စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ်ဖိစီးမှု( mental stress) သည် နှလုံးရောဂါအမျိုးမျိုး ဖြစ်ပွားစေရန် လှုံ့ဆော်ပေးသော အချက်ဖြစ်ပါတယ်။

Print Friendly and PDF

စိတ်ဖိစီးမှု အကြောင်းတစ်ခုခု ဖြစ်ပွားပါကနှလုံးအလုပ်
မလုပ်နိုင်တော့သည့် နှလုံးအားနည်းရောဂါနှင့်နှလုံးတစ်ဝိုက်မှ သွေးကြေားများ ကျဉ်းမြောင်းသွား
သည့် ရောဂါများဖြစ်ပေါ်စေတတ်ပါတယ်။
နှလုံးသွေးကြေားနှင့်ဆိုင်သောခွဲစိတ်ကုသမှုများဖြစ်သည့်နှလုံးသွေးကြောအစားထိုးခြင်း၊(CABG)
( Coronary artery bypass graft surgery နှင့် နှလုံးအစားထိုးခြင်း၊
နှလုံးသွေးကြောချဲ့ခြင်း၊နှလုံးစက်တပ်ဆင်ခြင်းစသောနှလုံးနှင့်ဆိုင်သည့် ခွဲစိတ်ကုသမှုပြုလုပ်ခြင်းများမှာ
လည်း နှလုံးရောဂါထပ်မံဖြစ်ပွားစေသည့်နှလုံးရောဂါနှင့် စိတ်ဖိစီးမှုများ (Heart Disease and
mental Stress) စိတ်ဖိစီးမှုများတွင် ပါဝင်ပါတယ်။
ရောဂါလက္ခဏာများ(Signs and Symtoms )
(၁) ရင်ဘတ်အောင့်ခြင်း၊နာခြင်း၊ ရင်ညွှန့်နှင့် ရင်ခေါင်းအလယ်မှ နာကျင်ခြင်း၊ ရုတ်တရက်သွေးကြောပိတ်ရောဂါ (Myocardical Infarction)
ကဲ့သို့ နှလုံးတုန်ရင်အောင့် အသက်ရှူမ၀ခြင်း ဖြစ်တပ်ပါတယ်။
(၂) အသက်ရှူမ၀ခြင်း၊ရင်ကျပ်သကဲ့သို့အသက်ရှူ၍မရခြင်း။
(၃)မောပန်းခြင်း၊ ထထိုင်၍မရနိုင် မောဟိုက်ခြင်း။
(၄)သွေးပေါင်ကျ၍ ချွှေးစေးပြန်ခြင်း။
(၅)ရုတ်တရက် မူးမိုက်၍ သတိလစ်ခြင်းများဖြစ်ပွားတတ်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ( Complications )
နှလုံးခုန်မြန်ရောဂါ (Tachycardia)၊ နှလုံးခုန်မှု မမှန်ဘဲနှလုံးခုန်မှားခြင်း (Irregular heart beat) ၊နှလုံးခုန်နှေး၍အသက်ရှူမ၀ခြင်း၊ အဆုတ်တွင်းရေ၀င်ခြင်း( Pleural Effusion)
ကြောင့် မောခြင်း၊ ချောင်းဆိုးခြင်း၊သီးခြင်း၊ နှလုံးထွက်ပေါက်ပိတ်ဆို့ခြင်း၊ သွေးပေါင်ကျခြင်း၊
နှလုံးအ၀င် အထွက်ပေါက်အလုပ်မလုပ်ခြင်း၊ လေဖြတ်ခြင်း(Stroke) နှင့် ရုတ်တရက်သေဆုံးခြင်းတို့
ဖြစ်တတ်ပါတယ်။
>ရောဂါရှာဖွေခြင်း(Diagnosis)
(၁)အဆုတ်(ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း) Chest X ray
(၂)နှလုံးတယ်လီဗီးရှင်း(ECHO)ရိုက်ခြင်း
(၃)ဓာတ်မှန် (Ventriculography)ရိုက်ခြင်း
(၄)နှလုံးသွေးကြေားဆေးသွင်းဓာတ်မှန်(Cardaic Catheter)ပြုလုပ်ခြင်း စသည်တို့ဖြင့်ရောဂါ ရှာဖွေကြည့်ပါ။
(၅) ECG ဆွဲခြင်းမှာ အလွယ်ကူဆုံးဖြစ်ပြီး၊ ST wave မြင့်တက်နေခြင်း၊ V1 to V6. ST elevation တွေ့နိုင်ပြီးပုံမှန်မဟုတ်သည့် Q wave များ ST deperession နှင့်
T wave inversion များ၊ QTရှည်နေခြင်းစသော အချက်များတွေ့ရှိရပါတယ်။
စိတ်ဖိစီးမှု ဖြစ်စေသည့် အကြောင်းများ( Cause of metal stress )
(၁) စိုးရိမ်ထိတ်လန့်ခြင်း( Panic Disorder)
ရုတ်တရက်ဖြစ်သော သဘာဝအန္တရာယ်များ
မတော်တဆမှုများ၊
မီးလန့်ခြင်း၊
မီးလောင်ခြင်း၊
ကားမှောက်ခြင်း၊
ကားတိုက်ခြင်း၊
ထိပ်လန့် စရာမြင်တွေ့ရခြင်း၊
ငလျင်လှုပ်ခြင်း
ရေကြီးခြင်း
စသည့်ရုတ်တရက်စိုးရိမ်ပူပန်မှု၊ ပြင်းထန်စွာခံစားရပါက နှလုံးအားနည်းသူများတွင်
ရင်ဘတ်အောင့်ခြင်းဝေဒနာပြင်းထန်စွာဖြစ်တတ်ပါတယ်။
ရင်တုန်ပန်းတုန်ဖြစ်ခြင်း၊ထိပ်လန့်ကြောက်ရံြွ့ခင်း၊ချွှေးစေးပြန်ခြင်း၊
ပျို့အန်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ စသည်တို့ဖြစ်ပွားပြီး နှလုံးရောဂါဖြစ်လာတတ်ပါတယ်။
(၂)စိတ်သောကဖြစ်ခြင်း(Anxiety)
စိတ်သောကရောက်စေသောအကြောင်းများရှိနေသည့် လူနာများတွင် မကြာခဏနှလုံးခုန်နှုန်းပုံမှန်မဟုတ်သြ
ဖင့်၊ မောခြင်း၊ မူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူမ၀ခြင်း၊ ခြေလက်မသယ်ချင်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊
မစားမသောက်ချင်ခြင်း၊စသည်တို့တေ့ရွှိရပါတယ်။ တစ်စုံတစ်ခုအားပူပန်နေခြင်း၊ စားဝတ်နေရေးပူပန်ရခြင်း၊
နှလုံးရောဂါနှင့် စိတ်ဖိစီးမှုများ (Heart Disease and mental Stress)
အလုပ်လုပ်ရာတွင် ပင်ပန်းဆင်းရဲခြင်း၊ စိတ်မချမ်းမြှေ့ခြင်းတို့ကြောင့် နှလုံးရောဂါဖြစ်တတ်ပါတယ်။
(၃)စိတ်ဓာတ်ကျရောဂါ( Depression )
စိတ်ကျရောဂါမှာ အပြင်ဘန်းမမြင်နိုင်သော မိမိကိုယ်တိုင်ဝန်မခံသော စိတ်အခြေအနေတစ်ရပ်ဖြစ်ပါတယ်။
စိတ်ကျရောဂါခံစားရပါက နေ့စဉ် လုပ်ငန်းဆောင်တာများအပေါ်
အာရုံစူးစိုက်မှုနည်းလာခြင်း၊ နှုံးခြင်း၊ မျှော်လင့်ချက်မရှိဖြစ်ခြင်း၊ မစားချင်မသောက်ချင်ခြင်း၊ သို့မဟုတ်
အလွန်အမင်းစားခြင်း ၊ အိပ်မပျော်ခြင်း စသည်တို့မှတစ်ဆင့် နှလုံးသွေးကြောကျဉ်းရောဂါနှင့်
နာတာရှည်နှလုံးစွမ်းဆောင်ရည် ကျဆင်းရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါများဖြစ်လာနိုင်ပါတယ်။
(၄) လူအများနှင့်ကင်းကွာမှုကြောင့်ဖြစ်ခြင်း( Social Outcast)
လူအများနှင့်နေ့စဉ်နေထိုင်မှုနည်းပါးပြီး တစ်ဦးတစ်ယောက်တည်းနေထိုင်ခြင်း၊ အထီးကျန်ဆန်ခြင်း၊
ရဟန်းဝတ်ခြင်း၊ တောထွက်ခြင်း၊ အပျိုကြီး လူပျိုကြီးဖြစ်နေခြင်း စသော( Social
isolation)ဖြစ်နေသူများတွင် နှလံုးသွေးကြောပိတ်နိုင်သော အလားအလာရှိပါတယ်။
(၅) ပြင်းထန်သော ဒဏ်ရာအနာတရ သို့မဟုတ် ရောဂါ၏နောက်ဆက်တွဲများ( PostTraumatic Stress)
ပြင်းထန်သော သဘာဝဘေးအန္တရယ်များ၊ လူမှုရေးကိစ္စရပ်များ၊ ရောဂါကြီးများ၊ခွဲစိတ်ကုသမှုကြီ
များခံယူခြင်း၊ ရောဂါကြီးကြီးမားမားအားကုသခြင်း စသည်တို့ပြုလုပ်ခြင်း၊နှလုံးခွဲစိတ်ကုသထားခြင်း
စသည့်သူများမှာနှလုံးရောဂါထပ်မံဖြစ်ပွားတာတွေ့ရတတ်ပါတယ်။
(၆) လူနေမှုပုံစံ( Life Style)
လူတို့၏စိတ်နေ စိတ်ထားနှင့် နေထိုင်မှုပုံစံများကြောင့်နှလုံးရောဂါဖြစ်ပွားတတ်ပါတယ်။ အလုပ်ခွင်အတွင်းပြိုင်ဆိုင်ခြင်း၊ အလုပ်များခြင်း၊ စိတ်တိုခြင်း ၊ဒေါသထွက်ခြင်း၊ ဆူပူကြိမ်းမောင်းခြင်း၊ အချိန်မမှန်ခြင်း၊အလုပ်ခွင်အတွင်းပြိုင်မှုများ၊ ပတ်ဝန်းကျင်ပြိုင်မှုများနှင့် နေထိုင်စားသောက်မှုပုံစံများကြောင့်
လည်းနှလုံးရောဂါဖြစ်ပွားနိုင်ပါတယ်။
(၇) မျိုးရိုးလိုက်သောနှလုံးရောဂါ( Genetic Factor )
မျိုးရိုးဗီဇ ရှိသူများ အမေ၊အဖေ၊ အစ်ကို၊ အစ်မ၊စသည်တို့မှာနှလုံးရောဂါဖြစ်ပွားခြင်း၊ ဖြစ်နေခြင်း၊ ဖြစ်ဖူးခြင်း
တို့ကြောင့် နောင်သားစဉ်မြေးဆက်မှာ လည်း နှလုံးရောဂါနှင့်ဆက်စပ်မှုရှိနိုင်ပါသည်။ မျိုးဗီဇနှင့် မိမိနေ့စဉ် မြင်တွေ့ကြားသိနေရသော မိဘမျိုးရိုး ၏ ဖြစ်ရပ် များကြောင့် နှလုံးရောဂါဖြစ်လာ နိုင်ပါတယ်။
နှလံုးရောဂါများမှလည်း နေထိုင်မှုပုံစံ၊ စိတ်ဓာတ်ခွန်အား၊ ကျန်းမာရေးလိုက်စားခြင်း၊
ပတ်ဝန်းကျင်နှင့်သင့်မြတ်အောင်နေထိုင်ခြင်း၊ စိတ်အေးချမ်းခြင်း၊ စသည်တို့နှင့် ဆက်နွယ်နေသောကြောင့်
အဘက်ဘက်မှ သမမျှတပါက နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးကြောင်း တင်ပြလိုက်ပါတယ်။
ဒေါက်တာ သစ္စာခင်( true news journal)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...