စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လမ်းသွားရင်း ရုတ်တရက်မမြင်အာရုံေ၀၀ါးပြီး အမှောင်ဖုံးသွားသလိုဖြစ်ရင်


လမ်းသွားရင်း ရုတ်တရက်မမြင်အာရုံေ၀၀ါးပြီး အမှောင်ဖုံးသွားသလိုဖြစ်ရင်:...
အသက် ၂၉နှစ်အရွယ်ရှိ မမြင့်မွန်က ပြောပါတယ်။
အခုလိုအမြင်အာရုံေ၀၀ါးတာ၊ ရုတ်တရက်ကြည့်နေရင်းမှ အမှောင်ကျသွားသလိုမျိုး ဖြစ်တာတွေဟာ
မျက်လုံးကိုအားစိုက် အသုံးပြုမှုများတ့သဲူတွေမှာအများဆုံးဖြစ်တတ်ကြပါတယ်။
´´လမ်းသွားရင်း ရုတ်တရက်အမြင်ေ၀၀ါးတွေက လူလတ်ပိုင်းတွေမှာပိုဖြစ်ကြတယ်၊ လူကြီးပိုင်းတွေကတော့
ရုတ်တရက်မျက်စိအတွင်းအာရုံလွှာသွေးလွှတ်ကြောကျဉ်းလာတာကြောင့် မျက်စိအမြင်ေ၀၀ါးတာပါ၊
အဲဒီလိုအမြင်ေ၀၀ါးတာ ခဏခဏဖြစ်ပြီဆိုရင်ဒီအတိုင်းမထားဘဲ မျက်စိဆရာဝန်တွေနဲ့
သွားရောက်ကုသသင့်တယ်၊ အမြင်ေ၀၀ါးတယ်ဆိုတာ အကြောင်းအမျိုးမျိုးရှိနိုင်တာကြောင့်ပါ´´လို့
မြန်မာ့မီးရထားဆေးဌာနရှိ မျက်စိခွဲစိတ်အထူးကု ဆရာဝန်ဒေါက်တာဒေါ်မီမီထွန်းက ရှင်းပြပါတယ်။
အသက်အရွယ်မရွေးအသက်အရွယ်မရွေးဖြစ်နိုင်တဲ့ ရုတ်တရက်အမြင်ေ၀၀ါးတဲ့ ပြဿနာတွေဟာ ခန္ဓာကိုယ်သွေးပေါင်ချိန်ဖိအားကျသွားရင်ဘဲဖြစ်ဖြစ်၊သွေးအတွင်းသကြားဓာတ်များတာ၊ကျဆင်းသွားတာ
ဘဲဖြစ်ဖြစ်၊ သွေးချိုကျဆေးသောက်ထားပြီး အစာစားခဲ့တာစတြဲ့ပဿနာတွေကြောင့်ဖြစ်ကြတယ်။
ဒါအပြင် သွေးချိုဓာတ်များစွာကျဆင်းတာနဲ့ သွေးချိုနှုန်းအလွန်မြင့်တက်တာကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်
ပြင်ပလေထုထဲမှာရှိတဲ့ သေးငယ်တ့အဲ မှုန်အမွှား၊ အမှိုက်စလေးတွေ ရုတ်တရက်မျက်ကြည်လွှာထဲဝင်
ကပ်မယ်ဆိုရင် မျက်ရည်ထွက်လာပြီး အမြင်ေ၀၀ါးနိုင်သလို သွားလာရင်းမျက်စိကိုထိခိုက်မိတာကြောင့်လည်း
အမြင်ေ၀၀ါးစေတယ်လို့ သိရပါတယ်။
လူလတ်ပိုင်းအမြင်ေ၀၀ါးမှုမျကစိအတွင်းဘက်မှာရှိတဲ့ သွေးလွှတ်ကြော၊ သွေးပြန်ကြောတွေက
ရုတ်တရက်ကျဉ်းတာတွေဖြစ်မယ်။ သွေးကြေားအဆီတွေနဲ့ သွေးခဲလေးတွေ
ပိတ်တာကြောင့်လည်း ရုတ်တရက်အမြင် ပျောက်သွားတတ်ပါတယ်။ မျက်စိအတွင်း ရေဖိအား( Intra Occular
Pressure) ရုတ်တရက်တက်လာတဲ့ရေတိမ်အမျိုးအစား(acuts angle clossure glaucoma )တွေကြောင့်လည်း
မျက်စိတစ်ဘက် ဒါမဟုတ် နှစ်ဘက်စလုံး အမြင်ေ၀၀ါးတတ် တာတွေက လူလတ်ပိုင်းတွေမှာသာ ဖြစ်ပါတယ်။
သွေးတိုးသမား အမြင်ေ၀၀ါးမှု
သွေးတိုးရောဂါဟာအသက်အရွယ်မရွေး မျက်စိအတွင်းလွှာသွေးလွှတ်ကြောတွေကျဉ်းမြောင်းလာပြီး
မျက်စိအမြင်အာရုံေ၀၀ါးကြ တာတွေဖြစ်တတ် ပါတယ်။
အာရုံလွှာကွာလို့ အလင်းတန်းပေါ်အချို့သူတွေမှာ မျက်စိအာရုံစူးစိုက်မှုများတာ၊ မျက်လုံးအားနည်းတာ၊
မျက်မှန်ပါဝါမကိုက်တာ၊မျက်လုံးအတွင်းအာရုံလွှာရောင်တာတွေ ဖြစ်တတ် ပါတယ်။ လျှပ်စီးလျှက်သလို
အလင်းတန်းမကြာခဏ ပေါ်လာတာဘဲဖြစ်ဖြစ်၊ယင်ကောင်တွေပျံသန်းသလိုဘဲဖြစ်ဖြစ် အမှုံအမွှားတွေများ
စွာမြင်လာတာဖြစ်ရင် မျက်စိအတွင်းဘက် အာရုံလွှာကွာလာနိုင်ပါတယ်။ ဒါဆိုအမြင်အာရုံမှာ
လိုက်ကာချသက့သဲို့မှောင်သွားတတ်ပါတယ်။
မျက်စိအမြင်အာရုံထဲ အလင်းတန်းတွေပေါ်လာတတ်တာက မျက်စိအနောက်ပိုင်းအာရုံလွှာတွှေရောင်ရမ်းတာ၊
မျက်စိအတွင်းအလုံး အကျိတ်တွေ ကြောင့် အရည်တွေစိမ့်ထွက်တာ၊ ပြင်းထန်တ့ဆဲီးချိုရောဂါရှိတာ
စတ့အဲ ကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပါတယ်။
အမြင်အာရုံမှာ ရုတ်တရက်ပွဲကြည့်သလို လိုက်ကာချပြီး အမှောင်ဖုံးသွားတယ်ဆိုရင်တော့
သက်ဆိုင်ရာမျက်စိဆရာဝန်ထံ သွားရောက်ပြသ ဖို့လိုပါတယ်၊ အထက်မှာဖော်ပြထားတဲ့ လက္ခဏာတွေက
အလွန်အရေးကြီးတဲ့ အကြောင်းအရာတွေဘဲ ဖြစ်တာမို့ မျက်စိကို ပစ်စလက်ခတ်မထားဘဲ
ဂရုစိုက်ဖို့လိုအပ်ပါတယ် လို့ မျက်စိခွဲစိတ်အထူးကုဆရာဝန်ဒေါက်တာဒေါ်မီမီထွန်းက ဆိုပါတယ်
မိုးစက် ( ကုမုဒြာ သတင်းဂျာနယ် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...