စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မလေးရှား ခရီးသွားလုပ်ငန်းမှ သင်ယူစရာများ

၂၀၁၄ တွင်ကမ္ဘာလှည့်ခရီးသွား၂၉သန်း လာရောက်ရေးအတွက် မလေးရှားက ကြိုးစားနေသည်/ဓာတ်ပုံ− ခန့်ထက်
၂၀၁၂ ခုနှစ်တွင် အာဆီယံ  ဒေသတွင်း ကမ္ဘာ့လှည့်ခရီးသွား အများဆုံးနိုင်ငံဖြစ်သော မလေးရှားက ၂၀၁၃ တွင် ၎င်းတို့နေရာကို ထိုင်းအား လွှဲပေးခဲ့ရပြီးနောက် ကမ္ဘာ့လှည့်ခရီးသွားများပိုမိုလာရောက်ရေးအားစိုက် ကြိုးပမ်းနေသည်။

အာဆီယံနိုင်ငံများ၌ ကမ္ဘာ့ လှည့် ခရီးသွား အများဆုံးလာ ရောက်သောနိုင်ငံအဖြစ် ဆက် တိုက်ရပ်တည်ခဲ့သော မလေးရှား နိုင်ငံသည် ၂၀၁၃ တွင် ၎င်း၏ နေရာကို ထိုင်းအားပေးခဲ့ရသည်။ ထိုနှစ်တွင် ခရီးသည် ၂၆ ဒသမ ၇ သန်းကျော်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ ၂၀၁၂ နှစ်ကုန် တွင် ခရီးသည်ဝင်ရောက်မှုမှာ ၂၂ သန်းကျော်သာရှိခဲ့ပြီး ၂၀၁၃ နှစ် ကုန်တွင် ၂၆ ဒသမ ၇ သန်းကျော် အထိ တိုးလာခြင်းဖြစ်သည်။ မလေးရှားနိုင်ငံကမူ ၂၀၁၂ တွင်  ၂၅ သန်းကျော်ရှိပြီး ၂၀၁၃ တွင် လည်း ၂၅ သန်းကျော်သာ ၀င် ရောက်ခဲ့ခြင်းဖြစ်သည်။
သို့သော်၂၀၁၄ ကို မလေး ရှားနိုင်ငံက ခရီးသွားနှစ်အဖြစ် သတ်မှတ်ထားပြီး ခရီးသည်များ ပိုမိုရရှိရန် အားထုတ်နေသည်။ ဇန်န၀ါရီမှ ဇူလိုင်အထိ ခရီးသည် ၁၆ သန်းကျော်ဝင်ရောက်ခဲ့ပြီး နှစ် ကုန်တွင် ခရီးသည် ၂၉ သန်းဝင် ရောက်နိုင်မည်ဟု မလေးရှားအစိုး ရက ခန့်မှန်းသည်။
ယခုနှစ်တွင်လည်း မလေး ရှားနိုင်ငံ၏ ခရီးသွားနှစ်တစ်နှစ် သတ်မှတ်ကာ မြန်မာအပါအ၀င် အာဆီယံနိုင်ငံများမှ မီဒီယာများ၊ အနုပညာရှင်များ၊ ခရီးသွားလုပ် ငန်းလုပ်ကိုင်သူများအား ဖိတ်ခေါ် ကာ ၎င်းတို့၏ ခရီးစဉ်ဒေသများကို ပြသပြီး ဈေးကွက်မြှင့်တင်ရေးဆောင်ရွက်လျက်ရှိနေသည်။
မြန်မာကဲ့သို့သော ဆင်းရဲ သည့် နိုင်ငံမှပင် မလေးရှားနိုင်ငံ သို့ ကမ္ဘာ့လှည့်ခရီးသည်အနေဖြင့် သွားရောက်လည်ပတ်သူ ပိုမိုများ လာစေရန်ဖိတ်ခေါ်ပြီး ဈေးကွက်ကို ရှာဖွေရန် ကြိုးပမ်းနေခြင်းဖြစ် သည်။ လက်ရှိတွင် ကမ္ဘာ့လှည့်ခရီးသည်အဖြစ် မြန်မာမှ  မလေးရှားသို့ သွားရောက်လည်ပတ်သူမှာတစ်နှစ်လျှင် သောင်းဂဏန်းမျှရှိ သည်။
ထိုအချက်ကို   မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းအနေဖြင့် အတုယူသင့်ပြီး မလေးရှားကဲ့သို့ ဒေသတွင်းနိုင်ငံများမှ မီဒီယာများ၊ အနုပညာရှင်များကို ဖိတ်ခေါ်ပြီး နိုင်ငံ၏ ခရီးစဉ်ဒေသများ အကြောင်းကို အသိပေးစေလိုကြောင်း ဂန္တ၀င်ရွှေပုဂံခရီးသွား လုပ်ငန်းမှ ဈေးကွက်ရှာဖွေရေး မန်နေဂျာ မရီရီသန်းက အကြံပြုသည်။
‘‘မလေးရှားက ခုလိုပွဲတွေ လုပ် အာဆီယံနိုင်ငံတွေကိုဖိတ်ပြီး တော့ လုပ်တဲ့ရည်ရွယ်ချက်က သူ တို့ရဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အတွက် အောင်မြင်တယ်လို့ပြော လို့ရတယ်။ အနည်းဆုံးတော့ ဖိတ် ခေါ်ခံရတဲ့သူတွေက မလေးရှား နိုင်ငံအကြောင်းကို ပြန်ပြောကြမှာ ပဲ’’ဟု မလေးရှားအစိုးရ၏ ဖိတ် ခေါ်မှုဖြင့် မလေးရှားခရီးစဉ်များ အကြောင်းကို လေ့လာခွင့်ရခဲ့သူ လည်းဖြစ်သည့် မရီရီသန်းကပြော သည်။
မလေးရှား၏ နိုင်ငံခြားသား ခရီးသည်ရရှိမှုမှာ ၂၀၁၃ နှစ်ကုန်တွင် ၂၅ ဒသမ ၇ သန်းကျော်နှင့် ခရီးသွားလုပ်ငန်း ၏ အသားတင်ဝင်ငွေသည် အမေရိကန်ဒေါ်လာ၁၈ ဘီလီယံနီးပါးရရှိခဲ့သည်ဟု မလေးရှားအစိုးရကထုတ်ပြန်ထား သည်။ ယင်းနှုန်းထားမှာ အာဆီယံနိုင်ငံများတွင် အများဆုံးဖြစ်သည်။
၂၀၁၃ နှစ်ကုန်သည် မြန်မာ သမိုင်းတစ်လျှောက်ခရီးသည်ဝင် ရောက်မှု အများဆုံးနှစ်ဖြစ်ပြီး ကမ္ဘာ့လှည့်ခရီးသည်များအပါအ ၀င် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ပေါက်များမှ ၀င်ရောက် သော နိုင်ငံခြားသားဧည့်သည် နှစ်သန်းဝင်ရောက်ခဲ့ကာ အသား တင်ဝင်ငွေမှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါးသာရရှိခဲ့သည်။ ထို့ကြောင့် မလေးရှားသို့ခရီးသွား ၁၂ ဦးသွားလျှင် မြန်မာသို့ တစ်ဦးနှုန်းသာ    လာရောက် ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်းမှ ၀င် ငွေရှာဖွေနိုင်မှုတွင်တော့ မလေး ရှားက မြန်မာထက် ၁၈ ဆပိုများ သည်။        ခရီးသွားလုပ်ငန်းတွင်အောင်မြင်နေသည့် မလေးရှားမှ မြန်မာနိုင်ငံ  အနေဖြင့်  အတုယူ ဆောင်ရွက်သင့်သည့် ခရီးသွား ဆွဲဆောင်နည်းများမှာ ရိုးရာယဉ် ကျေးမှုကို ပြသသည့် ဒေသခံများ နှင့် အတူယှဉ်တွဲနေထိုင်သော ခရီးသွားလုပ်ငန်း(Home Stay)၊ ကမ္ဘာ့အသိအမှတ်ပြု ရှေးဟောင်း အမွေအနှစ် ဒေသများဖြင့် ဆွဲ ဆောင်ခြင်း၊ သဘာဝ အခြေပြု ခရီးစဉ်များတွင် သန့်ရှင်းသာယာ ပြီး အဆင့်မြှင့်ခရီးသွားအခြေခံ အဆောက်အအုံများဖြင့် ဆွဲဆောင်ခြင်းတို့ဖြစ်သည်။
ယင်းအနက်ရိုးရာယဉ်ကျေး မှုများကို အဓိကပြသသော ခရီးစဉ်ကတော့ ၎င်းတို့၏ ရိုးရာနေအိမ် များတွင် ဒေသခံများနှင့် အတူနေ ထိုင်ခြင်း(Home Stay) က အထိ ရောက်ဆုံးဖြစ်ပြီး ခရီးသည်များ စိတ်ဝင်စားရသည့် အချက်လည်း ဖြစ်နေသည်။
Home Stay နေချင်သည့် ခရီးသည်များအတွက် သီးသန့်ရွာ လေးတစ်ရွာ ပြုလုပ်ထားပြီး လာ ရောက်လည်ပတ်သူတို့ကိုလည်း ၎င်းတို့၏ ရိုးရာမုန့်များပြုလုပ်ပြ ခြင်း၊ ရိုးရာမင်္ဂလာဆောင်များပြု လုပ်ပြခြင်း၊ ရိုးရာကစားနည်းများ ကို ကစားစေခြင်းတို့ဖြင့် ဆွဲဆောင်ထားသည်။
၎င်းတို့၏ ရိုးရာကစားနည်း များ၊ အစားအသောက်များ၊ မင်္ဂ လာဆောင်များသည် အာဆီယံ နိုင်ငံများ၏ ဓလေ့များနှင့် ကွာဟ မှုမရှိလှသော်လည်း အနောက် တိုင်းမှ လာရောက်လည်ပတ်သူ များအတွက် ထူးဆန်းသော အတွေ့အကြုံတစ်ခုဖြစ်နိုင်သည် ဟု မရီရီသန်းကဆိုသည်။
‘‘မြန်မာဆိုရင်လည်း Home Stay ကို လွိုင်ကော်လိုနေရာမျိုး တွေမှာ လုပ်လို့ရပါတယ်။ တကယ်ကို ရိုးရာယဉ်ကျေးမှုကို အခြေခံတဲ့နေရာတွေပါ။ တကယ် လည်း ခရီးသည်တွေ စိတ်ဝင်စား တဲ့ ခရီးသွားလုပ်ငန်းပေါ့’’ဟု ပြည် တွင်းမှ ၀ါရင့်ဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုကဆိုသည်။
ကိုလိုနီခေတ်ရှေးဟောင်း အဆောက်အအုံများစွာရှိနေပြီး အပန်းဖြေကမ်းခြေကိုလည်း ပိုင် ဆိုင်ထားသော ပီနန်ကျွန်းသည် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာ ရင်းဝင်မြို့အဖြစ် အသိအမှတ်ပြု ထားသည်။
ပီနန်ကျွန်းရှိ ကမ်းခြေများ၏ သန့်ရှင်းမှု၊ ရှေးဟောင်းအဆောက် အအုံများ၏ ခမ်းနားထည်ဝါမှုတို့ မှာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်မှုအတွက်များစွာ အထောက်အကူဖြစ်စေပြီး သွား ရောက်လည်ပတ်သူများအတွက် ဆန်းကြယ်ကာလည်ပတ်စရာများ ပြားလှသော သဘာဝအခြေခံခရီး သွားနေရာတစ်ခုဖြစ်လေသည်။
ရှေးဟောင်းဒေသတစ်ခုဖြစ် သော်လည်း နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးများ၊ ဈေးဝယ်စင်တာ များ၊ စားသောက်ဆိုင်များရှိခြင်း ကလည်း ကမ္ဘာ့လှည့်ခရီးသည် များအတွက် အဆင်ပြေစေသော အချက်များဖြစ်သည်။
မလေးရှားတွင် ပီနန်ကဲ့သို့ နေရာဒေသအပြင် အခြားသောကမ္ဘာ့လှည့်ခရီးသည်စိတ်ဝင်စား သော နေရာများစွာရှိနေသေး သည်။ ထို့ကြောင့် အာဆီယံနိုင်ငံများတွင် ခရီးသည်ဝင်ရောက်မှု အများဆုံးနိုင်ငံဖြစ်နေသည်။ သို့သော်လည်း နှစ်စဉ်ခရီးသွားနှစ် များ ပြုလုပ်ခြင်း၊ ပွဲတော်နှစ်များ ပြုလုပ်ခြင်းတို့ဖြင့် ကမ္ဘာအရပ် ရပ်မှ ခရီးသည် ရရှိရေးအတွက် မလေးရှားအစိုးရက ကြိုးပမ်းနေ ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံတွင်လည်း ပီနန်ကျွန်းကဲ့သို့ ကိုလိုနီခေတ် အဆောက်အအုံ များစွာရှိနေပြီး ထိန်းသိမ်းမှုအားကောင်းသော ကြောင့် ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားလျက် ရှိသည်။ အထူး သဖြင့် ဥရောပတိုက်မှ လာရောက်လည်ပတ်သော ခရီးသည်များက စိတ်ဝင်စားကြသည်။
မြန်မာနိုင်ငံတွင်လည်း ရန်ကုန်ကဲ့သို့ ကိုလိုနီခေတ် အ ဆောက်အအုံများစွာရှိနေသော မြို့ကို သန့်ရှင်းသာယာအောင်ပြု လုပ်ခြင်း ရှေးဟောင်းအဆောက် အအုံများကို ထိန်းသိမ်းခြင်းဖြင့် ခရီးသည်များကို ဆွဲဆောင်သင့် ပေသည်။
ထို့အပြင် ယင်းတို့ထက် ရှေး ကျသော အေဒီ ၂ ရာစုခန့်က မြို့ ပြယဉ်ကျေးမှုထွန်းကားခဲ့သည့် ပျူမြို့ဟောင်းများကဲ့သို့ ရှေး ဟောင်းအမွေအနှစ် နေရာများရှိ နေခြင်းကလည်း အားသာချက် တစ်ခု ဖြစ်သည်ဟု ခရီးသွားလုပ် ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။ယဉ်ကျေးမှု အမွေအနှစ် ဒေသများ၊ သဘာဝအခြေပြုခရီး စဉ်ဒေသများသည် မြန်မာနိုင်ငံ တွင် များစွာရှိနေပြီး ကမ္ဘာလှည့် ခရီးသည်များ မထိမတွေ့ဖူးသေး သော ခရီးစဉ်နေရာဆန်းများစွာ ရှိနေသေးသောကြောင့် မလေးရှားအပါအ၀င် အာဆီယံနိုင်ငံများနှင့်ယှဉ်ပါက မြန်မာနိုင်ငံကို လည်ပတ်ရန် ရွေးချယ်သူမှာ အနာဂတ်တွင် ပိုများလာနိုင်သည်ဟု Nature Dream ခရီးသွားလုပ်ငန်းမှ မန် နေဂျင်းဒါရိုက်တာ ဒေါ်စံပယ် အောင်က သုံးသပ်သည်။
‘‘ခရီးသွားလုပ်ငန်း စကားအ ရ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံ က ခုချိန်မှာ အပျိုစင်နိုင်ငံလေးပါ။  လူတိုင်းက စိတ်ဝင်တစားလာ ရောက်လည်ပတ်ချင်ကြတယ်’’ ဟု Nature Dream ခရီးသွား လုပ်ငန်းမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က ပြောသည်။
နောက်တစ်ချက်အနေဖြင့် မလေးရှားနိုင်ငံ၏ ကမ်းခြေဒေသ များဖြစ်သော ဂျိုဟိုးနှင့် ပီနန်တို့ရှိ အပန်းဖြေကမ်းခြေများတွင် အ ဆင့်မြင့်ဟိုတယ်ကြီးများရှိခြင်း ကမ်းခြေ၏ သန့်ရှင်းသာယာမှုရှိ နေခြင်းတို့ကလည်း ကမ္ဘာလှည့် ဧည့်သည်များ အေးအေးချမ်းချမ်း နားနေနိုင်သည့်အချက်ကိုလည်း မြန်မာခရီးသွားလုပ်ငန်းတွင် အတုယူသင့်သည်။
မြန်မာနိုင်ငံတွင်လည်း လှပ သော အပန်းဖြေကမ်းခြေများ ရှိ နေပြီး သွားရေး လာရေးခက်ခဲ သော ငပလီကမ်းခြေကိုသာ ကမ္ဘာလှည့်ခရီးသည်များက သွားရောက် လည်ပတ်ကြပြီး ချောင်းသာနှင့် ငွေဆောင်ကမ်းခြေများမှာ သန့် ရှင်းမှု မရှိခြင်းနှင့် ခရီးသွားလုပ် ငန်းဆိုင်ရာ အခြေခံအဆောက်အအုံ လိုအပ်ချက်များကြောင့်လည်ပတ်သူ နည်းပါးလွန်းလှ သည်။
ကမ္ဘာလှည့်ခရီးသည် အ၀င် များသော ငပလီကမ်းခြေ၌ပင် ယခုနှစ်မှ စတင်ကာ သောက်သုံး ရေနှင့် လျှပ်စစ်မီး အလုံအ လောက် ရရှိရေး ဆောင် ရွက်လျက်ရှိနေသည်။
‘‘မလေးရှားတို့နဲ့ မြန်မာက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုက ဆယ် နှစ်လောက် ကွာဟမှုတွေရှိနေ တယ်။ သူတို့က ပိုပြီးတိုးတက် တယ်။ အဲဒီမှာ ကိုယ်တွေက သူတို့ ဆီကနေ ရှောင်သင့်တာတွေကိုသင်ခန်းစာယူပြီးတော့ ဆောင် ရွက်သင့်တယ်’’ဟု ဒေါ်စံပယ် အောင်က ဆိုသည်။
သို့သော်လည်း ပြည်တွင်း ငြိမ်းချမ်းမှု မရှိသေးခြင်း၊ တည်းခို နေထိုင်စရိတ်ကြီးမြင့်ခြင်း၊ လေ ယာဉ်စရိတ်များ ကြီးခြင်းတို့က လည်း မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းတိုးတက်မှု အရှိန်ကို ရပ် တန့်လိုက်မည်ကို ပြည်တွင်းမှ ခရီးသွားလုပ်ငန်းရှင်များ စိုးရိမ် နေကြသည်။
ယင်းသို့ မြန်မာနိုင်ငံ၏ ခရီး သွားလုပ်ငန်းဖွံ့ဖြိုးဆဲအချိန်တွင်နိုင်ငံ၏ ခရီးသွားပင်မ စီမံကိန်း (Tourism Master Plan) ကို စတင်ဆောင်ရွက်နေပြီး ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ခရီး သည် ခုနစ်သန်းခန့် ၀င်ရောက်နိုင် မည်ဟု သက်ဆိုင်ရာဝန်ကြီးဌာန က ခန့်မှန်းထားသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...