စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တောနေယောဂီတို့အတွက် အကောင်းဆုံးလက်နက်

                 

ဖုတ်၊ တစ္ဆေ၊ သရဲ မကောင်းဆိုးဝါးများ ပေါသည်ဟု နာမည်ကြီးသောလယ်တီ တောရ၌ တောရဆောက်တည်နေသည့် လယ်တီဆရာတော်လောင်းလျာ ဦး
ဉာဏကို မုံရွာမှကျောင်းဒကာဦးဝိုင်းနှင့် ဒကာများက အန္တရာယ်ရှိ၍ ဤနေရာ၌
တောရမဆောက်သင့်ကြောင်း ဝိုင်းလျှောက်ကြရာတွင် ဆရာတော်ပြန်ပြော
သော မှတ်သားဖွယ်စကား

“ဘယ်လောက်ကြမ်းကြမ်း ဘုရားစကားနားထောင်ရင် ရန်သူမရှိပါဘူး။ အဖော်
လဲမလိုပါဘူး။ တောနေရဟန်းတို့အတွက် အကောင်းဆုံးလက်နက်ကတော့ သီ
လစင်ကြယ်အောင်နေပြီး မေတ္တာပွားနေရင် နေမှု၊ စားမှုအတွက်ရော ဘေးအန္တ
ရာယ်အတွက်ရော ပူစရာမလိုပါဘူး။

မြတ်စွာဘုရားက သံယုတ်ပါဠိတော်ကြီးမှာ မေတ္တာပွားနေတဲ့ပုဂ္ဂိုလ်ကို မြည့်နေ
အောင်ထက်တဲ့ နှစ်ဘက်သွားလှံနဲ့တူတယ်လို့ ဟောထားတယ်။ အဲဒီလှံသွားကို
ချိုးမယ်၊ ခေါက်မယ်၊ လိပ်မယ်ဆိုပြီး လုပ်ရင်လုပ်တဲ့သူသာ ရှမှာပဲ။

ဒါ့ကြောင့် မေတ္တပွားနေတဲ့ပုဂ္ဂိုလ်ကို ဘယ်အမနုဿကမှ မထိရဲဘူး။ ထိရင်ထိတဲ့
သူပဲ ဒုက္ခရောက်တာ သူတို့သိတယ်ကွယ့်။ စိတ်ဖောက်ပြန်ပြောင်းလဲအောင
လုပ်နိုင်ဖို့ဆိုတာ အဝေးကြီးပဲ။

အဲဒီ သတ္တိသုတ်ကိုကြည့်ရင် မေတ္တာဟာ အကာအကွယ်တင်မဟုတ်ဘူး။ တန်
ပြန်လက်နက်ကြီးကလား။ မေတ္တာအကျိုး၊ (၁၁)မျိုးဟာ ပြောဟောကောင်းရုံမ
ဟုတ်ဘူး။ တကယ်ယုံကြည်ပြီးသုံးရင် ဘယ်တစ္ဆေ၊ ဘယ်လက်နက်၊ ဘယ်အ
ဆိပ်မှ ကြောက်စရာမလိုပါဘူး။

(လယ်တီဆရာတော် ၁၂၄၈ ခုနှစ်က ပေးခဲ့သော သြဝါဒဖြစ်၏)

ဆရာတော်အရှင်ဇဝန (ဂမ္ဘီရဝိပဿနာ)
Buddhavasa Tiloka


https://www.facebook.com/photo.php?fbid=704965596210748&set=a.572785052762137.1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...