စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခေတ်ကုန်နေပေမယ့် အသုံးဝင်နေဆဲ နည်းပညာ(၁၀)ခု




Thursday, January 16, 2014

အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေပြီဖြစ်တဲ့ နည်းပညာခေတ်ကြီးထဲမှာ အရာရာတိုင်းဟာလည်း ပြောင်းလဲမှုအသစ်အဆန်းတွေနဲ့ တွေ့ကြုံနေကြ ရပါတယ်။ ဒီလိုပြောင်းလဲလာတဲ့အတွက် တချို့သောနည်းပညာတွေဟာဆိုရင် လက်ရှိ အချိန်နဲ့ ကိုက်ညီမှုမရှိတော့တာကို တွေ့နေရမယ့် ယခုလက်ရှိ အချိန်အထိ ဆက်လက်အသုံးဝင်နေဆဲ နည်းပညာတွေနဲ့ ထုတ်ကုန်ပစ္စည်းတွေလည်း ကျန်ရှိနေပါသေးတယ်။ ဒါကြောင့်မို့ ခေတ်နဲ့အညီ ပြောင်းလဲ တိုးတက်နေတဲ့ စာဖတ်သူတွေ အနေနဲ့လည်း ကိုယ်တိုင်က နည်းပညာခေတ်ကို အမီလိုက်နေသူလား၊ ခေတ်နောက်ကျနေသူလား ဆိုတာကို ဆန်းစစ်ကြည့်နိုင်ဖို့ ခေတ်ကုန်နေပေမယ့် ဆက်လက်ပြီး အသုံးဝင်နေဆဲ နည်းပညာဆယ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လက်ပတ်နာရီ

လူတိုင်းဆဲလ်ဖုန်းကိုင်ဆောင်နေတဲ့ခေတ်ကြီးထဲမှာ လက်ပတ်နာရီတွေဟာ မလိုအပ်တော့တဲ့ပစ္စည်းတစ်ခုအဖြစ် တချို့တွေက သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် အချိန်နာရီသိရှိလိုတဲ့ အခါတိုင်း အိတ်ထဲမှာ ရောက်နေတဲ့ ဖုန်းကို ထုတ်ပြီး ကြည့်ခြင်းထက် လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ နာရီကို ကြည့်ခြင်းက သင့်အတွက် ပိုမိုအဆင်ပြေစေပါလိမ့်မယ်။

(၂) Dedicated GPS

နောက်ပိုင်းထွက်ပေါ်လာတဲ့ စမတ်ဖုန်းအများစုမှာ built-in GPS စနစ်ပါဝင်လာတာကြောင့် dedicated GPS device တွေဟာလည်းဒ အသုံးပြုမှု နည်းပါးလာပါတယ်။ ဒါပေမယ့်လည်း ကားအတွင်းမှာ အသုံးပြုတဲ့ in-dash GPS နဲ့ အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်တဲ့ portable GPS တွေဟာ စမတ်ဖုန်းတွေထက် ကားမောင်းနေစဉ်မှာ အသုံးပြုရတာ ပိုမို လွယ်ကူအဆင်ပြေစေသလို dedicated GPS ထုတ်လုပ်သူတွေကလည်း ၎င်းတို့ရဲ့ မြေပုံတွေကို အမြဲ update ပြုလုပ်ပေးလေ့ရှိပါတယ်။

(၃) ဒီဂျစ်တယ်ကင်မရာ

ဆဲလ်ဖုန်းအများစုမှာ built-in ကင်မရာတွေ ပါရှိလာတာကြောင့် ဖုန်းတစ်လုံးကိုယ်နဲ့ မကွာရှိနေပြီဆိုရင် ဒီဂျစ်တယ်ကင်မရာမရှိလည်း ဖြစ်နေပါပြီလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ကင်မရာရဲ့ resolution က ဘယ်လောက်ပဲ မြင့်မားကောင်းမွန်နေပါစေ ဒီဂျစ်တယ် ကင်မရာ တစ်လုံးရဲ့ စွမ်းဆောင်နိုင်မှုတွေကိုတော့ မယှဉ်နိုင်တာကို သတိရသင့်ပါတယ်။

(၄) အိတ်ဆောင်ဗီဒီယို ကင်မရာငယ်

ဖုန်းအများစုနဲ့ ဒီဂျစ်တယ်ကင်မရာ အမျိုးအစားသစ်တွေဟာ ယခုအချိန်မှာ အဆိုပါ အိတ်ဆောင် ဗီဒီယိုကင်မရာငယ်တွေထက် စွမ်းဆောင်ရည် ပိုမို ကောင်းမွန်နေပါပြီ။ ဒါပေမယ့် အားကစားပွဲတွေကို ရိုက်ကူးမှတ်တမ်းတင်ခြင်းနဲ့ ပတ်ဝန်းကျင် မြေအနေအထားကြမ်းတမ်းတဲ့ နေရာဒေသတွေမှာ ရိုက်ကူးခြင်းတွေအတွက်ဆိုရင်တော့ ၎င်း အိတ်ဆောင်ဗီဒီယိုကင်မရာငယ်တွေကို ဆက်လက်အသုံးပြုနေရဦးမှာ ဖြစ်ပါတယ်။

(၅) Local Storage

နည်းပညာတိုးတက်ပြောင်းလဲလာမှုနဲ့အတူ အချက်အလက်တွေကို သိမ်းဆည်းဖို့အတွက် cloud storage နည်းပညာလည်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် အသုံးပြုသူတွေအနေနဲ့ ယခုလက်ရှိအချိန်အထိ cloud storage မှာ အချက်အလက်တွေကို သွားရောက်သိမ်းဆည်းခြင်းထက် ကိုယ်ပိုင် ကွန်ပျူတာတွေထဲမှာရှိတဲ့ Local storage တွေမှာပဲ သိမ်းဆည်းခြင်းကို ဆက်လက်ပြုလုပ်နေကြပါတယ်။ အကြောင်းတစ်စုံ တစ်ခုကြောင့် ကွန်ရက် ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ရင် Local Storge ထဲမှာရှိနေတဲ့ အချက်အလက်တွေကို ဆက်လက်အသုံးပြုနိုင်စေပါလိမ့်မယ်။

(၆) အိတ်ဆောင်ကွန်ပျူတာ

ယခုနှစ်အစပို်င်းလောက်မှာပဲ tablet ကွန်ပျူတာတွေဟာ laptop ကွန်ပျူတာတွေရဲ့ နေရာကို အစားထိုးဝင်ရောက်လာပြီလို့ ဆိုကြပါတယ်။ Tablet တွေကို အဆင့်မြင့်နည်းပညာတွေ အသုံးပြုပြီး ထုတ်လုပ်ထားပေမယ့် table တွေ မစွမ်းဆောင်နိုင်တဲ့ အခြားလုပ်ငန်းစဉ်တွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့်မို့ လုပ်ငန်းစဉ် အတော်တ်ေများများကို လုပ်ဆောင်ပေးနိုင်ပြီး ကီးဘုတ်နဲ့ အသုံးပြုနိုင်တဲ့ laptop ကွန်ပျူတာတွေက လက်ရှိအချိန်ထိ ရေပန်းစားနေဆဲပါပဲ။

(၇) အိတ်ဆောင်ဖျော်ဖြေရေးပစ္စည်းများ

အဆင့်မြင့် စမတ်ဖုန်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် အလွယ်တကူသယ်ဆောင် အသုံးပြုနိုင်တဲ့ အိတ်ဆောင်ဖျော်ဖြေရေး ပစ္စည်းတွေ သုံးစွဲမှုဟာလည်း လျော့ကျလာပါတယ်။ အိတ်ဆောင်ဖျော်ဖြေရေးပစ္စည်းတွေရဲ့ အားသာချက်က storge capacity ပိုမို များပြားခြင်းနဲ့ ဘက်ထရီသုံးစွဲမှု နည်းပါးခြင်းတို့ပဲ ဖြစ်ပါတယ်။ ဖျော်ဖြေမှုစနစ်တွေကို အပြည့်အဝခံစားနိုင်ဖို့ အတွက်ကတော့ အိတ်ဆောင်ဖျော်ဖြေရေးပစ္စည်းတွေကို ဆက်လက်အသုံးပြုနေရဦးမှာပါ။

(၈) Blu-ray Disc

ဖျော်ဖြေရေးကွန်ရက်တွေပေါ်ကတစ်ဆင့် ရုပ်ရှင်တွေကို တိုက်ရိုက်ကြည့်ရှုနိုင်နေပြီဖြစ်ပေမယ့် အကြောင်းတစ်စုံတစ်ရာကြောင့် ကွန်ရက်ပြတ်တောက်ခြင်း၊ နှေးကွေးခြင်းတွေ ဖြစ်ခဲ့မယ့်ဆိုရင် ၎င်း ရုပ်ရှင်ရဲ့အရသာကို အပြည့်အဝ ခံစားရမှာ မဟုတ်ပါဘူး။ Blu-ray disc တွေကသာ ရုပ်ရှင်ရဲ့ အရသာကို အပြည့်အဝ ခံစားရစေပါလိမ့်မယ်။

(၉) Non-smartphone

စမတ်ဖုန်းတွေဟာ နည်းပညာတွေ အလွန်အဆင့်မြင့်လာတာကြောင့် ငယ်ရွယ်သူတွေအတွက် နှစ်ခြိုက်စရာ၊ တပ်မက်စရာ နည်းပညာထုတ်ကုန်သစ် တစ်မျိုးဖြစ်ပေမယ့် အသက်အရွယ်ကြီးရင့်သူတွေအတွက်တော့ အသုံးပြုရာမှာ အခက်အခဲဖြစ်စေရုံကလွဲပြီး တပ်မက်ဖွယ်မကောင်းတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ အလွယ်တကူအသုံးပြုနိုင်တဲ့ non-smartphone တွေကို ဆက်လက်အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။

(၁၀) အထိုင်ဖုန်း

အလွယ်တကူသယ်ဆောင်သွားနိုင်တဲ့ ဆဲလ်ဖုန်းတွေကို လူတိုင်းကိုင်ဆောင်အသုံးပြုလာပြီးတဲ့နောက် အထိုင်ဖုန်းအသုံးပြုမှုလည်း နည်းပါးလာခဲ့ပါတယ်။ အချို့ လူနေထူထပ်တဲ့ နေရာတွေမှာဆိုရင် ဖုန်းလိုင်းမမိတဲ့ ပြဿနာတွေ ဖြစ်လေ့ရှိတာကြောင့် အထိုင်ဖုန်းတွေဟာလည်း အရေးကြီးကိစ္စတွေအတွက် မရှိမဖြစ် လိုအပ်နေပါသေးတယ်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...