စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သုံးယောက်ပေါင်းမှ ခြေထောက်အကောင်းတစ်ချောင်း.... သို့ သော် ကီလီမန်ဂျာရိုတောင်ထိပ်တက်နိုင်ခဲ့ လေပြီ...

ယုံကြည်ချက်ခိုင်ခိုင်မာမာ၊ မလျော့ သောဇွဲလုံ့ လနဲ့ ကြိုးစားရင် အားလုံးနီးပါးဖြစ်နိုင်ပါတယ်...


အမေရိကန်နိုင်နိုင်ငံက စစ်ပြန်သုံးယောက် ဟာမတူညီတဲ့ စစ်ပွဲသုံးပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ ရပြီး ၎င်းတို ရဲ့ ခြေထောက်များဆုံးရှုံးခဲ့ ကြရလို့ သုံးယောက်ပေါင်းကာမှ ခြေထောက်တစ်ချောင်းသာ အကောင်းပတိကျန်ပါတော့ တယ်...ဒါပေမယ့် ၎င်းတို့ ရဲ့ ချို့ တဲ့ သည့် ခြေလက်အင်္ဂါများက ၎င်းတို့ ကို အာဖရိကတိုက်ရဲ့ အမြင့် ဆုံးတောင်ထွတ်ဖြစ်တဲ့ ကီလီမန်ဂျာ၇ို တောင်ထိပ်ကို အောင်မြင်စွာ တက်ေ၇ာက်နိုင်ဖို့ ကိုတော့မဟန့် တားနိုင်ခဲ့ ပါဘူး....

အာဖဂန်နစ္စတန်၊ အီ၇တ်နှင့် ဗီယက်နမ် စစ်ပြန် သုံးယောက်တို့ ဟာကျောက်ခဲ့ အကျိုးအကြေအပိုင်းအစတွေနှင့် ပြည့် နေသည့် တောင်တက်လမ်းတစ်လျှောက် တိုက်တေနီယမ်သတ္တုများ၊ ကာဗွန်ဖိုင်ဘာများဖြင့်ပြုလုပ်ထားသည့် ခြေထောက်အတုငါးချောင်း၊ ခြေထောက်အစစ်တစ်ချောင်း တို့ ဖြင့် ကုတ်ခြစ်တွယ်ကပ်ပြီး ပင်ပန်းခဲယင်းစွာဖြင့် တန်ဇန်းနီးယားနိုင်ငံရှိ ကီလီမန်ဂျာရို တောင်ထိပ်ကို အောင်မြင်စွာတက်နိုင်ခဲ့ ကြပါတယ်...

တောင်တက်လမ်းခရီးတစ်လျှောက် ၎င်းတို့ ဟာ အကြိမ်ကြိမ်ခြေချော်ကျခဲ့ ရပါတယ်...ရွဲ့ စောင်းကာအဆင်မပြေဖြစ်နေတဲ့ ဖိနပ်တွေကိုပြန်လည်တည့် မတ်ဖို့ ၎င်းတို့ ရဲ့ ခြေတုတေကိုအကြိမ်ကြိမ်ဖြုတ်ခဲ့ ၊ တပ်ခဲ့ ကြရပါတယ်...ခြောက်ရက်ကြာဇွဲ၊ လုံ့ လနှင့် တက်ရောက်ခဲ့ အပြီးမှာတော့ သူတို့ ဟာ ပေပေါင်း ၁၉၃၄၀ ( ၅၈၉၅ မီတာ ) မြင့် တဲ့ အာဖရိကတိုက်ရဲ့ အမြင့် ဆုံးတောင်ထိပ်ပေါ်ကိုရောက်ရှိခဲ့ ပါတော့တယ်...

" အမေရိကန်ပြည်သူများကို ကျွန်တော်တို့ သိစေချင်တာကတော့ ဘယ်လိုပဲ ( ဘ၀မှာ ) အားနည်းချက်၊ မသန်စွမ်းချက်တွေ ရှိနေပါစေ သင်ဟာ လှုပ်ရှားစွမ်းဆောင်နိုင်တယ် ဆိုတာပါပဲ..." လို့ တောင်ထိပ်ကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့ သူ သုံးဦးထဲကတစ်ဦးအပါအ၀င်ဖြစ်တဲ့ ဗီယက်နမ်စစ်ပွဲမှာ ၎င်းရဲ့ ခြေထောက်တစ်ချောင်းဆုံးရှုံးခဲ့ တဲ့ အသက် ၆၂ နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံ၊ မေရီလင်းပြည်နယ်၊ အယ်လီကော့ မြို့ မှနေထိုင်သည့် ၊ အမေရိကန်မသန်းမစွမ်းအားကစားအဖွဲ့ ၏ အမှုဆောင်ဒါရိုက်တာလည်းဖြစ်သူ ကော့ ဘောင်ယာ ကပြောကြားခဲ့ ပါတယ်...

"မျိုးဆက်နှစ်ဆက်ကလူသုံးယောက်ပေါင်းမှ ခြေထောက်တစ်ချောင်းသာအကောင်းရှိတဲ့  စစ်ပွဲသုံးပွဲပြန်ဒုက္ခိတသုံးယောက်တောင် ကီလီမန်ဂျာရိုတောင်ထိပ်ကိုတက်နိုင်ခဲ့ ယင် ကျွန်တော်တို့ ရဲ့ မိတ်ဆွေ မသန်မစွမ်းသူတွေဟာလည်း ဘာဖြစ်လို့ တောင်တွေ မတက်နိုင်ရမှာလည်း၊ ဘာဖြစ်လို့ စက်ဘီးတွေဆိုင်ကယ်တွေမစီးနိုင်ရမှာလည်း၊ ဘာဖြစ်လို့ ရေမကူးနိုင်ရမှာလည်း၊ ကျန်းမာ ပျော်ရွှင်တဲ့ မိသားစုဘ၀ကို ( အခက်အခဲတွေရင်ဆိုင်ဖြတ်ကျော်ပြီး ) ဘာဖြစ်လို့ မတည်ဆောက်နိုင်ရမှာလည်း ..." လို့ ၎င်းကပြောကြားခဲ့ ပါတယ်...

၎င်းတို့ သုံးယောက်ထဲက အသက်အငယ်ဆုံးဖြစ်သူ ၂၆ နှစ်ရှိ နေးလ်ဒန်ကန်ဟာ ၂၀၀၅ ခုနှစ်မှာ အာဖဂန်နစ္စတန် စစ်မြေပြင်ရဲ့ လမ်းဘေးတစ်ခုဗုံးပေါက်ကွဲမှုမှာ ခြေထောက်နှစ်ဖက်စလုံးဆုံးရှုံးခဲ့ ရတာဖြစ်ပါတယ်...ကိုလိုရာဒိုပြည်နယ်၊ ဒန်ဘာ အရပ်သား နေးလ်ဟာ လွန်ခဲ့ တဲ့ နှစ်ကလည်း အဆိုပါ ကီလီမန်ဂျာရိုတောင်ထိပ်ကိုတက်ဖို့ ကြိုးစားခဲ့ ပါသေးတယ်...ဒါပေမယ့် မသေချာ၊ မတိကျတဲ့ လမ်းကြောင်းခရီးစဉ် စီစဉ်ခဲ့ မှု၊ အချိန်မယူပဲ အများနည်းတူရက်အနည်းငယ်အတွင်းအလျင်အမြန်တက်နိုင်ဖို့ ကြိုးစားခဲ့ တာကြောင့် မအောင်မမြင်ဖြစ်ခဲ့ ရပါတယ်...

ကီလီမန်ဂျာရိုတောင်၏ ရှုမောဖွယ်အလှ...
Photo by Petr Vondracek.
ဒီတစ်ကြိမ်မှာတော့ သီးသန့် လမ်းညွှန်က စစ်ပြန်စစ်မှုထမ်းဟောင်းရဲဘော်များအတွက် အထူးသီးသန့်  လမ်းကြောင်းကို ရွေးချယ်စီစဉ် ပေးခဲ့ ပါတယ်... သူတို့ အုပ်စုဟာ သုံးလေးရက်ပဲ အချိန်ယူမယ့် အစား ခြောက်ရက်မျှကြာအောင် အချိန်ယူပြီးတက်ရောက်ခဲ့ ကာ မသန်မစွမ်းသူများအတွက် အထူးခွင့် ပြုချက်လည်းရယူခဲ့ ပါတယ်... အမြင့် ပေ ၁၉၀၂၀ ( မီတာ ၅၈၀၀ ) မှာလည်းညအိပ်ခွင့် တောင်းခဲ့ ကြပါတယ်...လွန်ခဲ့ တဲ့ စနေနေ့ မှာ တော့ ၎င်းတို့ ဟာ တောင်ထိပ်ကိုရောက်ရှိခဲ့ ကြပါတော့တယ်...

"မှန်ကန်တဲ့ အစီအစဉ်ရေးဆွဲခဲ့ တာတွေ၊ မှန်ကန်တဲ့ ပြင်ဆင်မှုတွေနှင့် တိကျမှန်ကန်တဲ့ ဆောင်ရွက်ချက်တွေဟာ မည်သည့် ရည်မှန်းချက်ကိုမဆိုပြီးမြောက်ပြည့် စုံစေနိုင်တယ်ဆိုတာ သက်သေပါပဲ...ဒါကြောင့် လည်းကျွန်တော်ဟာ ( ပထမအကြိမ် ရှုံးနိမ်ခဲ့ အပြီးမှာ ) ထပ်မံတက်ရောက်ဖို့ စီစဉ်ခဲ့  တာပါပဲ...ဒီရည်မှန်းချက်ဟာဖြစ်မြောက်အောင်မြင်နိုင်ရမယ်ဆိုတာ ကျွန်တော် သိပါတယ်...ဘယ်လိုအခြေအနေမျိုးမှာ ရှုံးနိမ့် ခဲ့ ပါစေ၊ ထပ်မံကြိုးစားယင်အောင်မြင်နိုင်တယ်ဆိုတာ ဒါကသက်သေပြခဲ့ တာပါပဲ...အခြေနေတွေကိုပြန်လည်သုံးသပ်၊အချက်အလက်အရင်းအမြစ်တွေ ပြန်လည်စုစည်း၊ ခွန်အားတွေပြန်မွေး၊ ပြန်လည် အစီအစဉ်အကွက်ချပြီး လွန်ခဲ့ တဲ့ အတွေ့ အကြုံတွေကိုအသုံးချမယ်ဆိုယင် အောင်မြင်မှာအမှန် ပါပဲ..." လို့ ဒန်ကန်ကပြောကြားခဲ့ ပါတယ်...

တတိယမြောက် စစ်မှုထမ်းဟောင်း ဒန်နီဗင်းစ် ကတော့ အသက် ၃၇ နှစ်ရှိပြီး၊ ဖလော်ရီဒါပြည်နယ်က ဖြစ်ကာ အီရတ်စစ်ပွဲမှာ ၎င်းရဲ့ ခြေထောက်တွေဆုံးရှုံးခဲ့ ရပါတယ်... သူ့ ရဲ့ ခြေထောက်ငုတ်တိုမှာ အနာစိမ်းလိုအနာတစ်ခုဖြစ်နေခဲ့ ပြီး ထိုအနာကြောင့် အဖျားအကြီးအကျယ်တက်ခြင်း၊ ချောင်းဆိုးခြင်း၊ ချွဲသလိပ်ကြပ်တာတွေအထိဖြစ်တတ်ပါတယ်... တောင်ထိပ်ကိုရောက်ခဲ့ ပြီး ပြန်အဆင်း ပေပေါင်း ၁၅၀၀၀ အရောက်မှာ နီဗင်းစ် ကိုဘီးတပ်လူနာတင်စင်နှင့် သယ်ယူခဲ့ ရပါတယ်...

ဒါဟာ၎င်းတို့ ရင်ဆိုင်ခဲ့ ရတဲ့ စိန်ခေါ်မှု၊ အခက်အခဲတွေထဲက တစ်ခုမျှသာဖြစ်ပါသေးတယ်... တောင်ပေါ်ကိုတက်လို့  ၅ ရက်မြောက်မှာတော့၎င်းတို့ အဖွဲ့ ဟာ ပေ ၁၅၀၀၀ ကနေ ၁၉၀၀၀ အထိရောက်နေခဲ့ ကြပြီး အလွန်ပါးလွှာတဲ့ လေထုကြောင့် အားလုံးဟာ အသက်ကိုခက်ခဲပင်ပန်းစွာ ရှူခဲ့ ကြရပါတယ်...ကီလီမန်ဂျာရိုတောင်ရဲ့ အောက်ခြေလမ်းကြောင်းတွေဟာ ပျံ့ ပြူပေမယ့်အထက်ပိုင်းကိုရောက်ယင်တော့ ကျောက်ဆောင်ကျောက်သားများဖြစ်ကာ ကျောက်ခဲအသေး၊ အကြေတွေက ခြေထောက်အတုတပ်ထားသူတွေအတွက် ဒုက္ခေ၇ာက်စေပါတော့တယ်.... ယိုင်နဲ့ နေတဲ့ ကျောက်သားတွေကြောင့် ခြေတုတွေဟာ နောက်ကိုချော်ထွက်နေခဲ့ လို့ ဒန်ကန်အနေနဲ့ သူဟာတောင်ပေါ်ကို နှစ်ခါပြန်တက်နေရတယ်လို့ တောင်ထင်နေခဲ့မိပါတယ်....

" ဒီခရီးစဉ်တစ်ခုလုံးဟာ မယုံကြည်နိုင်စရာကောင်းလောက်အောင်ခက်ခဲ ပင်ပန်းတယ်ဆိုတာမှန်းဆလို ရပါတယ်... အခက်အခဲဆုံးကတော့ပေ ၁၅၀၀၀ ကနေ ၁၉၀၀၀ အထိတက်ခဲ့ ရတဲ့ အပိုင်းပါပဲ..." လို့ ဒင်ဗာ တက္ကသိုလ်မှာ ပညာတက်ရောက်သင်ကြားနေတဲ့  ဒန်ကန်က ဆိုပါတယ်... " ကျောက်တုံးတွေက တစ်ကယ့် ကိုယဲ့ ယဲ့ လေးတွေ...တစ်ကယ့်ကို မတ်စောက်တာတွေပါ...ခြေထောက် အစစ်မရှိ၊ ခြေကျင်းဝတ်မရှိတာမို့ ဒီလိုချောကျနေရတဲ့ အခြေအနေမှာဘယ်လိုမှ ကုတ်ကပ်ထားလို့ မရခဲ့ ပါဘူး...." လို့ လည်း သူကဆိုပါတယ်...

တောင်တက်သမားတွေအတွက်လွယ်တယ်လို့ ဆိုနိုင်တဲ့ အဆင်းဟာလည်း သူတို့ လိုခြေတုတပ်ထားသူတွေအတွက်တော့ မလွယ်ကူလှပါဘူး... ဒန်ကန်ဟာ ခြေချော်ပြီးဒလိမ့် ကောက်ကွေးလိမ့် ကျသွားခဲ့ ရသလို၊ ဘောင်ယာရဲ့ ခြေထောက်အတုဟာ
လည်းကျွတ်ထွက်သွားခဲ့ ရပါတယ်... " ကျွန်တော့မှာ ဒူးအတိုလေးသာရှိတာမို့ အောက်ကိုပြုတ်ကျတာဟာ တော်တော်ကို စိတ်ဒုက္ခရောက်၊ စိုးရိမ်ထိတ်လန့် ခဲ့ ရပါတယ်...တောင်ပေါ်ကပြုတ်ကျတာဟာကို့ ယို့ ကားယားမို့ ဘယ်လိုမှကြည့် မကောင်း
တာကတော့အမှန်ပါပဲ..." လို့ ဒန်ကန် ကပြောကြားခဲ့ ပါတယ်...

ဘ၀မှာ မပြည့်စုံမှုတွေရှိနေခဲ့ မယ်ဆိုယင်တောင်မှ ဖြစ်၇မယ်၊ အောင်မြင်၇မယ်ဆိုတဲ့ ယုံကြည်မှုအပြည့် နဲ့ ကြိုးစားမယ်ဆိုရင် ဖြစ်နိုင်တယ်ဆိုတာ ဒီမသန်မစွမ်း၊ ဒုက္ခိတသုံးယောက်ရဲ့ အဖြစ်ကသက်သေပါပဲ...


           myanmar in singapore မှ ကူးယူသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...