စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ နာမည်အကြီးဆုံး ဈေးအသက်သာဆုံး လိုဂိုလေလား



                       

အမေရိကန်အခြေဆိုက် အားကစား ပစ္စည်း ထုတ်လုပ်တဲ့ Nike ကို လူတိုင်း သိကြပါလိမ့်မယ်။ သို့ပေမယ့် သူ့ရဲ့  လိုဂို ကို ပြုလုပ်တဲ့ သမိုင်းတော့ သိသူ နည်းပါတယ်။

အမေရိကန်က Graphic Designer ဖြစ်တဲ့ Carolyn Davidson ဟာ ၁၉၇၁ ခုနှစ်မှာ ယင်း Nike လိုဂို အမှတ်ခြစ် ပုံစံကို ဆွဲပေးခဲ့ပြီး Nike ကုမ္မဏီကို ၃၅ ဒေါ်လာနဲ့ တည်းနဲ့ ရောင်းချခဲ့ ပါတယ်။ Nike ကုမ္မဏီကိုယ်တိုင် ကလည်း ၃၅ ဒေါ်လာနဲ့သာ တန်ဖိုးဖြတ်ထားလို့ ဖြစ်ပါတယ်။ လိုဂိုက ရှင်းပြီး စွဲဆောင်မှု ရှိသလို ကုမ္မဏီ ကိုလည်း သိသာ မြင်သာ စေခဲ့ပါ တယ်။ အောင်မြင်မှုတွေ ရပြီး ကုမ္မဏီ ကြီးပွားသွားချိန်မှာ Nike ဟာ ဒီဇိုင်နာ Carolyn ကို ဒီတိုင်း ပစ်မထားပါဘူး။

Nike ရဲ့  အစုရှယ်ယာ အခု ၅၀၀ ကို ပေးအပ်ခဲ့ပြီး Nike အမှတ်တံဆိပ်နဲ့ ထည့်သွင်း ဖန်တီးတဲ့ စိန်လက်စွပ် တစ်ကွင်းကို ၁၉၈၃ ခုနှစ် စက်တင်ဘာလမှာ ပေးအပ်ခဲ့ကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...