စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထူးထူးဆန်းဆန်း, ဗဟုသုတ,(၂)




ကမ္ဘာကြီးပေါ်ကထူးဆန်းတဲ့ဓလေ့များ _ ကလေးပစ်ချတဲ့ပွဲတော်


အိန္ဒိယက ထူးဆန်းတဲ့ပွဲတော်တစ်ခုကတော့ အမြင့်ပေ ၅၀လောက်မြင့်တဲ့ နေရာကနေ ကလေးတွေကို ပစ်ချတဲ့ပွဲတော်ဖြစ်ပါတယ်။ အိန္ဒိယက ဟင်ဒူနဲ့ မူဆလင်တွေ ဒီပွဲတော်ကို ကျင်းပခဲ့တာနှစ်၇၀၀လောက်ရှိ ပါပြီ။ဒီအလေ့အထကို အိန္ဒိယမဟာရာရှထရာဒေသ ကဟင်ဒူနဲ့ မူဆလင်ဘာသာဝင်တွေ အများဆုံးလုပ်ဆောင်ကြပါတယ်။

တနှစ်မှာတခါ ကျင်းပလေ့ရှိပြီး ဒီလို ပစ်ချခြင်းဟာ ကလေးငယ်ကိုကျန်းမာစေ တယ်။ကံကောင်းစေတယ် လို့ ယူဆကြပါတယ်။ကလေးတွေကိုပစ်ချလိုက်ပြီး အောက်က အိပ်ယာခင်းနဲ့ ခံထားပါတယ်။ ကလေးကျသွားပြီဆို တာနဲ့ သူတို့ မိခင်ဆီမြန်မြန်ပဲလက်ဆင့်ကမ်းပေးလိုက်ပါတယ်။
ကလေးအများစုကတော့ အသက်၂ နှစ်အောက်ကလေးတွေဖြစ်ပါတယ်။ ဒီလိုကျင်းပခဲ့တဲ့အတွက် ကလေးတစ်ယောက်မှ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူးလို့ ရွာသားတွေပြောကြပါတယ်။

ဒီဓလေ့ကို အိန္ဒိယရဲ့ တောပိုင်းရွာငယ်လေးတွေမှာအများဆုံးလုပ်လေ့ရှိကြပါတယ်။
ဒီပွဲတော်မှာ ပါဝင်ချင်တဲ့ မိဘများက ဘာဘာရှိတ်အူမာဆာဟက်(ဒါမှမဟုတ်)ဘုရားကျောင်းမှာ အဓိဌာန်ပြုရပါတယ်။ရွာသားတွေကတော့ ဒီပွဲတော်ကျင်းပခြင်းဟာကျေးဇူးတင်ခြင်းဖော်ပြတဲ့ နည်းလမ်းတစ်ခုလို့ ဆိုကြပါတယ်။အန္တရာယ်ရှိတယ်လို့ ယူဆပြီး ၂၀၁၁မှာ ပိတ်ပင်ခဲ့ပေမယ့် ဆက်လက်ကျင်းပနေကြတုန်းပါပဲ။


http://edition.cnn.com/2008/WORLD/asiapcf/05/01/babies.tower/#cnnSTCText

http://myawadynews.blogspot.com/2014/01/blog-post_158.html

 
ဂျပန် နိုင်ငံမှာ ဗလာကျင်း လူခန္ဓာကိုယ် (naked body) ပေါ်မှာ တည်ခင်း ဧည့်ခံတဲ့ Body Sushi ဆူရှီဆိုင်တွေ ရှိပါတယ်။ အမျိုးသမီး ခန္ဓာကိုယ် ပေါ်မှာ ဆိုရင် Nyotaimori လို့ခေါ်ပြီး အမျိုးသား ပေါ်မှာ ဆိုရင် Nantaimori လို့ခေါ်ပါတယ်။ 
 
သက်ရှိ ဆူရှီဗန်းကို ပြင်ဆင်တဲ့ အခါ အဲ့မော်ဒယ်က အချိန်ကြာကြာ မလှုပ်မယှက် လဲလျောင်း နိုင်အောင် လေ့ကျင့် ရတဲ့အပြင် ဆူရှီရဲ့ အေးစက်တဲ့ အထိအတွေ့ကို ကျင့်သား ရအောင် လေ့ကျင့် ရပါတယ်။ မော်ဒယ်ကို အနံ့အသက် မရှိတဲ့ ဆပ်ပြာနဲ့ ရေချိုး သန့်စင်ပြီးမှ ဆူရှီကို တည်ခင်း ပါတယ်။ 
 
တချို့ နိုင်ငံမှာတော့ သန့်ရှင်းမှု ကျန်းမာရေး ဥပဒေ အရ လူခန္ဓာကိုယ် ပေါ်မှာ ပလတ်စတစ် ဒါမှမဟုတ် တစ်ခုခု ခံဖို့ လိုပါတယ်။ ဒါပေမယ့် ဒီလို စတန့်ထွင်တဲ့ body sushi တွေကို နိုင်ငံတော်တော် များများက ကျန်းမာရေး အရ၊ ယဉ်ကျေးမှု အရ လက်မခံဘဲ ပိတ်ပင် ထားပါတယ်။ ဂျပန် ရိုးရာ ဓလေ့ထုံးစံ တစ်ခု ဖြစ်ပေမယ့် အများစုက မကြိုက် နှစ်သက် ကြဘဲ Tokyo, Kyoto နဲ့ Osaka မြို့တွေ လောက်မှာပဲ Body Sushi ဆိုင်တွေ ရှိပါတယ်။

[source: wiki, image from imgur]
 



 ကမ္ဘာ့နိုင်ငံ တိုင်းမှာ 4G Network မရသေး ပေမယ့် တောင်ကိုရီးယားက ရှေ့တစ်လှမ်း ထပ်လှမ်းပြီး 5G Network ဆီသွားနေ ပါပြီ။ နိုင်ငံတွင်းက ကုမ္ပဏီ တွေဖြစ်တဲ့ Korea Telecom, SK Telecom, Samsung နဲ့ LG စတာတွေနဲ့ ပူးပေါင်းပြီး ₩1.6 trillion အကုန်အကျခံ ဖော်ဆောင်မှာပါ။

 တောင်ကိုရီးယား နိုင်ငံရဲ့ သိပ္ပံ ၀န်ကြီးဋ္ဌာနက 5G ကအခု လက်ရှိ 4G ထက်အဆ တစ်ထောင် ပိုမြန်မယ်လို့ ဆိုပါတယ်။ ဒီနှုန်း အတိုင်းဆို 800MB ရှိတဲ့ ရုပ်ရှင်တစ်ကားကို ဒေါင်းလုတ် ဆွဲရင် speed က 1Gbps နဲ့စက္ကန့်ပိုင်း လောက်ပဲ ကြာမှာပါ။ ဒီဝန်ဆောင်မှုကို ၂၀၁၇မှာ အစပျိုးမှာ ဖြစ်ပြီး ၂၀၂၀မှာ အပြီးသတ် မှာပါ။ တောင်ကိုရီးယား နိုင်ငံက ၁၉၉၀ ခုနှစ် တွေမှာ 2G၊ ၂၀၀၀ခုနှစ် တွေမှာ 3G နဲ့၂၀၁၀မှာ 4G ကိုစခဲ့ပြီး အခု အမေရိကန်၊ တရုတ် နိုင်ငံတွေနဲ့ အပြိုင် 5G ကိုစတင် တော့မှာပါ။

[source: cnet, image from reddit]

https://www.facebook.com/photo.php?fbid=530868817010954&set=a.351047714993066.


  https://www.facebook.com/photo.php?fbid=530808753683627&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...