စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အတက်အကျ အင်တာနက်ဖြစ်ရပ်များ နဲ့ အင်တာနက် အမြန်ဆုံးအနှေးဆုံးနိင်ငံများ

            

Aung Heine ( www.smart.com.mm )

အင်တာနက်ကို ချိတ်ဆက်မိစေဖို့ နည်းလမ်းများစွာရှိတဲ့ အထဲက ပိုပြီး အင်တာနက်ကို လွယ်ကူစွာရရှိနိင်တဲ့အတွက်
ဖိုင်ဘာ ကြိုးနဲ့ဆက်သွယ်သောနည်းလမ်း ကပိုပြီးပေါ်ပြူလာဖြစ်လျက်ရှိပါတယ်။

ဝိုင်ယာလစ် ကွန်နက်ရှင်ကတော့ အချိန်ကာလ တိုတစ်ခုအတွက်သာ အသုံးပြုလျက်ရှိကာ ဂြိုလ်တုမှတစ်ဆင့် ၀ိုင်ယာလစ် Signals တွေကို
ပိုလွှတ်နိင်အောင်ကူညီပေးပြီး အနီးအနားမှာ ၀ိုင်ယာလစ်ဖမ်းကရိယာကိုထားရှိခြင်းအားဖြင့် သုံးနေကြရတာ ဖြစ်လို့ ကြိုးနဲ့ တိုက်ရိုက်လောက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး

ယနေ့တွေမှာ တော့ အင်တာနက်ကွန်နက်ရှင် အသုံးပြုရ၇ှိနိင်ဖို့ ကို ဖုန်းတွေ Tablet တွေ ပေါ်ပေါက်လာပြီးမို့ ပိုမိုလွယ်ကူစွာ သုံးနိင်လာပါပြီ။


ကမ္ဘာ့ တစ်ဝန်းမှာ အင်တာနက်ရရှိမူ မှာမှ အနည်းအများ မြန်နှုန်း ကိုတိုင်းတာလာကြပါတယ်။ ဒါမှလည်း အချိန်ကုန်လူပင်ပန်းသက်သာစွာ ဖြင့် အင်တာနက်ကို လွယ်လွယ်ကူကူ
အသုံးပြုနိင်မှာ ဖြစ်ပါတယ်။

ယခုလောလောဆယ် ကမ္ဘာ့မှာ အင်တာနက်မြန်နှုန်း ကောင်းမွန်စွာဖြင့်ရရှိနေသည့် အင်တာနက်အမြန်ဆုံး နိင်ငံများကို ဖော်ပြပေးလိုက်ပါတယ်။

ကမ္ဘာ့မှာ အင်တာနက်အမြန်ဆုံးနိင်ငံတစ်နိင်ငံဖြစ်တဲ့ ဟောင်ကောင်ပါ။ ပျှမ်းမျှ အမြန်နှုန်းကတော့ 50Mbps ကျော် ဖြစ်ပါတယ်။


(၁) ဟောင်ကောင်
(၂) တောင်ကိုးရီးယား
(၃) ဂျပန်
(၄) လတ်တီးဗီးယား
(၅) ရိုမေးနီးယား

(၆) ဘယ်လ်ရဂျီးယမ်
(၇) ဆွန်ဇလန်
(၈) ဘူးဂေးရီးယား
(၉) အစ္စရေး
(၁၀) စင်ကာပူ တို့ပဲဖြစ်ကြပါတယ်။


ကျန်တဲ့နှေးရတဲ့ နိင်ငံတွေက နည်းပညာမဖွံ့ဖြိုးလို့မဟုတ်ပါဘူး။ အချို့နိင်ငံတွေဖြစ်တဲ့ ဆီးရီးယားတို့၊ လစ်ဗျားတို့က စစ်ပွဲထဲမှာပါဝင်ခဲ့တဲ့ စည်းမျဉ်းတစ်ခုအနေနဲ့ အင်တာနက်ကို မြန်အောင်လုပ်ဖို့
အခွင့်အရေးမရှိခဲ့ပါဘူး။ ဒါကြောင့် နှေးခဲ့ရတာ ဖြစ်ပါတယ်။ တစ်စက္ကန့်ကို (256kb ) ပဲရှိပါတယ်။

အချို့နိင်ငံတွေကျတော့လည်း ပထ၀ီအနေအထားကြောင့်ဖြစ်ပါတယ်။
ဥပမာ-နေပယ်လို တောင်ကုန်းထူထက်ပြီးကျောက်ဆောင်တွေများတဲ့နိင်ငံလိုမျိုးပေါ့

ဒီလို အချို့ချို့သော အခြေအနေမျိုးတွေကြောင့် တစ်ချို့သောနိင်ငံတွေဟာ အင်တာနက်နှေးတဲ့နိင်ငံအတွင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အနှေးဆုံးကတော့ လစ်ဗျားနိင်ငံ ပဲဖြစ်ပါတယ်။


https://www.facebook.com/photo.php?fbid=529082513856251&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...