စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Taxi မောင်းသူတစ်ဦးထံမှရတဲ့အသိပညာတစ်ခု


                              
တစ်နေ့ ကျွန်တော် Taxi ငှားစီးခဲ့ပါတယ်။ Taxi မောင်းသူဟာအသက် ၃၀ ၀န်းကျင်လူငယ်လေးပါ။ ၀တ်စားထားတာလည်း T-Shirt အဖြူနဲ့ စတိုင်ပင်အနက်နဲ့ပါ။ နေကာမျက်မှန်လေးတပ်ထားပါတယ်။ မောင်းနေရင်း ဆီဆိုင်မှာ ဆီဝယ်ထည့်ခွင့်တောင်းပြီး ဆီဝင်ထည့်ပါတယ်။ 


ဆီထည့်ပြီးတော့ ပေးတဲ့ဘောင်ချာကို ဗလာစာအုပ်တစ်အုပ်မှာတွဲချုပ်ထားလိုက်ပါတယ်။ ကားပေါ်မှာအစုံပါလာသဗျာ.. ဒါနဲ့စကားတွေစမိလိုက်ပါတယ်ပေါ့.. အတိုချုပ်ပြောရရင် အဲ့ဒီ့ညီလေးဟာ ၀င်ငွေကို အချိုးချသုံးသူဆိုတာ အံ့ဖွယ်တွေ့လိုက်ရပါတယ်။ စာရင်းစာအုပ်ကလေးမှာ အသေးသုံး ၁၀၀ ကအစ ထည့်ရေးထားပါတယ်။ မသိသူဖတ်မိရင် ဘာတွေမှန်းတောင်မသိမှာပါ။ 

အကြောင်းအရာတွေကို ထိပ်ဆုံးစာမျက်နှာမှာ + လေးတွေနဲ့မာတိကာထုတ်ထားပါတယ်။ တစ်နေ့ခြင်းစာရင်းသွားပါတယ်။ ဥပမာ- ထမင်းစား ဆိုတာက ပုံမှန်မဖြစ်နေအလုပ်မို့ +++ ပေးထားပါတယ်။ ဆီထည့်ဆိုရင်လည်း +++++ ငါးလုံးပေးထားပါတယ်။ လက်ဖက်ရည်သောက်၊ ကွမ်းစားတွေကိုတော့ ---- အနုတ်လေးလုံးပေးထားပြန်ပါတယ်။ ဒီလိုပဲ သူ့စာအုပ်မှာ + - တွေနဲ့မှတ်တမ်းရေးပါတယ်တဲ့။ ဗဟုသုတရစရာကတော့ မဖြစ်မနေကိစ္စအသုံးတွေကို + ပြပါတယ်။ 

အပိုသုံးအဖြုန်းတွေကို - ပြပါတယ်။ ညအိမ်ပြန်ရင် တစ်ရက်စာစာရင်းချုပ်လို့ အပေါင်းကတော့ ပုံမှန်ရှိနေတတ်ပြီး -- တွေများလာရင် နောက်နေ့ အစားချေစနစ်နဲ့ အနုတ်တွေကိုညီအောင် မသုံးပဲနေပါတယ်တဲ့။ အတန်းကတော့ ၇ တန်းပဲသင်ဖူးပါတယ်တဲ့ဗျာ။ စာ၇င်းထားတာနဲ့ တွက်တာ Account သမားတွေဆလံသရပါလိမ့်မယ်။ တစ်နေ့ဝင်ငွေကိုလည်း သီးသန့် ကော်လံနဲ့တွက်ထားသဗျာ ၁၅၀၀၀ ၀င်တဲ့ပေါ့ဗျာ - အ၀တ်ပွန်းခ ၅၀၀ - အသက်ရှင်ကြေး ၁၀၀၀ - အချိန်ကုန်ခ ၅၀၀၀ ဒီသုံးခုကို သီးသန့်ပြန်စုထားပါတယ်တဲ့ တစ်နေ့ကို ၆၅၀၀ မရမနေပြန်စုပါတယ်တဲ့။ မပြည့်ရင် + တွေ - တွေကိုအစားချေပါတယ်တဲ့ သန်းထိုက် လိုလူတောင် ထိုင်ကန်တော့ချင်စိတ်ပေါက်မိသွားပါတယ်။ ဆက်ပြောသည်မှာ အ၀တ်ပွန်းခ ၅၀၀ ကိုစုပြီး တစ်လတစ်ကြိမ်အ၀တ်ပြန်ဝယ်ပါတယ်။ 

အဟောင်းကိုအပေါင်ဆိုင်ပို့ပြီးမရွေးပဲထားလိုက်ပါတယ်တဲ့။ ရောင်းရင် ပေါင်သ လောက်မလွယ်သလို တန်ဖိုးလည်းမရလို့ပါတဲ့။ သူ့မှာအ၀တ်အား ၅ စုံထက်ပိုမထားပါတဲ့။ အသက်ရှင်ကြေး ၁၀၀၀ ကိုစုပြီးတစ်လတစ်ခါ မိဘပြန်ပေးပါတယ်တဲ့။ သူတို့ကြောင့်အသက်ရှင်နေရလို့ပါတဲ့ဗျာ.. အချိန်ကုန်ခ ၅၀၀၀ ကိုတော့ နောက်ဆက်ရမယ့်အချိန်အတွက် ပြန်စုနေပါတယ်တဲ့ အရင်းအနှီးတစ်ခုရရင် ပြန်သုံးပါတယ်တဲ့။ ဒီကားက ကိုယ်ပိုင်ပါတဲ့ဗျာ ဒါဆိုမင်းတွက်တဲ့အထဲပါ Owner ကြေးမတွေ့ပါလားလို့မေးတော့ နောက်တစ်စီးဝယ်ဖို့အတွက် ဆတူအရင်းဆိုတဲ့ ခေါင်းစဉ်မှာ သီးသန့်ထားပါသတဲ့.. အများကြီးပြောချင်ပါသေး၊ စာတစ်အုပ်ရေးလို့ရတယ်ဗျာ အမှတ်တရ

-သန်းထိုက်(ရွှေရိပ်)


https://www.facebook.com/photo.php?fbid=530096160421553&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...