် ဟောပြောနိုင်ခဲ့ပါတယ်။
---------------
Ref:Worldweirdo
Photo courtesy of Worldweirdo. All rights reserved.
(စာရေးသူဆန္ဒ : ကျွန်တော်တို့မြန်မာပြည်မှာ ကျောင်းသားလူငယ်အများစုဟာ ကမ္ဘာ့နိုင်ငံကြီးများနဲ့ နှိုင်းစာလျှင် ပညာရေးအဆင့်သတ်မှတ်ချက် ကျဆင်းနေပေမဲ့ အမှန်တကယ် ထူးချွန်သူများ ရှိနေပါတယ်။ အမှန်တကယ်ပဲ ထူးချွန်ထက်မြက်ပေသော်ငြားလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့် အခြား အခြင်းအရာများ ကြောင့် မီးခဲပြာဖုံး ပမာ ပျောက် ကွယ်လို့နေပါ တယ်။ စာဖတ်သူတို့ ပတ်ဝန်းကျင်မှာ အထက်ပါ မိန်းကလေးလိုပဲ ထူးချွန်ထက်မြတ်တဲ့ အရိပ်အယောင်လေးပါရှိတဲ့ ကလေး၊လူငယ် များ တွေ့ လျှင် ပြုစုပျိုးထောင် အားပေးတိုက်တွန်းမှုများ ပြုလုပ်စေလိုပါတယ်။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...