စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗြိတိန်စူပါမားကတ်မှ Valentine လက်ဆောင် သခွားသီးလေးများ

ဗြိတိန်စူပါမားကတ်မှ Valentine လက်ဆောင် သခွားသီးလေးများ
စတော်ဘယ်ရီသီးလေးများ၊ ချော့ကလက်များကိုသာ Valentine’s Day၏ အထိမ်းအမှတ်အဖြစ် သတ်မှတ်လေ့ ရှိသော်လည်း ယခုသခွားသီးကမူ ထိုနေ့တွင် မိမိချစ်ခင်မြတ်နိုးသူအတွက် အထူးစီမံ ချက်ပြုတ်ထားသည့် ဟင်းလျာဖြင့် ဧည့်ခံလိုလျင် ယခုသခွားသီးလေးများသည် အလွန်သင့်တော်သည့် ဖြည့်စွက်ပစ္စည်း ဖြစ်လာပေမည်။

Valentine’s Day အမှတ်တရ ချစ်သူများအတွက် ကြည်နူးနှစ်သက်ဖွယ်ရာ လက်ဆောင်ပစ္စည်းလေးများကို ကမ္ဘာအ၀ှမ်းတွင် ထုတ်လုပ်ရောင်းချလာခဲ့ရာ ဗြိတိန်နိုင်ငံ၊ Sainsbury စူပါမားကက်မှ သခွားသီးလေးများမှာလည်း လူပြောသူပြောများလောက်အောင် ထူးခြားဆန်းပြားလျက်ရှိသည်။ စတော်ဘယ်ရီသီးလေးများ၊ ချော့ကလက်များကိုသာ Valentine’s Day၏ အထိမ်းအမှတ်အဖြစ် သတ်မှတ်လေ့ ရှိသော်လည်း ယခုသခွားသီးကမူ ထိုနေ့တွင် မိမိချစ်ခင်မြတ်နိုးသူအတွက် အထူးစီမံ ချက်ပြုတ်ထားသည့် ဟင်းလျာဖြင့် ဧည့်ခံလိုလျင် ယခုသခွားသီးလေးများသည် အလွန်သင့်တော်သည့် ဖြည့်စွက်ပစ္စည်း ဖြစ်လာပေမည်။ သခွားသီးလေးများသည်
အသည်းပုံဖြစ်ပြီး အချပ်လိုက် လှီးထားပါက အသည်းပုံလေးများအဖြစ် တွေ့မြင်နိုင်မည်ဖြစ်သည်။
Sainsburyမှ တာဝန်ခံ အီလိုင်ယန်းက “Valentine’s Day အထိမ်းအမှတ် ပစ္စည်းတိုင်းလိုလိုမှာ အသည်းပုံဟာ မပါမဖြစ် အထိမ်းအမှတ်လို ဖြစ်နေပါတယ်။ ဒီတော့ ဟင်းတွေမှာ ထည့်ချက်တဲ့ အသီးအနှံ တစ်ခုခုကိုလည်း အသည်းပုံလေး ဖန်တီးကြည့်ဖို့ ကျွန်မတို့ စီစဉ်ခဲ့ပြီး ခုသခွားသီးလေးတွေကို ပြီးခဲ့တဲ့နှစ်ကတည်းက ပုံစံထုတ် စိုက်ပျိုးခဲ့တာပါ”ဟု ပြောကြားသွားသည်။ သာမန်အားဖြင့် သခွားသီး တစ်လုံးသည် ပဲနိ(၄၀)မျှသာ တန်ဖိုးကျသင့်သော်လည်း အသည်းပုံ သခွားသီးများမှ (၁)ပေါင်မျှ ပေးရသောကြောင့် ဈေးနှုန်းအားဖြင့် နှစ်ဆကျော် ကြီးမြင့်လျက်ရှိသည်။ ယင်းသို့ဖြစ်ရသည်မှာ သခွားသီးများကို အသည်းပုံဖြစ်အောင် ပုံစံတကျ ပြုစုပျိုးထောင်ရန် အချိန်နှင့် ကုန်ကျစရိတ် များပြားသောကြောင့်ဟု Sainsburyမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့သည်။ အသည်းပုံ သခွားသီးများကို ပုံစံထုတ် ရောင်းချမှုသည် ဗြိတိန်တွင် ပထမဆုံး မဟုတ်ချေ။ လွန်ခဲ့သည့် (၄)နှစ်ကတည်းက ဂျပန်တွင် အသည်းပုံနှင့် ကြယ်ပုံ သခွားသီးများကို ရောင်းချခဲ့ဖူးသည်။ (၂၀၀၁)ခုနှစ်ကလည်း ဂျပန်နိုင်ငံမှ လယ်သမား တစ်ဦးသည် နိုင်ငံခြားသို့ တင်ပို့သည့်အခါ ပိုမိုလွယ်ကူစေရန်နှင့် ရေခဲသေတ္တာထဲ ထည့်ထားချိန်တွင် လိမ့်မနေစေရန်အတွက် ဖရဲသီးများကို လေးထောင်ပုံဖြင့် ထုတ်လုပ်ရောင်းချခဲ့ဖူးကြောင်း သိရသည်။


http://www.planet.com.mm/news/read.cfm/id/16748 မှကူးယူဖော်ပြပါသည်...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...