စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၂ဝ၁ဝခုနှစ် အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်သည့် အခမ်းအနားကို Digital Mapping စနစ်ဖြင့် ဆောင်ရွက်မည်


Popular News —၂ဝ၁ဝခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုချီး မြှင့်ပွဲတွင် သတင်း မီဒီယာများ သတင်းဓာတ်ပုံ

လွယ်ကူ ချောမွေ့စွာ ရယူနိုင်ရေး ညှိနှိုင်းဆွေး နွေးပွဲကို ဇန်နဝါရီ ၂၈ရက်၊နံနက် ၁ဝ နာရီက ဝင်္ကဘာလမ်းရှိ စာပေ
စိစစ်နှင့် မှတ်ပုံတင်ဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခ့သဲ ည်။ အခမ်းအနားတွင် စာပေ စိစစ်နှင့် မှတ်ပုံတင် ဌာန
ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ၂ဝဝ၉ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ ကျင်းပစဉ်က
သတင်းမီဒီယာများ သတင်း ဓာတ်ပုံ ရယူရာတွင် အဆင်မပြေမှု များရှိခြဲ့ပီး၊ CPC အဖွဲ့က စီစဉ် ဆောင်ရွက်ပေးသော်လည်း ပွဲကြည့် ပရိသတ် များများပြားကာ ကင်မရာ အသေးများ ယူဆောင် ရိုက်ကူးခြင်းတို့ကြောင့် ယခုနှစ်တွင် ထိုကဲ့သို့ မဖြစ်ရန် မြန်မာ့ ရုပ်ရှင် လုပ်ငန်းနှင့် ပူးပေါင်း စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယနေ့ ညှိနှိုင်း ဆွေးနွေးပွဲတွင် ရင်းနှီး ပွင့်လင်း စွာ ဆွေးနွေးနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေး ဝန်ကြီး ဌာန၊ မြန်မာ့ ရုပ်ရှင် လုပ်ငန်း ညွှန်ကြားရေးမှူး – ထုတ်လုပ်၊ ရုပ်ရှင် ဆင်ဆာ
အတွင်းရေးမှူး ၊ ဗီဒီယို ဆင်ဆာ အဖွဲ့ဝင် ဦးသိန်းထွန်းအောင်က ”၂ဝ၁ဝခုနှစ် အတွက် ကျင်းပမယ့် မြန်မာ့ ရုပ်ရှင်
ထူးချွန်ဆု ချီးမြှင့်တဲ့ အခမ်းအနားမှာ စာနယ်ဇင်း တွေ အဆင်ပြေစွာ သတင်း ရယူနိုင်ဖို့ ဖြစ်ပါတယ်။ ၂ဝဝ၅ ခုနှစ်
ကစပြီး နေပြည်တော်မှာ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ကွင်းရဲ့
တည်ဆောက်ထားပုံ အနေအထား၊ တက်ရောက်ရတဲ့ လူတွေရဲ့ လာရောက်ရတဲ့အခြေအနေ၊ အဲဒါတွေကြောင့်
လုံခြုံရေးတွေကို အများကြီး လျှော့ပေါ့ စဉ်းစား ဆောင် ရွက်ခဲ့ ပါတယ်၊၊ ဆောင်ရွက်ခဲ့တဲ့ အနေအထား အပေါ်
မှာလည်း ချို့ယွင်း အားနည်းချက်တွေ အများကြီး တွေ့ရပါတယ်။ အရင်ရန်ကုန်မှာ ကျင်းပစဉ်က လက်
မှတ်တွေ ရောင်းခဲ့ပါတယ်။ လက်မှတ်တွေ ရောင်းခဲ့ပေမယ့်လည်း အမျိုးသား အားကစား ပြပွဲရုံ
အမှတ်(၁)ရဲ့အခင်းအကျင်း အရ သူ့ဘာသာ အကန့်အသတ်နဲ့ ရှိနေတဲ့ အတွက် ကြည့်ရှုသူ ပရိသတ်တွေ အနေနဲ့ သူ့ အပိုင်းလိုက် အပိုင်းလိုက်နဲ့ အဆင်ပြေခဲ့ပါတယ်။
ဒါပေမဲ့ နေပြည်တော် မှာကျတော့ လက်မှတ်တွေ မရောင်းပါဘူး။ မရောင်းဘဲနဲ့ နေပြည်တော် ရောက်ရှိနေတဲ့ ဝန်ကြီးဌာန အသီးသီးက ဝန်ထမ်းတွေ ကြည့်ရှုနိုင်ဖို့ အတွက်ကို ဆောင်ရွက်ပေးရပါတယ်။ ဆောင်ရွက်ပေးတဲ့ အခါမှာ ဝန်ကြီးဌာန ၊ဝန်ထမ်းတွေ အနေနဲ့ ဌာနအလိုက် ကြီးကြပ်မှု အနေအထား၊ ကျွန်တော် တို့ဘက်က လုံခြုံရေး အနေအထား ဒါတွေအရ ကျွန်တော်တို့က အားနည်း
ချက်တွေ ရှိခ့ပဲါတယ်။ သူ့အပိုင်းလိုက် မရှိဘဲနဲ့ ဟိုဘက်က လူက ဒီဘက်ကိုရောက်၊ ဒီဘက် ကလူက
ဟိုဘက်ကိုရောက် ၊ရောက်တ့လဲူတိုင်း ကလည်း ကွင်းထဲမှာဝင် ဓာတ်ပုံတွေ ရိုက်ကြ၊ အဆိုးဆုံးကတော့ ကင်မရာ
အသေးတွေ၊ ဖုန်းတွေနဲ့ ရိုက်ကြ ဆိုတော့ စာနယ်ဇင်း တောင်မှ အနှောင့်အယှက်တွေ ဖြစ်ရတဲ့အထိပါပဲ။

ဒီနှစ်မှာ ဆောင်ရွက်မှာကတော့ ယခင်နှစ် အနေအထားနဲ့ မတူဘဲ ပြောင်းလဲမှာပါ။ အဲဒါက လက်ရှိ နိုင်ငံတော်
အနေနဲ့ အစိုးရ အသစ်၊ ဖွဲ့စည်းပုံ အသစ် နဲ့ ဆောင်ရွက်နေတဲ့ အချိန်မှာ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်တဲ့
အပိုင်းမှာလည်း နိုင်ငံတကာ ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အနေအထားအတိုင်း ခမ်းနားစွာ ဆောင်ရွက် လိုတဲ့
သဘောပါ။ ကျွန်တော်တို့ လုပ်ထားတာက တက်ရောက်လာတဲ့ ပရိသတ်တွေရော၊ သတင်းရ ယူသူတွေရော
စည်းကမ်းတကျနဲ့ လုပ်နိုင်မှ ရုပ်လုံးပေါ်မှာ ဖြစ်ပါတယ်၊၊ အဲဒီအတွက် သတင်း ရယူမှု အပိုင်းမှာလည်း
ဘယ်လိုလုပ်မလဲ ဆိုတာ ပေါင်းစပ် ဆောင်ရွက်ချင်ပါတယ်” ဟု ရှင်းလင်း ပြောပြခဲ့ကာ တက်ရောက်လာသည့်
သတင်း မီဒီယာ များမှ တာဝန်ရှိ သူများက သိရှိလိုသည်များ မေးမြန်း၍ ညှိနှိုင်း ဆွေးနွေးခြဲ့ကသည်။

၂ဝ၁ဝခုနှစ် အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်သည့် အခမ်းအနားကို Forever Blossom Co,Ltd နှင့်
ထိုင်းနိုင်ငံမှ Index Creative Village တို့ ပေါင်းစပ်၍ Digital Mapping စနစ်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယခင်
တင်ဆက်ခ့သဲ ည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်သည့် အခမ်းအနား များနှင့် ပုံစံ ကွဲပြားခြားနားမှု ရှိသဖြင့်
ပရိသတ်များ စည်းကမ်းတကျ ရှိရေး၊ မီဒီယာများ စည်းကမ်းတကျ ရှိရေးလည်း အဓိက အချက် ဖြစ်ပြီး မြန်မာ့ရုပ်ရှင်
လုပ်ငန်းတွင် လုံခြုံရေး ဆိုင်ရာ ပေါင်း စပ်ဆောင်ရွက် နိုင်ရန်အတွက် Eagle Security Group မှ အင်အားများကို
ထပ်မံ အင်အားဖြည့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...