စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာကျော် Time မဂ္ဂဇင်းက ရွေးချယ်သည့် ၂၀၁၃ ခုနှစ် အကောင်းဆုံး ဓာတ်ပုံ ၁၀ ပုံ(1,2,3)


1. John Tlumacki, Boston

ဒီဓာတ်ပုံကတော့ ၂၀၁၃ ခုနှစ် ဧပြီလ အတွင်းက အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့မှာ ပြုလုပ်ခဲ့တဲ့ မာရသွန်ပြိုင်ပွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ချိန်မှာ ဓာတ်ပုံဆရာ John Tlumacki က ရိုက်ကူးထားခဲ့တာ ဖြစ်ပြီး The Boston Globe သတင်းစာမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဗုံးပေါက်ကွဲမှု စတင်ဖြစ်ပွားတဲ့ အချိန်မှာ ဓာတ်ပုံဆရာက အမျိုးသား မာရသွန် ပြိုင်ပွဲဝင်တွေ ပန်းဝင်တဲ့ နေရာနားမှာ ရပ်ပြီး အပြေးသမားတွေကို ဓာတ်ပုံရိုက်နေတာ ဖြစ်ပြီး ပြေးလမ်းပေါ်မှာ အပြေးသမားတစ်ဦး လဲကျသွားတဲ့ အချိန်မှာ သူကလည်း ဓာတ်ပုံရိုက်ဖို့ ပြေးအသွား ရဲသုံးယောက်ကလည်း ပြေးလာတာကို မြင်လိုက်ရတဲ့ အချိန်မှာ ဒီဓာတ်ပုံကို ရိုက်ခဲ့တာ ဖြစ်ပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်စဉ်မှာ ဒဏ်ရာရသွားတဲ့ သူတွေ၊ ခြေပြတ်နေတဲ့ သူတွေကို ဆယ့်နှစ်မိနစ်ကြာ ဓာတ်ပုံရိုက်ခဲ့ပြီး The Boston Globe ရုံးကို ပြန်ခဲ့ပါတယ်။ တချို့ ညတွေမှာဆို ဗုံးပေါက်ကွဲမှု ဖြစ်စဉ်က ပုံရိပ်တွေကို ပြန်မြင်နေရတုန်း ပါပဲလို့ ဓာတ်ပုံဆရာက ပြောပါတယ်။

Voice


https://www.facebook.com/photo.php?fbid=525951037502732&set=a.351047714993

 

ကမ္ဘာကျော် Time မဂ္ဂဇင်းက ရွေးချယ်သည့် ၂၀၁၃ ခုနှစ် အကောင်းဆုံး ဓာတ်ပုံ ၁၀ ပုံ

2. Taslima Akhter, Bangladesh

ဒီဓာတ်ပုံကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ၂၀၁၃ ခုနှစ် ဧပြီလတုန်းက လူတစ်ထောင်ကျော် သေဆုံးခဲ့ရတဲ့ အထည်ချုပ်စက်ရုံ မီးလောင်မှု ဖြစ်စဉ်မှာ ဓာတ်ပုံဆရာ Taslima Akhter က အုတ်ကြိုး အုတ်ပျက်တွေ ကြားထဲမှာ ဖက်လျက် သေဆုံးနေတဲ့ စုံတွဲတစ်တွဲကို တွေ့ပြီး မှတ်တမ်းတင် ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီမီးလောင်မှု သတင်းကို ကြားတဲ့မနက် ၉ နာရီ အချိန်လောက်မှာ မီးလောင်မှု ဖြစ်ပွားတဲ့ နေရာကို သွားခဲ့ပေမယ့် ဒီလောက်အထိ ကြီးကျယ်လိမ့်မယ်လို့ သူမထင်ခဲ့ပါဘူး။
 
 နာရီ အနည်းငယ် အတွင်းမှာတော့ မီးလောင်မှုက ဘယ်လောက်အထိ ကြီးမားမှန်း၊ ထိတ်လန့် ကြောက်ရွံ့စရာ ကောင်းမှန်း သူသိခဲ့ရပါတယ်။ တစ်နေ့ တာလုံးကိုတော့ အသက်ရှင် ကျန်ရစ်ခဲ့သူတွေကို ကူညီနေတဲ့သူတွေ၊ ဓာတ်ပုံ ရိုက်ကူးနေတဲ့ သူတွေနဲ့အတူ သူ ဖြတ်သန်းခဲ့ ပါတယ်။
ည ၂ နာရီ အချိန်လောက်မှာတော့ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ အထည်ချုပ်စက်ရုံရဲ့ အနောက်ဘက်က အုတ်ကြိုးအုတ်ပဲ့တွေ ကြားထဲမှာ တစ်ဦးနဲ့တစ်ဦး ဖက်လျက် သေဆုံးနေတာကို သူတွေ့လိုက်ရပြီး ဓာတ်ပုံ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ သေဆုံးနေတဲ့ အမျိုးသားရဲ့ မျက်လုံးထဲကနေ သွေးစက်တွေက မျက်ရည်တွေလိုပဲ စီးကျနေပါတယ်။

အဲ့ဒီ အချိန်ကတည်းက ဒီစုံတွဲရဲ့ပုံရိပ်က သူ့နှလုံးသားထဲမှာ အမြဲတမ်း ရှိနေပြီး၊ သူတို့နှစ်ယောက်ရဲ့ နောက်ဆုံးအချိန်မှာ ဘာတွေကို စဉ်းစားနေခဲ့လဲ။ မိသားစုဝင်တွေကို သတိရနေခဲ့လား၊ တစ်ယောက်နဲ့ တစ်ယောက် ကယ်ဖို့ ကြိုးစားခဲ့တာလား ဆိုတဲ့မေးခွန်းတွေ မေးနေမိတယ်လို့ ဓာတ်ပုံဆရာက ပြောပါတယ်။
 
 
 

ကမ္ဘာကျော် Time မဂ္ဂဇင်းက ရွေးချယ်သည့် ၂၀၁၃ ခုနှစ် အကောင်းဆုံး ဓာတ်ပုံ ၁၀ ပုံ

3. Tim Holmes, Dunalley, Australia

ဒီဓာတ်ပုံကတော့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ အတွင်းက သြစတြေးလျ နိုင်ငံအတွင်းရှိ ကမ်းရိုးတန်း မြို့လေးတစ်မြို့ ဖြစ်တဲ့ Dunalley မြို့လေးမှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တုန်းက ကုန်းပေါ်မှာ မီးကို ရှောင်စရာနေရာ မရှိတော့တဲ့ အတွက် အိမ်အနီးအနားမှာ ရှိတဲ့ ဆိပ်ခံတံတား ရှိရာကို ပြေးခဲ့ပြီး တံတားအောက်မှာ ဆင်းပြီး မီးတောက်တွေကို ရှောင်နေရတဲ့ မိသားစုတစ်စုရဲ့ ပုံရိပ်ကို အဲ့ဒီ မိသားစုထဲက ဖခင်ဖြစ်တဲ့ Tim Holmes ကိုယ်တိုင်က ရိုက်ကူးထားတာပါ။ ‘ရိုက်ကူးတဲ့သူက ဓာတ်ပုံဆရာ တစ်ယောက် မဟုတ်ဘဲ’ မီးလောင်မှု ဖြစ်စဉ်မှာ သူတို့မိသားစု ဘေးကင်းရန်ကင်း ရှိကြောင်း သမီးဖြစ်သူ သိအောင် Message ပို့ဖို့အတွက် ဇနီးဖြစ်သူရဲ့ iPhone နဲ့ သူကိုယ်တိုင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Tim Holmes တို့ မိသားစုက ဆိပ်ခံတံတားအောက်မှာ နှစ်နာရီခွဲကြာ မီးရှောင်နေ ခဲ့ရပါတယ်။ ပင်လယ်ရေက အေးလှသလို မျက်နှာကို မီးဟပ်တဲ့ အတွက်လည်း ပူလှပြီး အဆိုးဆုံးကတော့ မီးခိုးငွေ့တွေ ကြားထဲမှာ အသက်ရှူလို့ မရတာပဲလို့ Tim Holmes ကပြောပါတယ်။ မီးလောင်မှုမှာ မိသားစုဝင်တွေ အားလုံး အသက်ချမ်းသာရာ ရခဲ့ပေမယ့် ပစ္စည်းဥစ္စာတွေတော့ ဆုံးရှုံးသွားခဲ့ရပါတယ်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...