စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိဘကို ပစ်မှားမိ၍ မြေမြိုခံရသော မရင်ရွှေ. ( ကံ ကံ၏အကျိုး )

       ဇာတ်ကားကို တပည့်လေးတစ်ယောက်ဆီကရလို့ ကြည့်မိတယ်.။ အစအဆုံး သေသေချာချာ ကြည့်ပြီးတော့. ရင်ထဲမှာ ခံစားရလို့ ဒီစာကို ရေးလိုက်တာပါ.။ အားလုံးရဲ့ အကျိုးအတွက်ပါ.။ ဇာတ်လမ်းထဲက မရင်ရွှေက ပဉ္စာနန္တိရကံ ထိုက်ခဲ့လို့ လက်ငင်းဘ၀မှာ ငရဲက အကျိုးပေးသွားတာ.။ လက်ရှိ လူ့ဘုံကနေ ငရဲဘုံကို အရှင်လတ်လတ် ကူးခဲ့ရတာ.။ အသေးစိတ် အသေအချာ ခံစားကြည့်ရှုပြီးတော့ တော်တော် ၀မ်းနည်းဖို့ ကောင်းမိတယ်.။ ဒီလိုဇာက်ကားတွေ ပေါ်ထွက်လာတာ သိပ်ကောင်းတယ်.။ နောင် လူတွေက အတုယူလို့ရတာပေါ့.။
         အခု ဒီဆောင်းပါးမှာ အဓိက လိုရင်းက ကာမေသုမိစ္ဆာစာရကံကို ပြောလိုရင်းဖြစ်တယ်.။ အဓိကကတော့ ချစ်သူများနေ့ကို ရောက်တော့မယ်.။ ဒီစာကြောင့် အမျိုးကောင်းသား အမျိုးကောင်းသမီးလေးတွေ တစ်စုံယောက်မျှ ထိန်းသိမ်းနိုင်ခဲ့ရင် ရေးရကျိုး နပ်ပါတယ်.။
          ဇာတ်ဆောင် မရင်ရွှေက ပဉ္စာနန္တိရကံ ထိုက်ခဲ့တယ်.။ လက်ငင်းအကျိုးပေးမယ်.။ တို့က ကာမေသုကံထိုက်တာ အားလုံးက ဒီလိုပဲ ဖြစ်နေကြတာ ဘာမှ မဖြစ်နိုင်ဘူး မထင်ပါနဲ့.။ ဘယ်သူမှ မသိပေမယ့် ကိုယ်စောင့်နတ် သာသနာစောင့်နတ် လောကကြီးက အထင်အရှား သိတယ်.။
            အားလုံးပဲ ကြားဖူးမှာပါ.။ ကံ ကံ၏ အကျိုးတယ့်.။ အရိပ်ပမာ မိမိနောက်ကို အစဉ်လိုက်နေတယ် ဆိုတာကို သတိချပ်ပါ .။ မိမိက အလွယ်တကူရလို့ ကောင်မလေးက သဘောတူလို့ စသဖြင့် မိမိကိုယ်ကိုယ် ဆင်ခြေပေးရင်း ကံထိုက်နေကြတယ်.။ သဘောတူသည် ဖြစ်စေ မတူသည်ဖြစ်စေ. ဘာသာတရားအရရော လောကပါလ လောကကို စောင့်တယ့် တရားအရရော ဘယ်လိုမှ လွတ်မှာ မဟုတ်ပါဘူး။ နောက်ဆုံး ဒီဘ၀မှာ တမဂ်တဖိုလ် ရခဲ့လို့ ပြောရရင် အရိယာပုဂ္ဂိုလ် ဖြစ်ခဲ့လို့ စသဖြင့် ငရဲဆိုတာကြီးကို တားဆီးနိုင်တယ် ထားဦးတော့ ၀ဋ်ဆိုတာကိုတော့ ညီလေးရော ညီမလေးရော ဘယ်လိုမှ လွတ်လမ်းမမြင်ပါဘူး.။ ကျွန်တော်တို့ရဲ့ သုံးလောကထွဋ်ထား ရှင်တော် ဘုရားတောင်မှ ၀ဋ်ကြွေးကို နောက်ဆုံး အတုမဲ့ ဘုရားရှင်ဘ၀ဖြစ်နေပေမယ့် ပေးဆပ်ခဲ့ရသေးတာပဲ.။ ကိုယ်က သီလဆိုတာကို သိတယ်ထားဦး ဌာန်ကရိုဏ်း ကျကျတောင်မှ ရွတ်ဆိုနိုင်ရဲ့လား.။ သီလတစ်ပါးကိုတောင်မှ လုံအောင်စောင့်ဖြစ်ရဲ့လား.။ မေးစရာ...။ သြကာသ ဆိုတာ ဘာလဲ..။ မေးစရာ..။ ကဲထားတော့.။
          ကံ ဆိုတာ သိပ်ကြောက်ဖို့ ကောင်းတယ်.။ အားလုံးပဲ မယုံမရှိနဲ့ ယုံကြပါ.။ အကုသိုလ်ဆိုတာ သိပ်ကြောက်ဖို့ ကောင်းတယ်.။ အနားတောင်မှ မသီပါနဲ့.။ အင်မတန် ဆွဲအားကောင်းတယ်.။ ကျွန်တော်တို့ရဲ့ စိတ်တွေက အကုသိုလ်ဆို သိပ်ချိုတယ်မှတ်ယူခဲ့တာ သံသရာ တစ်လျောက်လုံးပဲ.။ တစ်နှစ်လောက် ပြုမိတယ့် အကျင့်လေးတောင်မှ ဖျောက်ရခက်ရင်..။ တွေးကြည့်နော်.။
           သိပ်ရှည်ရှည်ဝေးဝေး မရေးတော့ပါဘူး.။ ကံဆိုတာ မိမိနောက်ကို အရိပ်လို လိုက်နေပါတယ်.။ ငါ့မှာ ညီမ မရှိဘူး ။ ဘာဖြစ်လည်း ဆိုတာမျိုးတွေ မလုပ်ပါနဲ့.။ ၀ဋ်ဆိုတာ လည်တယ်.။ ကံဆိုတာ တူသောအကျိုးပေးတယ်.။ မိမိက သူတပါးရဲ့ သမီးပျိုလေးကို ဖျက်ဆီးခဲ့လို့ မိမိရဲ့ သမီးလေးလည်း အဲ့လိုမျိုး ခံရမယ်လို့ တစ်ထစ်ချ တွေးလို့မရပါဘူး.။ တစ်နည်းနည်းနဲ့တော့ တန်ပြန်လာတယ်.။ ဥပမာ.. မိမိရဲ့ လိမ္မာတယ့် သားလေး ဖောက်ပြန်တတ်တယ့် အပျိုမဟုတ်တယ့် မိန်းမယုတ်နဲ့ အိမ်ထောင်ကျသွားတာမျိုး..သားလေးကသူ့ကို တန်းတန်းစွဲ ချစ်နေတာမျိုး။ ဘာအပြစ်မှ မရှိတယ့် မိမိကလေး (သားလေးရော သမီးလေးရောပေါ့ ) ရဲ့ အိမ်ထောင်ရေး အဆင် မပြေတာမျိုး။ နောက် မိမိကိုယ်တိုင် ဆီးလမ်းကြောင်းမှာ ကျောက်တည်လို့ သေလုမျောပါး နာကျင်မှု့ကို ခံစားရပြီးတော့ ကုသရတာမျိုးပေါ့.။
           အတတ်နိုင်ဆုံး ရှောင်ကြဖို့ ကျွန်တော် သတိပေးလိုပါတယ်.။ ရှောင်ကြဉ်ဖို့ အဓိက အရေးကြီးဆုံးကတော့ လုံးဝကို အစမလုပ်ပါနဲ့။ အနားတောင်မှ မသီပါနဲ့.။ အစရှိရင် လွန်မြောက်ဖို့ လုံးဝမလွယ်ဘူးနော် ။ ချစ်သူများနေ့အတွက် အထူး သတိပြုစေချင်ကြပါတယ်.။ မနက် စောစော ရွှေတိဂုံကို သွားပြီးတော့ ချစ်သစ္စာနှံကြပေါ့ မောင်နှံတို့ရာ.။ အမွန်မြတ်ဆုံးပဲ.။ ဘယ်တည်းခိုခန်းကိုမှ မ၀င်ဖို့နဲ့ အိမ်ကို စောစော ပြန်ကြဖို့လည်း တိုက်တွန်းလိုပါတယ်.။
         ချစ်ခြင်းဆိုတာ နှလုံးသားမှာပဲ တည်တယ်.။ ညီမလေးတွေ တကယ်ချစ်ရင် လုံးဝ မလိုက်ရောပါနဲ့.။ ညီလေးတွေ တကယ်ချစ်ရင် တန်ဘိုးထားပါ.။ အချစ်စိတ် လွန်ကဲစွာနဲ့ နှုတ်ခမ်းလေးကို ဖွဖွလေးနမ်းလိုက် မိတယ့်အချိန် ... သူနဲ့ အကြည့်ချင်းဆုံတယ့် အချိန် .. ရင်ထဲမှာ မဖော်ပြတတ်တယ့် ခံစားမှုတွေ .. ချစ်ခြင်းဆိုတာ အဲ့ဒါတွေပါပဲ.။ ချစ်ခြင်းရဲ့ ပန်းတိုင်ဆိုတာ အိမ်ထောင်ရေးပါပဲ.။ ပန်းတိုင်ရောက်ပြီးသွားရင် ဘာဆက်လုပ်ဖို့မှ မရှိတော့ပါဘူး.။ တန်ဘိုးဆိုတာလည်း မရှိတော့ပါဘူး.။
         ပျိုမေလေးတွေသိဖို့ တစ်ခုပြောရရင်. ယောက်ျားတိုင်းဟာ လက်မထပ်ခင် အတူအိပ်ပြီးသွားရင် မိမိလုံးဝ ရွံသွားတယ် ဆိုတာပါပဲ.။ ယူဖို့အတွက် တန်ဘိုးလုံးဝ မထားတော့ဘူး.။ အဲ့ဒီစိတ်က ယောက်ျားတိုင်းရဲ့ စိတ်ပါ.။ ကျွန်တော်ရောပဲ.။ ဆန်းစစ်တော့ မိမိယူမယ့်သူကို အပျိုစင်လေးသာ ဖြစ်စေချင်တယ့် မသိစိတ်က ယောက်ျားတို့ရဲ့ အတ္တတစ်ခုပါ.။
         ဒါကြောင့် ပျိုမေလေးတွေကို မှာချင်တာက ညီမလေးတို့ သူ့ကို တကယ်ချစ်တယ်ဆိုရင် လုံးဝမပေးပါနဲ့.။ ညီမလေးတို့ ပေးလိုက်ရင် ညီမလေးကို တန်ဘိုးမထားဘဲ တဖြည်းဖြည်းနဲ့ ဝေးရလိမ့်မယ်.။ ကိုယ်ကသူ့ကို တကယ်ချစ်တယ် ဆိုရင် လုံးဝမပေးပါနဲ့.။ ကိုယ်နဲ့ အကြိမ်ကြိမ် အတူတူအိပ်ပြီးသား အပျိုမဟုတ်တော့တယ့် လျော့လျဲနေတယ့် ခန္ဓာကိုယ်မျိုးကို ရေရှည်တစ်ဘ၀လုံးအတွက် မရွေးချင် တော့တာ စွန့်ခွါချင်လာတာ သဘာဝပါ.။ မိန်းမလေးတွေ သိစေဖို့ပါ.။
          ကောင်လေးတစ်ယောက်မှာ ရည်စားနှစ်ယောက် ရှိတယ်.။ ကောင်လေးက နှစ်ယောက်စလုံးကို တူတူချစ်တယ်.။ ကျန်တယ့် အချက်တွေ အားလုံးတူကြတယ်.။ သိပ်ချောကြ သိပ်လှကြတယ်.။ တစ်ယောက်က ချစ်တော့ အတူတူနေတယ်.။ နောက်တစ်ယောက် ကလည်း ချစ်တာပဲ.။ ဒါပေမယ့် သူက တန်ဘိုးထားတယ်.။ အပျိုစင်ဘ၀ကို ထိန်းသိမ်းတယ်.။ မင်္ဂလာဦးညနဲ့ ဘ၀အတွက် သစ္စာနဲ့ တသက်လျာ ချစ်ကြင်မယ့် ယောက်ျားအတွက်သာလို့ သူဆုံးဖြတ်ထားတယ်.။ တကယ် ဘ၀အတွက် ရွေးတော့မယ်ဆိုတော့ ညီလေးတို့ ဘယ်သူ့ကို ရွေးမှာလဲ.။ ညီမလေးတို့ ကိုယ့်ချစ်သူကို စိတ်ရင်းအတိုင်း လွတ်လတ်စွာ ရွေးကြည့်ခိုင်းပါ။ မေးကြည့်ပါ.။
           ညီလေးတွေလည်း မိမိဘယ်လောက်ပဲ ချစ်ချစ် မတောင်းဆိုပါနဲ့.။ ညီိလေးတို့က ပြောမယ်.။ မိန်းကလေးကတောင် မှပေးနေတာ.။ ဆိုတာမျိုးတွေ.။ အဲ့ဒါဆို ဒီမိန်းမက ညီလေးတို့ မတိုင်ခင်လည်း ဒီလိုပဲပေးဖူးမှာလား တွေးစရာနော်.။ နောက် မရှိခဲ့ဘူး ဆိုရင်တောင်မှ နောက်နောင် လွယ်လွန်းတယ့် မိန်းမတွေက မဖောက်ပြန်ဘူးလို့ ပြောနိုင်ပါ့မလား.။ သူက ဘယ်လောက်ပဲ ပေးပေး ကိုယ့်ရဲ့ ယောက်ျားတန်ဘိုး မြင့်မြတ်မှုကို ချစ်သူရှေ့မှာ ဂုဏ်ယူလိုက်စမ်းပါ။ တိုက်ပွဲတစ်ရာကို အောင်နိုင်တာထက် ကိလေသာ တစ်ပွဲကို အောင်နိုင်တာက ပိုမြတ်ပါတယ်။
          စာရေးသူ ကျွန်တော်က ယောက်ျားတစ်ယောက် ဖြစ်လို့ ယောက်ျားတစ်ယောက်ရဲ့ အကြောင်းပဲ သိတယ်. ။ မိန်းမလေးတွေ အကြောင်းတော့ သိပ်မသိဘူး.။ သူတို့လည်း အပြန်အလှန်ပဲ ဖြစ်မယ်ထင်တယ်.။ ဘာပဲပြောပြော အပျိုစင် လူပျိုစင်တို့ရဲ့ အိမ်ထောင်ရေးကသာ နှစ်လိုဖွယ်ရာ အကောင်းဆုံး အတည်မြဲဆုံးပါ.။ ညဦးမှာ ကြုံရတယ့် အစိမ်းသက်သက် အမှားယွင်းလေးတွေကလည်း တစ်သက်လျာ ချစ်ခြင်းကို ခိုင်မြဲအောင် ဖွဲ့နှောင်ပြီးသား ဖြစ်စေပါတယ်.။
          နောက်တစ်ခု မှာချင်တာက စာများများ ဖတ်ပါ.။ ဘာသာရေးစာ များများဖတ်ပါ.။ တွေးပါ.။
ကံကံ၏ အကျိုးကို ယုံပါ.။ ၀ဋ်ဆိုတာ အမှန်စင်စစ် တန်ပြန်ခံရပါတယ်။
လူပျိုစင်စစ် အပျိုစစ်စစ်ဆိုတယ့် မာန်လေးတွေ သွေးကြောထဲမှာ လည်ပတ်စီးဆင်းနိုင်ကြပါစေ..လို့ ဆုတောင်းရင်း ...
တော်ပြီနော်.။
အမှားပါရင်ခွင့်လွှတ်ပေးပါ.။
အခွေလေးကိုလည်း အလွယ်တကူဝယ်လို့ရပါတယ်. ။ ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ တိုက်တွန်းလိုပါတယ်.။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...