စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အောင်မြင်သော ဆရာဝန်တစ်ဦးဖြစ်လာဖို့အတွက် အချက် ၁၀ချက်




(၁)စာများများဖတ်ပါ- နေ့စဉ်လိုလို ရောဂါအသစ်တွေ၊ဆေးဝါးအသစ်တွေ၊သုတေသနအသစ်တွေ ထွက်ရှိနေတာမို့ ဆေးကုခြင်းနဲ့ အောင်မြင်စွာ အသက်မွေးလိုတဲ့ ဆရာဝန်တစ်ဦးဟာ သူများထက် ဆေးပညာကို ပိုဖတ်၊ပိုလေ့လာရမယ်။

(၂)လူသားဆန်ပါ- ကိုယ်ဟာ ဘယ်လောက်ထူးချွန်သူ ဖြစ်နေပါစေ။ လူနာနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ မမောက်မာမိပါစေနဲ့။
ဘယ်လောက်တော်တော် အားလုံးသိဖို့ဆိုတာ မဖြစ်နိုင်တာမို့ ကိုယ့်ထက်ငယ်တဲ့ဆရာဝန်တွေ အပေါ်မှာ လေးစားမှုရှိပါ။

(၃)ငွေကြောင့် အသက်မရှင်ပါနဲ့- ငွေမျက်နှာ တစ်ခုထဲကို မကြည့်ပါနဲ့။ လူသားအချင်းချင်း အသက်ကယ်၊ဆေးကုပေးရတဲ့ ဆရာဝန်အလုပ်ဟာ
သာမန်အရောင်းအ၀ယ်တစ်ခု မဟုတ်ပါဘူး။

(၄)ရည်မှန်းချက်ကြီးကြီးထားပါ - ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်တဲ့ ရည်မှန်းချက်မျိုးထားပြီး ပန်းတိုင်တစ်ခုပြီးတစ်ခု ခရီးဆက်ပါ။

(၅)အသေးစိတ်အချက်အလက်တွေက အစ ဂရုပြုပါ - အသေးအဖွဲက အစ စေ့စပ်သေချာပါစေ။ အသေးစိတ်ရောဂါလက္ခဏာလေးတစ်ခု
ကနေ ရောဂါကြီးတစ်ခုကို ဖော်ထုတ်နိုင်တာ သတိပြုပါ။

(၆)တာဝန်ယူတတ်ပါစေ - လူ့အသက်ကို တာဝန်ယူရတဲ့ ဆရာဝန်အလုပ် ပီပီ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီး အပြည့်အ၀တာဝန်ယူ
တတ်ပါစေ။

(၇)ဆက်ဆံရေး ကောင်းမွန်ပါစေ - လူနာနဲ့ ပတ်သတ်တဲ့ သတင်းဆိုးဖြစ်စေ၊သတင်းကောင်းဖြစ်စေ လူနာနဲ့ လူနာမိသားစုများကို
တော်သင့်မှန်ကန်စွာ အသိပေးတတ်ပါစေ။

(၈)အချိန်ကို မျှတစွာ စီမံခန့်ခွဲပါ - မိသားစုနဲ့ အလုပ်၊ အားလပ်ချိန်နဲ့ အလုပ် မျှတစွာ ခန့်ခွဲပါ။ လူသားတစ်ယောက်ပီသစွာ ဘ၀ကို
ပျော်ရွှင်စွာ ဖြတ်သန်းဖို့ အချိန်ပေးပါ။

(၉)စိတ်ရှည်ပါ - အောင်မြင်တဲ့ အချိန်ရောက်လာဖို့၊ရည်မှန်းချက်တွေ ပြည့်ဝဖို့ စိတ်ရှည်ပါ။ အရည်အချင်းပြည့်ဝအောင် ကြိုးစားနေသူ
တစ်ယောက်အဖို့ အောင်မြင်မှုက အချိန်မရွေး ရောက်လာပါလိမ့်မယ်။

(၁၀) လူသိများပါစေ - အများပြည်သူက မိမိကို သိလာအောင် ကိုယ့်ကိုကိုယ် အရောင်းမြှင့်တင်နိုင်ဖို့ ကျင့်ဝတ်စည်းမျဉ်းဘောင်ထဲက ဆောင်ရွက်ပါ။


https://www.facebook.com/photo.php?fbid=528977600533409&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...