စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငွေဖြည့် ကတ်ဖြင့်အင်တာနက် Wi-Fi သုံးနိုင်စေရန် စီစဉ်


အင်တာနက်မရသေးသော ဒေသများတွင် ငွေဖြည့် ကတ်ဖြင့်အင်တာနက် Wi-Fi သုံးနိုင်စေရန် စီစဉ်

ရန်ကုန် ဇန်နဝါရီ ၂၄

မြန်မာနိုင်ငံ အတွင်းရှိ အင်တာနက် အသုံးမပြုနိုင်သေးသော မြို့ရွာကျေးလက် ဒေသများတွင် ငွေဖြည့်ကတ်ဖြင့် အင်တာနက် Wi-Fi ကို အသုံးပြုနိုင်စေရန် သက်ဆိုင်ရာမှ တင်ဒါခေါ်ယူကာ စီစဉ် ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်း သက်သာစွာဖြင့် ဝန်ဆောင်မှု အကောင်းဆုံးပေးနိုင်မည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များကို လုပ်ငန်းလုပ်ကိုင်ခွင့် များ အပ်နှံသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရ သည်။

''အခု ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ငွေဖြည့်ကတ်သုံး အင်တာနက် Wi-Fi စနစ်တွေ ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီတွေကို တင်ဒါ ခေါ်ယူထားပါတယ်။ တင်ဒါဖွင့်ဖောက်တဲ့ အခါကျရင် သေသေချာချာစိစစ်ပြီး သင့်တော်မယ့် လုပ်ငန်းရှင်တွေကို ရွေးချယ်သွားမှာပါ။ အဓိကအားဖြင့်တော့ ပြည်သူတွေအတွက် ဈေးနှုန်း သက်သောင့်သက် သာနဲ့ အင်တာနက် ဝန်ဆောင်မှုကောင်းကောင်း ပေးနိုင်မယ်ဆိုရင် ဘယ်ကုမ္ပဏီ၊ ဘယ်လုပ်ငန်းရှင်ကို မဆို လုပ် ငန်းလုပ်ကိုင်ခွင့် ပေးသွားမှာပါ''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ ဝန်ဆောင်မှုကို အင်တာနက် အသုံးများနိုင်သည့် မြို့ရွာကျေးလက် ဒေသများနှင့် ကုမ္ပဏီများမှ ညှိနှိုင်း တောင်းဆိုလာသည့် ဒေသများတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး တင်ဒါအောင် သော ကုမ္ပဏီများအားလုံး တစ်ပြိုင်နက်တည်း စတင်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုပေးမည့် ဒေသများတွင် ထိုငွေဖြည့်ကတ်သုံး အင်တာနက် Wi-Fi စနစ်ကို အသုံးပြုလိုပါက မြန်မာ့ ဆက်သွယ်ရေးမှ မိုဘိုင်း လ်ဖုန်း နံပါတ်တစ်ခု ဝယ်ယူထားရုံဖြင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်းနှင့် ငွေဖြည့်ကတ် နှုန်းထားများကိုမူ မသတ် မှတ်ရသေးကြောင်း သိရသည်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...