စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထူးထူးဆန်းဆန်း, ဗဟုသုတ,(၃)


 
 
 ကနေဒါ နိုင်ငံမှာ ဖြစ်ပျက်ခဲ့တာလေးပါ ..
အလုပ်သမားတွေပေါ့ဆမှုကြောင့် Auto ဂိတ်တံဂါးပျက်နေခဲ့တယ်
ဖြတ်သန်းခ ငွေတွေ ထည့်စရာမလိုပဲ ၀င်လို့ရတယ်ပေါ့
ဒါပေမယ့် .. ကနေဒါနိုင်ငံသားတွေ အားလုံး
တန်ရာတန်ကြေးကို ပုံမှာပြထားတဲ့အတိုင်းစက်အပေါ်တင်တားခဲ့ကြတယ်
ဘယ်လောက်ထိ တာဝန်ယူတတ်ကြသလဲဆိုတာ သက်သေပါပဲ ..

ပထမဆုံးငွေအကြွေစေ့ စက်ပေါ်တင်ပေးသွားတဲ့လူကို သိပ်ကျေးဇူးတင်ဖို့ကောင်းတယ
သူ့ကြောင့်နောက်လူတွေလည်းငွေအကြွေစေ့တင်ရကောင်းမှန်း
စက်ပျက်နေမှန်းသိပြီး ကိုယ့်အလှည့်ကျ ငွေ မထားခဲ့ရင်
“ ရှက်ရကောင်းမှန်း ” သိပြီး အခုလို ထားခဲ့ကြတာပါ ..

ကိုယ့်နိုင်ငံမှာလည်း အဲဒီလိုဖြစ်စေချင်လှပြီ ...
“ ကိုယ့်တာဝန်ကိုယ်သိတတ်တဲ့အချိန် ” ပေါ့ ။

သက်တန့်ချို
Photo : Almost Hit A Billion

ဒီပုံလေးကိုတော့ နမူနာ ယူတတ်အောင် တာဝန်သိစိတ်ဆိုတာ ဘာလဲသိအောင် Share ပေးစေချင်ပါတယ် ကျွန်တော်ကိုယ်တိုင်လည်း ဒီလို အမူအကျင့်ကို သိပ်နှစ်သက်ပါတယ် ။
 
 
ကိုရီးယားနိုင်ငံမှ ကမ္ဘာ့ပထမဆုံး ထိတွေ့ပြီး ဝယ်ယူရတဲ့ စူပါမားကက်


ကမ္ဘာ့ပထမဆုံး ထိတွေ့ပြီး ဝယ်ယူရတဲ့ စူပါမားကက်ကို ကိုရီးယားနိုင်ငံမှ
တီထွင်လိုက် ပါတယ်။ အခြားသော စူပါမားကက်တွေ လိုမျိုး လှည်ကြီးနဲ့
သယ်နေစရာ မလိုပါဘူး။

ထိတွေ့ပြီး ဝယ်ယူလို့ ရတဲ့ အတွက်ကြောင့် မိမိအလို ရှိသော ပစ္စည်းကို လက်ဖြင့်ထိတွေ့ လိုက်ရုံဖြင့် အလိုအလျောက်ငွေရှင်း ကောင်တာကို ရောက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး ဒီထွင်လိုက်ခြင်းဟာ အချိန်မရ သူတွေ အတွက် ပိုမိုမြန်ဆန်စွာ
ဈေးဝယ်ယူလို့ ရမှာ ဖြစ်ပါတယ်။ ထို ထိတွေ့ပြီး ဝယ်ယူရတဲ့ စူပါမားကက်
မှ ပစ္စည်းတွေကို Online ကနေ ဝယ်ယူလို့ မရဘူးလို့ သိရပါတယ်။

ထို့ကြောင့် ကိုရီးယားနိုင်ငံမှ ကမ္ဘာ့ ပထမဆုံး ထိတွေ့ပြီး ဝယ်ယူရတဲ့ စူပါမားကက်ကို ဗဟုသု အနေဖြင့် ရေးသားပေး လိုက်ရပါတယ်။


ကျော်လင်းနိုင် (www.smart.com.mm)
 
 
 
ကမ္ဘာ့အရပ်အရှည်ဆုံးနဲ့ အပုဆုံး NBA အားကစားသမား နှစ်ဦး

အမေရိကန် NBA ဘတ်စကတ်ဘော အားကစား သက်တမ်းတစ်လျှောက်မှာ ကမ္ဘာ့အရပ်အရှည်ဆုံးနဲ့ အပုဆုံး အားကစားသမား ၂ ဦး တွဲဖက်ခဲ့ဖူး ပါတယ်။ ၁၉၈၇-၈၈ ခုနှစ်များကာလက ဖြစ်ပြီး Muggsy Bogues လို့အမည်ရတဲ့ လူငယ်က အရပ် ၅ ပေ ၃ လက်မပဲ ရှိပါတယ်။ နောက်တစ်ဦး ကတော့ Manute Bol လို့ အမည်ရပြီး အရပ် ၇ပေ၇လက်မ မြင့်ပါတယ်။

သူတို့ ၂ ဦးစလုံးဟာ တစ်သင်းထဲမှာ ပါဝင်ပြီး လိုက်ဖက်အညီဆုံး အားကစား တွဲဖော်တွဲဖက် ဖြစ်ခဲ့ ပါတယ်။ မိနစ်ပေါင်း ၂၇၆၄ မိနစ် အတူ ဆော့ခဲ့ပြီး ၅၆၉ ပွိုင့် ရရှိခဲ့ ပါတယ်။ ပြီးတော့ မဂ္ဂဇင်း သုံးခုရဲ့  ကာဗာမှာ ပါဝင်ခဲ့ ပါတယ်။

ဒါကြောင့်မို့ Muggsy နဲ့ Manute ဟာ ကမ္ဘာ့အရပ်အရှည်ဆုံးနဲ့ အရပ်အပုဆုံး တွဲဖက် အားကစားသမား အဖြစ် မှတ်တမ်းတင်စေခဲ့ ပါတယ်။
.
Ref: dyknow
အောင်ခမ်း ( ရိုးရာလေး )
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...