စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလုပ်မရှိဘူးလား.. စားပွဲထိုးလုပ်ပါလား ----- ဗြိတိန် အလုပ်သမားဝန်ကြီး



အထက်ပါ စကားကို ရိုးရာလေးက ပြောတာ မဟုတ်ပါဘူး။ ဗြိတိန် အလုပ် သမား ဝန်ကြီး ဖြစ်တဲ့ Esther McVey က အလုပ်လက်မဲ့ ဖြစ်နေ တဲ့ ဗြိတိန် လူငယ်ထုတွေကို ပြောလိုက်တာ ဖြစ်ပါတယ်။

မြန်မာပြည်မှာတင် မကပဲ တစ်ကမ္ဘာလုံးက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလည်း အလုပ် လက်မဲ့ လူဦးရေ တိုးတက်နေပါတယ်။ ဗြိတိန်ဟာ ယင်းထဲမှာ ဆိုးရွားတဲ့ စာရင်းထဲ ပါဝင်ပြီး အသက် ၁၆ နှစ်နဲ့ ၂၄ နှစ်ကြား အလုပ်လက်မဲ့ ၁၀ သိန်းနီးပါး၊ အသက် ၂၅ နှစ်အောက်မှာ အလုပ်မရလို့ အခက်တွေ့နေတဲ့ ၂သိန်း၈ သောင်းကျော် လူဦးရေ အပြင် နောက်ထပ်လည်း တိုးနေပါတယ်။ ယခု ကြုံတွေ့ရမှုဟာ ၁၉၉၃ ခုနှစ်က ကြုံတွေ့ရတာထက်တောင် ပိုပြီးတော့ ဆိုးရွားနေကြောင်း ဆိုပါတယ်။

ယခုလို ကြုံတွေ့နေရတဲ့ အချိန် ဗြိတိန် အလုပ်သမား ဝန်ကြီး Esther McVey ပြောလိုက်တဲ့ စကားက ရှင်းပါတယ်။ အလုပ်မရှိရင် ကော်ဖီ ဆိုင် တွေမှာ စားပွဲထိုး ဝင်လုပ်ဖို့ တိုက်တွန်းလိုက်ခြင်း ဖြစ်ပါတယ်။ သူမရဲ့  ဖြေကြားချက်က ဒီလိုပါ။

"ကျောင်းပြီးစ လူငယ်လေးတွေက သူတို့မြင်တွေ့ပြီး အောင်မြင်နေသူတွေ လိုမျိုးကို ဖြစ်ချင်ကြတယ်။ ဒါပေမယ့် ကိုယ့်ကိုယ့်ပြန်ကြည့်လိုက်တဲ့အခါ မှာ အဲ့လောက်ထိ အရည်အချင်း မရှိသေးဘူးဆိုတာ တဖြည်းဖြည်းနဲ့ နားလည် နိုင်ရမယ်။ ဒီတော့ လှေကားထစ်ကို စတက်ဖို့အတွက် ပထမဆုံး ခြေလှမ်းက အောက်ဆုံးကပဲစတာ။ ဒီတော့ ဘယ်အလုပ် စလုပ်လုပ် Entry Level Job လို့ခေါ်တဲ့ အောက်ခြေက အလုပ်ကိုပဲ စတင်ရမှာပါ"

သူမ ကိုယ်တိုင်က ကျောင်းပြီးပြီးချင်း မိသားစု နဲ့အတူ ကိုယ်ပိုင်အလုပ်တစ်ခုကို စတင်ပြီး နောက်တော့ အမျိုးသမီး စီးပွားရေး ဖိုရမ်ကို တည်ထောင်ဦးဆောင်လာနိုင်သူ ဖြစ်ခဲ့ ပါတယ်။ အသက် ၆၄ နှစ်ရှိပြီ ဖြစ်တဲ့ Esther McVey ဟာ လက်ရှိမှာ ဗြိတိန် နိုင်ငံက ကြုံတွေ့နေရတဲ့ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ဦစားပေး ကြိုးပမ်း ဆောင်ရွက် နေကြောင်း သိရ ပါတယ်။
.
Ref: dailymail
အောင်ခမ်း ( ရိုးရာလေး )


https://www.facebook.com/photo.php?fbid=529955837102252&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...