စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗုဒ္ဓဟူးဂြိုဟ် (ခ) မာကျူရီဂြိုဟ် သို့




ဗုဒ္ဓဟူးဂြိုဟ် (ခ) မာကျူရီဂြိုဟ် သို့ အာကာသယာဉ် ဘယ်နှစ်စင်း သွားရောက်ခဲ့ပြီးပြီလဲ...

ယနေ့ အချိန်အထိ ဗုဒ္ဓဟူးဂြိုဟ်သို့ ဂြိုဟ်တု နှစ်စင်း ရောက်ရှိပြီးပါပြီ။ ပထမဆုံး တစ်စင်းကတော့ မာရီနာ ၁၀ (Mariner 10) လို့ ခေါ်ပါတယ်။ ၁၉၇၄ - ၇၅ ခုနှစ်လောက်က ရောက်ရှိခဲ့တာပါ။ မာကျူရီကို သုံးကြိမ် ပတ်နိုင်ခဲ့ပြီး ဂြိုဟ်ရဲ့ မြေပုံကို တစ်ဝက်ခန့် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ထို့အပြင် မာကျူရီရဲ့ ပါးလွှာတဲ့ လေထုကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။

ဒုတိယမြောက် တစ်စင်းကတော့ မက်ဆင်ဂျာ (Messenger) အာကာသယာဉ်ပါ။ အမေရိကန်ဒေါ်လာ ၄၄၆ သန်း အကုန်ကျခံ တည်ဆောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ လွှတ်တင်ခဲ့နိုင်ခဲ့ကာ ၂၀၁၁ ခုနှစ်မှာ မာကျူရီကိုရောက်ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ မာကျူရီရဲ့ မြေပုံကို ၁၀၀% မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဘီပိ ကိုလံဘို ဆိုတဲ့ အာကာသယာဉ်ကိုတော့ ၂၀၁၅ ခုနှစ်မှာ လွှတ်တင်ဖို့ ရည်ရွယ်ထားပြီး ၂၀၂၂ ခုနှစ်မှာ မာကျူရီကို ရောက်ရှိမှာဖြစ်ပါတယ်။

ပုံအညွှန်း။ မာရီနာ ၁၀၊ မက်ဆင်ဂျာ နှင့် ဘီပီ ကိုလံဘို အာကာသယာဉ်

အာကာသနှင့် စကြ၀ဠာ
 
 
 
 
 
 မူရင်း=(6 photos)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...