စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နားရောဂါများအတွက် တိုင်းရင်းဆေးစွမ်းကောင်းများ


နားရောဂါများအတွက် ဆေးနည်းလမ်းကောင်းများ

-(စားဆေး)ကြောင်လျှာစေ့အခြောက်ကို အမှုန့်ပြုလုပ်ပါ။ ၎င်းနောက နွယ်ချိုနှင့် ဆတူရောပြီး ရွေးကြီးစေ့လောက် ဆေးလုံး
လေးများဖြစ်အောင် ပျားရည်စစ်စစ်ဖြင့်လုံး၍ တစ်ခါသောက် ၂ လုံး တစ်နေ့ ၃ ကြိမ်မျှသောက်ပေးပါ။
-ကျောက်မီးပူရွက်ကို မီးနွှေးနွှေးဖြင့်အုံပြီး အရည်ညှစ်ကာ ၎င်းအရည်လတ်လတ်ဆတ်ဆတ် ကိုယူ၍ ချက်ချင်းနားထဲ
သို့ အစက်ချပေးပါ။

-ဖလံတောင်ဝှေးအပင်၏ အရွက်ကို မီးမှာနွမ်းအောင်ကင် အရည်ညှစ်ပြီး တစ်နေ့ ၃ ကြိမ်ခန့် နားထဲသို့ထည့်ပေးပါ။

-ကြောင်လျှာမြစ်ကို ညက်နေအောင် အမှုန့်ပြုလုပ်၍ နှမ်းဆီစစ်စစ်နှင့် မီးမှာချက်ပါ။ပြီးလျှင် ကြက်တောင်(သို့မဟုတ်)
ငှက်ခါးတောင်မွေးသန့်သန့်ဖြင့် ကျပ်ပေးပါ။နားအူ နားပင်းရောဂါဖြစ်လျှင် ကျီးတောင်ကို အုန်းဆီဆွတ်၍ ကျပ်ပေးပါ

-ကြောင်ပန်းရွက် သတ္တုရည်ကို နှမ်းဆီစစ်စစ်နှင့်ချက်ပြီး နားကျပ်ပေးပါ။

-ဥသျှစ်မြစ်ကို အမှုန့်ပြုလုပ်ပြီး မုန်ညှင်းဆီနှင့်ဆူအောင်ချက်ပြီး ဆီအကြည်ကို နားကြပ်ပေးပါ -
နှမ်းဆီစစ်စစ် ၅ ကျပ်သားမှာ ကြက်သွန်ဖြူနည်းနည်းကို ဓားပြားရိုက်ထည့်၍ လေညှင်း ၂ ပွင့်ထည့်ပြီးချက်ပါ။
၎င်းဆီကို ခပ်နွေးနွးနားကျပ်ပေးပါ။


ကသာ မြတ်မင်းသူ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...