စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ၏အနှစ်သာရသည် ကမ္ဘာထက်သာသည်

 
အသွင်သဏ္ဍန်မှာမူ ကမ္ဘာကသာသည်။ အသွင်သဏ္ဍန်သာသည်မှာ ကမ္ဘာက ဝီရိယရှိသောကြောင့် ဖြစ်သည်။ အနှစ်သာရ သာသည်ဆိုသည်မှာ မြန်မာက ဘုန်းမီးနေလ တောက်ပနိုင်သောဘုန်းကံ ရှိသောကြောင့် ဖြစ်သည်။ မြန်မာ အမျိုးသားများသည် မြန်မာတို့၏ ဘုန်းမီးနေလ တောက်ပနိုင်သော ဘုန်းကံကို လေ့လာသင့်သည် နားလည်သင့်သည်။

မြန်မာသည် စရိုက်တစ်မျိုးဖြစ်သည်။ ဥပမာ — ကမ္ဘာသည် စီးပွားရေး၊ ကြီးပွားရေး တိုးတက်မှုကို လိုလားချိန်၌ မြန်မာသည် စီးပွားရေးတိုးတက်မှုကို ပုံမှန်သာခံစားသည်၊ အခါအားလျော်စွာ အမှန်တရားကို ထိုးထွင်းသိမြင်ခြင်းစသော အနှစ်သာရပိုင်းကို လိုက်လေ့ရှိသည်။ ကမ္ဘာကို အပရိက အောင်မြင်သည်ဟုသာ ယူသည်၊ ယင်းကား မြန်မာ၏ ဒဿနပညာပင် ဖြစ်သည်။

မြန်မာသည် ကိုယ့်ကံကိုယ် ယုံကြည်သော လူမျိုးတစ်မျိုး ဖြစ်သည်။ သမိုင်းကြောင်း ဆိုသည်မှာတော့ အထူးပြောစရာ မရှိပါ။ ဤသို့လျှင် နိမ့်တုံမြင့်တုံ၊ စုန်ရဆန်ရသည်မှာ ဓမ္မတာဖြစ်ပါသည်။ တိုင်းပြည်တပြည်သည် နိမ့်သောအခါ နိမ့်၍၊ မြင့်သောအခါ မြင့်သည်။ ယင်းကား ရေရှည်သမိုင်းကြီး၏ ဖြစ်ရိုးဖြစ်စဉ် ဖြစ်ရပ်များသာ ဖြစ်သည်။ ဝီရိယနှင့် ကံဉာဏ်ပါးလျသောအခါ မှေးမှိန် သေးသိမ်တတ်သည်။ ကံဇာတာ တောက်ပ ထွန်းလင်းသောအခါ ဝီရိယ စိုက်လိုက်လျှင် ထူးချွန်ထက်မြက်၍ အောင်မြင် တောက်ပနိုင်သည်။

မြန်မာသည် ယခုအခါ အောင်မြင်တောက်ပနိုင်သော အခြေအနေတွင်ရှိသည်။ မြန်မာ အမျိုးသားများ အားလုံးသည် ဝိုင်းဝန်းရမည်၊ စည်းလုံးရမည်။ မြန်မာသည် အလုပ်လုပ်လျှင် ကိစ္စပြီးသည်။ မြန်မာသည် အလုပ်လုပ်ရမည့် အချိန်သို့ ရောက်နေသည်မှာ သိသာထင်ရှားနေသည်။

ထို့ကြောင့် မြန်မာများ လုပ်ငန်းခွင် ဝင်ကြပါစို့၊ စည်းလုံးကြပါစို့၊ မြန်မာ့၏ အနှစ်သာရကို မြန်မာများ ဖော်ဆောင်နိုင်စွမ်းရှိရန် ကြိုးစားကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုသည်။ ဤကား မြန်မာကို ယုံသော မြန်မာဗီဇကို နားလည်သင့်သလောက် နားလည်သော၊ မြန်မာကိုချစ်သော ပုဂ္ဂိုလ်များ၏ မြန်မာ့အယူအဆပင် ဖြစ်ပါကြောင်း …

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...