စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မွေးစကလေး နိ့တိုက်ကျွေး

                            



-မိခင်နိ့ကို ကလေး ဆာတိုင်းတိုက်ပါ။ နိ့တစ်ဖက်ကို မိနစ် 30 တိုက်ပါ ။
တစ်ဖက်တည်း ဆက်တိုက် တိုက်မယ်ဆို အဲဒီနိ့အုံဟာ ကြီးသထက်
ကြီးလာပါမယ် ။ ကျန်တစ်ဖက်က သေးငယ်သွားကာ မလှမပ ဖြစ်လာပါ
မယ် ။ နိ့မတိုက်တဲ့ နိ့ဟာ နိ့ထွက်နည်းလာပြီး သေးငယ်သွားလိမ့်မည် ။

-ကလေးနိ့ကုန်အောင်မစို့ပဲ အိပ်ပျော်သွားရင် ခြေထောက်လေးကုတ်
နားလေးကုတ်လိုက် နှိုးတိုက်ရပါမယ် ။ကလေးနိ့တိုက်ပြီးရင် နိ့အုံ ပျော့
သွားရပါမယ် ။ နိ့ကျန်နေရင် ညှစ်ထုတ်ပါ ။ ဒါမှ နိ့အသစ် ပြန်ပြည့်လာပါ
မယ် ။ နိ့ကို ညှစ်မထုတ်ရင် လွတ်နေတဲ့နေရာလောက်သာ ပြန်ဖြည့်မှာမို့
တဖြည်းဖြည်း နိ့လိုက် နည်းလာပါလိမ့်မယ် ။

-နိ့ထွက်ကောင်းအောင် နိ့များများစို့ခိုင်းလေ ကောင်းလေပါ ။
ဟင်းခါးရည် နွားနိ့ နွားမြီးပြုတ်ရည် ဒန့်သလွန်ရွက်ဟင်းချို
ရေ ကော်ဖီ ထမင်းရည် ဒို့ကို နိ့မတိုက်ခင် များများသောက်ပါ ။
ထမင်းစားရင်း အဟာရအပြည့်အဝရဖို့ အသားငါး ဟင်းသီးဟင်းရွက်
ရှိသမျှ အကုန်စားပါ ။ ထွေထွေထူးထူး အစာရှောင်ရန်မလို ။

-အပူအစပ် အသုပ် မုန့်ဟင်းခါး ဝမ်းနူး ဝမ်းအေးစာ လေစာ
သခွားသီး ချဉ်ပေါင် မစားသင့်ပါ ။ ကျန်းမာသန်စွမ်းတဲ့ ကလေးဖြစ်လာဖို့
အစာမရှောင်ပါနှင့် ။

-မိခင်ကိုယ်တိုင်ကလည်း နိ့တိုက်ချင်တဲ့စိတ် အပြည့်ရှိရပါမယ် ။ စိတ်ချမ်း
သာစွာနေပါ ။ ခင်ပွန်း ဆွေမျိုးသားချင်းဒို့က မိခင်လောင်းကို စိတ်ချမ်း
သာအောင်ထားရပါမယ် ။ စိတ်မချမ်းသာရင် နိ့ထွက်နည်းပါလိမ့်မယ်။
ကလေးဖခင်ရဲ့ကြင်နာယုယမှု ဂရုစိုက်မှု လဲအရေးပါတယ် ။

-ကလေး ၆ လမတိုင်ခင်ထိ မခင်နိ့တစ်မျိုးတည်းတိုက်ပါ ။ နိ့တိုက်ကျွေးခြင်း
ဖြင့် သားအိမ်ကျုံ့အား အနာကျက်အား ပိုကောင်းစေပါတယ် ။

Kyaw Zayya

နို့ တိုက်မိခင်များ နှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ဗဟုသုတ မျှဝေပါတယ်
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...