
4. Daniel Etter, Istanbul
တူရကီနိုင်ငံရဲ့ မြို့တော် အစ္စတန်ဘူမှာရှိတဲ့ Takism ရင်ပြင်နားမှာ နေထိုင်တဲ့ ဓာတ်ပုံဆရာ Daniel Etter အတွက်တော့ ဆန္ဒပြပွဲတွေကို မြင်တွေ့နေကျ ဖြစ်တဲ့အတွက် သိပ်မထူးဆန်း တော့ပါဘူး။ တစ်နေ့မှာ Takism ပန်းခြံအတွက် ဆန္ဒပြပွဲကိုလည်း သာမန်ဆန္ဒပြပွဲ တစ်ခုအဖြစ်သာ မှတ်ယူပြီး ယူကရိန်း နိုင်ငံကို သတင်းတစ်ခုအတွက် သူထွက်ခွာ သွားခဲ့ပါတယ်။ ဒီဆန္ဒပြပွဲက ဝန်ကြီးချုပ် Erdogan ကို ဆန္ဒပြပွဲအဖြစ် ပြောင်းသွားကြောင်း သူကြားရတဲ့ အချိန်မှာတော့ တူရကီနိုင်ငံကို သူပြန်ခဲ့ပါတယ်။
နောက်တစ်နေ့ညမှာ Dolmabahce နန်းတော်အတွင်းရှိ ဝန်ကြီးချုပ်ရဲ့ ရုံးခန်းနားမှာ ဆန္ဒပြသူ လူငယ်တွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို သူဓာတ်ပုံ ရိုက်ခဲ့ပါတယ်။
ရဲတွေက ဆန္ဒပြသူတွေကို မျက်ရည်ယို
ဗုံးတွေ၊ ရေတွေနဲ့ ပက်ကြသလို ဆန္ဒပြသူ လူငယ် တွေကလည်း ရဲတွေရှေ့တက်
မလာနိုင်အောင် တွေ့သမျှ ပစ္စည်းတွေနဲ့ ဒိုင်းသဘောမျိုး ကာရံထားကြပါတယ်။
အဲ့ဒီအချိန်မှာ အကာအရံ တစ်ခုအနားမှာ မျက်ရည်ယို ဗုံးတွေရဲ့ကြား၊ ခန္ဓာကိုယ်က
ဒယိမ်းဒယိုင် ဖြစ်နေတဲ့ ကြားထဲကနေ တူရကီနိုင်ငံ အလံကို ဝှေ့ယှမ်းနေတဲ့
လူငယ်တစ်ဦးကို သူတွေ့လိုက်ပါတယ်။
သူကိုယ်တိုင်တောင် ဓာတ်ငွေ့ကာ မျက်နှာဖုံး ဝတ်ထားတဲ့ ကြားထဲက အသက်ရှူရ ခက်ခဲနေပေမယ့် ဒီလူငယ်ကတော့ ဘာအကာအကွယ်မှ မပါဘဲ အလံကို ဝှေ့ယမ်း နေတာကို သူဓာတ်ပုံ ရိုက်ယူခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာကျော် Time မဂ္ဂဇင်းက ရွေးချယ်သည့် ၂၀၁၃ ခုနှစ် အကောင်းဆုံး ဓာတ်ပုံ ၁၀ ပုံ

ဓာတ်ပုံဆရာ David Jenkins က တောင်အာဖရိက နိုင်ငံမှာရှိတဲ့ Seal Island ကိုသွားပြီး ငါးမန်းဖြူတွေနဲ့ သူတို့ရဲ့အစာဖြစ်တဲ့ ပင်လယ်ဖျံတွေရဲ့ ကြားက အပြန်အလှန် တုံ့ပြန်မှုတွေကို ဓာတ်ပုံ ရိုက်ယူနေတာ ခြောက်နှစ်လောက် ရှိပါပြီ။ ၂၀၁၃ ခုနှစ် အတွင်းမှာလည်း သူက Seal Island ကို ရောက်ဖြစ်ခဲ့ပြီး ဇူလိုင်လ၂၆ ရက်နေ့ နံနက်မှာ ဒေသခံ ခရီးသွားလမ်းညွှန် တစ်ဦးနဲ့အတူ ငါးမန်းဖြူတွေ အစာရှာတာကို ဓာတ်ပုံရိုက်ယူဖို့ ပင်လယ်ဘက်ကို ထွက်လာခဲ့ပါတယ်။ အဲ့ဒီနေ့က ပင်လယ်မှာလည်း လှိုင်းလေမရှိဘဲ ငြိမ်သက်နေသလို၊ ကောင်းကင်မှာလည်း တိမ်တွေရှိနေတဲ့အတွက် ငါးမန်းဖြူတွေ အစာရှာတာကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ရဖို့ သူ့အတွက် အခြေအနေ ကောင်းတစ်ရပ်ပါပဲ။
ငါးမန်းဖြူတွေက နေမထွက်ခင် တစ်နာရီနဲ့ နေထွက်ပြီး တစ်နာရီကြာမှာ အစာရှာလေ့ ရှိပါတယ်။ သူတို့အစာဖြစ်တဲ့ သားကောင်ကို ဖမ်းဆီးတာကလည်း လျှက်ပြက်သလို မြန်ဆန်ပြီး ကြာမြင့်ချိန်က တစ်စက္ကန့်လောက်ပဲ ရှိပါတယ်။ David Jenkins တို့နှစ်ယောက်က ပင်လယ်ထဲမှာ အစာရှာဖွေ စားသောက်ပြီး ကျွန်းကို ပြန်လာတဲ့ ပင်လယ်ဖျံတွေရဲ့နောက် မလှမ်းမကမ်းကနေ ဓာတ်ပုံရိုက်ယူဖို့ လိုက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ပင်လယ်ဖျံအုပ်ကြီးကနေ တစ်ကောင်တည်း ကွဲထွက်ပြီး ကျန်ခဲ့တဲ့ ပင်လယ်ဖျံ တစ်ကောင်ကို ငါးမန်းဖြူ တစ်ကောင်က တိုက်ခိုက်ဖို့ ကြိုးစားတာကို သူတွေ့လိုက်ရ ပါတယ်။ ဒါပေမဲ့ ငါးမန်းဖြူက သူ့အစာကို ဟပ်ဖို့ ပါးစပ်အဖွင့်မှာပဲ ပင်လယ်ဖျံကလည်း ပျံတက် ပြေးသွားတဲ့အတွက် သီသီလေး လွတ်သွားပါတယ်။
နောက်ထပ်မိနစ် အနည်းငယ်လောက်အထိ ပင်လယ်ဖျံက သူ့ကို ခုန်ဟပ်လို့ရတဲ့ ပါးစပ်ပေါက်နဲ့ ဝေးရာ ငါးမန်းဖြူရဲ့ခန္ဓာကိုယ် နားမှာနေပြီး သူ့ကိုခုန်ဟပ်တဲ့အခါ ပေါ့ပါးမြန်ဆန်စွာ ရှောင်ပြေးပြီး ငါးမန်းဖြူ မောပန်းလာအောင် လုပ်နေပါတယ်။ အဲ့ဒီမြင်ကွင်းကို David Jenkins က အမိအရ ဓာတ်ပုံ ရိုက်ယူထားတာ ဖြစ်ပါတယ်။
ကမ္ဘာကျော် Time မဂ္ဂဇင်းက ရွေးချယ်သည့် ၂၀၁၃ ခုနှစ် အကောင်းဆုံး ဓာတ်ပုံ ၁၀ ပုံ

ကင်ညာနိုင်ငံရဲ့ မြို့တော် နိုင်ရိုဘီမှာရှိတဲ့ Westgate Mall ကို ဓာတ်ပုံသတင်းထောက် Tyler Hicks ရောက်သွားတော့ သေနတ်နဲ့ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သူသိလိုက်ရပါတယ်။ Westgate Mall ထဲကနေလူတွေ အလျှိုအလျှို ထွက်လာကြတာကို တွေ့လိုက်ရပြီး တချို့တွေ က သေနတ်နဲ့ ပစ်ခံထားရတဲ့အတွက် သွေးထွက်သံယိုတွေ ဖြစ်နေပါတယ်။ ဒီလိုပစ်ခတ်မှုတွေ ရှိလာနိုင်တယ် ဆိုတာကို သူစတင် ပြောင်းရွှေ့လာခဲ့တဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက် ကတည်းက လူတွေကို သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Al
Shabab စစ်သွေးကြွတွေက နိုင်ငံခြားသားတွေ အလာများတဲ့ လူစည်ကားတဲ့
နေရာတွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ ရှိပါတယ်။
Westgate Mall ရဲ့ အပြင်ဘက်မှာ ကြောက်လန့်နေတဲ့ လူတွေကို ဓာတ်ပုံရိုက်ယူပြီးတဲ့ အခါမှာတော့ အတွင်းထဲကို သူဝင်လာခဲ့ပါတယ်။ အတွင်းမှာတော့ ရဲတွေ၊ စစ်သားတွေနဲ့ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကနေ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ လူတွေနဲ့ ရှုပ်ထွေးနေပါတယ်။ မြေညီထပ်ကနေ အပေါ်ထပ်ကို တက်လာပြီး လသာဆောင်လို နေရာကနေ သွေးထွက်သံယို ဖြစ်နေကြတဲ့ လူတွေကို ကြည့်ရှုတဲ့ အချိန်မှာတော့ သေဆုံးနေတဲ့သူတွေကို တွေ့ရသလို ကဖီးဆိုင် တစ်ခုအတွင်းမှာ ကြောက်ရွံ့ထိတ်လန့်နေတဲ့ မိန်းမတစ်ဦးနဲ့ ကလေးနှစ်ဦးက မလှုပ်မယှက်နဲ့ ငြိမ်သက်စွာ ပုန်းအောင်း နေတာကို သူတွေ့လိုက်ရပါတယ်။
Westgate Mall ရဲ့ အပြင်ဘက်မှာ ကြောက်လန့်နေတဲ့ လူတွေကို ဓာတ်ပုံရိုက်ယူပြီးတဲ့ အခါမှာတော့ အတွင်းထဲကို သူဝင်လာခဲ့ပါတယ်။ အတွင်းမှာတော့ ရဲတွေ၊ စစ်သားတွေနဲ့ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကနေ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ လူတွေနဲ့ ရှုပ်ထွေးနေပါတယ်။ မြေညီထပ်ကနေ အပေါ်ထပ်ကို တက်လာပြီး လသာဆောင်လို နေရာကနေ သွေးထွက်သံယို ဖြစ်နေကြတဲ့ လူတွေကို ကြည့်ရှုတဲ့ အချိန်မှာတော့ သေဆုံးနေတဲ့သူတွေကို တွေ့ရသလို ကဖီးဆိုင် တစ်ခုအတွင်းမှာ ကြောက်ရွံ့ထိတ်လန့်နေတဲ့ မိန်းမတစ်ဦးနဲ့ ကလေးနှစ်ဦးက မလှုပ်မယှက်နဲ့ ငြိမ်သက်စွာ ပုန်းအောင်း နေတာကို သူတွေ့လိုက်ရပါတယ်။
အဲ့ဒီအချိန်မှာ
ဈေးဝယ်စင်တာ အတွင်းမှာ နေ့စဉ် ဖွင့်ထားပေးတဲ့ ဂီတသံကလည်း ထပ်ခါထပ်ခါ
လာနေပါတယ်။ ဒီမြင်ကွင်းကို သူက ဓာတ်ပုံတွေ ရိုက်ယူခဲ့ပြီး သူရပ်ကြည့်နေတဲ့
နေရာက အကာအကွယ်မဲ့ပြီး အန္တရာယ်များတဲ့အတွက် ပြန်ဆင်းလာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဒီအမျိုးသမီးနဲ့ ကလေးနှစ်ဦးကို ဒဏ်ရာ အနာတရကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သူသိခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ ဒီအမျိုးသမီးနဲ့ ကလေးနှစ်ဦးကို ဒဏ်ရာ အနာတရကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သူသိခဲ့ရပါတယ်။
No comments:
Post a Comment