စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အံ့သြဖွယ်ရာလူ့ခန္ဓာ



ဦးနှောက်ပါးခြင်း ► အသက် ၃၅ နှစ်လောက်ကနေစပြီး လူသားတွေဟာ တစ်နေ့ကို ဦးနှောက်ဆဲလ်ပေါင်း ၇၀၀၀ လောက် ပုံမှန်ဆုံးရှုံးနေပါတယ်... ကံဆိုးတဲ့အချက်ကတော့ အဲ့ဒီဦးနှောက်ဆဲလ်တွေဟာ ဘယ်တော့မှအသစ်ပြန်မဖြစ်လာနိုင်တာပါပဲ...

ရပ်တန့်မရတဲ့အရာတွေ ► သင့်အဘိုးအဘွားတွေရဲ့ နားရွက်တွေဘာကြောင့် ကြီးနေတယ်ဆိုတာ သင်သိပါသလား... အရိုးနုတွေနဲ့ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတွေဟာ အသက်အရွယ်ကြီးရင့်ချိန်အထိ ဆက်လက်ကြီးထွားတတ်ကြပါတယ်... ဥပမာအားဖြင့် သင့်နှာခေါင်းတွေဟာ အသက် ၃၀ ကနေပြီး ၇၀ လောက်အတွင်းမှာ ၂ စင်တီမီတာခွဲလောက် ကြီးလာကြပြီး အဲ့ဒီနောက်မှာတော့ စင်တီမီတာ တစ်ဝက်လောက် ထပ်ကြီးနိုင်ပါသေးတယ်....

ရှည်လျားတဲ့ခရီး ► လူသားရဲ့ အဆုတ်ထဲမှာ သွေးကြောမျှင်ပေါင်း သုံးသိန်းကျော်ပါရှိပါတယ်.... အဲ့ဒီသွေးကြောမျှင်လေးတွေကို တစ်ခုနဲ့ တစ်ခုချိတ်ဆက်လိုက်မယ်ဆိုရင် မြောက်အမေရိကနဲ့ တောင်အမေရိက အကွာအဝေးဖြစ်တဲ့ ကီလိုမီတာ ၂၄၀၀ ရောက်အထိ ရောက်ရှိနိုင်ပါတယ်...

သန်မာမှု ► လူသားရဲ့ အရိုးအဖွဲ့အစည်းဟာ နှမ်းဖတ်ကျောက်တွေလိုပဲ သန်မာပါတယ်... လူ့အရိုးကနေ အတုံးတစ်တုံးလုပ်လိုက်မယ်ဆိုရင် အဲ့ဒီအတုံးဟာ ကွန်ကရစ်တုံးတွေလိုပဲ ၉ တန်လောက်ရှိတဲ့ အလေးချိန်ကို ခံနိုင်မှာဖြစ်ပါတယ်....

အပ်တစ်ထောက်စာ ► လူသားရဲ့ အကြီးဆုံး ခန္ဓာကိုယ်အစိတ်အပိုင်း ကတော့ အပ်ဖျားတစ်ထောက်စာလောက်သာ ထူတဲ့ အရေပြားပဲဖြစ်ပါတယ်... အရေပြားဆဲလ်တွေဟာ လူ့သက်တမ်းတစ်လျှောက်လုံး ဆက်တိုက်လဲလှယ်နေပါတယ်... တစ်သက်လုံး လဲလှယ်ခဲ့တဲ့အရေခွံကတော့ ၁၈ ကီလိုဂရမ်ကျော် ရှိပါလိမ့်မယ်....

ရှူရမယ့်လေ ► လူသားတစ်ယောက်ဟာ အောက်ဆီဂျင်မျက်နှာဖုံး မစွပ်ဘဲနဲ့ လေဟာနယ်ထဲမှာ စက္ကန့်အနည်းငယ်လောက် အသက်ရှင်နိုင်ပါတယ်... အောက်ဆီဂျင်မရဘဲ ၇ စက္ကန့်လောက်နေရင် သူဟာမေ့မျောသွားမှာဖြစ်ပြီး ၄ မိနစ်ခွဲလောက်ကြာရင်တော့ ဦးနှောက်ကစပြီး သေဆုံးသွားပါလိမ့်မယ်....

အနီရောင် ► လူအများစုဟာ သွေးထဲမှာပါတဲ့ သံဓာတ်ကြောင့် သွေးတွေနီနေတယ်လို့ ယုံကြည်နေကြပါတယ်... တကယ်တော့ သံဓာတ်ဟာ သွေးနီတာနဲ့ မဆိုင်ပါဘူး... သွေးဆဲလ်တွေထဲမှာပါတဲ့ porphyrin လို့ခေါ်တဲ့ hemoglobin ring ကနေ အောက်ဆီဂျင်တွေကို စီးနှောင်တဲ့အခါမှာ အနီရောင်ဖြစ်စေတဲ့ ဖွဲ့စည်းပုံမျိုးဖြစ်ပေါ်စေတာကြောင့်ဖြစ်ပါတယ်....

စက္ကန့် ၃၀ ခန္ဓာတစ်ပတ် ► သွေးစက်တစ်စက်ဟာ လူ့ခန္ဓာကိုယ်အနှံ့အပြားကိုရောက်ရှိ လှည်ပတ်နိုင်ဖို့အတွက် အချိန်စက္ကန့် ၃၀ သာလိုပါတယ်...

ရှင်သန်နိုင်စွမ်း ► လူတစ်ယောက်ဟာ အစာမစားဘဲ ရက်ပေါင်း ၄၀... မအိပ်စက်ဘဲ ၁၁ ရက်... ရေမသောက်ဘဲ ၆ ရက်... အသက်မရှူဘဲ ၄ မိနစ်သာ ဆက်လက်အသက်ရှင်နိုင်ပါတယ်....

အာရုံ ► လူသားတွေရဲ့မျက်စိဟာ ကွဲပြားခြားနားတဲ့ အရောင်နဲ့ ပုံသဏ္ဌာန်ပေါင်း ၁ သန်းအထိ ခွဲခြားသိမြင်နိုင်ပါတယ်... ဒါပေမဲ့ ဒီအချက်အလက်တွေရဲ့ ၉၀ % ကိုသာ ဦးနှောက်ဆီကိုပေးပို့ ပါတယ်... နှာခေါင်းတွေကတော့ ကွဲပြားခြားနားတဲ့ အနံ့ပေါင်း ၅ သောင်းကို သိမြင်မှတ်သားနိုင်ပါတယ်....

ကမ္ဘာ့ဆွဲအား ► ကမ္ဘာ့ဆွဲအားရဲ့ သက်ရောက်မှုကြောင့်လို့ ဆိုရမလားတော့မသိပါဘူး... မုတ်ဆိတ်မွေးတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရှည်အမြန်ဆုံး အမွေးအမျှင်တွေဖြစ်ပါတယ်...

ဟန်ချက်ဗဟို ► ကျွန်တော်တို့ရဲ့ ခြေမတွေဟာ ခန္ဓာကိုယ်မှာ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်... ဘာကြောင့်လဲဆိုတော့ ရပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းပေးထားလို့ဖြစ်ပါတယ်...

အထူဆုံးနဲ့ အပါးဆုံး ► ပင်မသွေးလွှတ်ကြော (Aortic Artery) ဟာ သွေးကြောတွေထဲမှာ အကြီးဆုံးသွေးကြောတွေဖြစ်ပါတယ်.... အရွယ်ရောက်ပြီးလူတစ်ယောက်ရဲ့ ပင်မသွေးလွှတ်ကြောဟာ ရေဖြန်းပိုက်အရွယ်လောက်အထိ ထူနိုင်ပါတယ်... ဆံခြည်မျှင်သွေးကြော (Capillaires) တွေကတော့ အပါးဆုံး သွေးကြောမျှင်လေးတွေဖြစ်ပါတယ်... ဆံခြည်မျှင်သွေးကြော ၁၀ ခုကိုပူးလိုက်ရင် ဆံပင်တစ်ချောင်းရဲ့ အထူလောက်ပဲ ရှိပါတယ်...

အပေါ်ယံဖွဲ့စည်းမှု ► စင်တီမီတာ တစ်ဝက်စာလောက်ရှိတဲ့ အရေပြားတိုင်းမှာ သွေးကြောမျှင်ပေါင်း ၅ မီတာ... အာရုံကြောတစ်သျှူးမျှင်ပေါင်း ၃ မီတာ... အာရုံခံမှတ်ပေါင်း ၁၃၀၀... ချွေးဂလင်း ၁၀၀ နဲ့ ဆဲလ်ပေါင်း ၃ သန်း ပါရှိပါတယ်...

Ref: Interesting Things
နှိုင်းရင့်နွေ


https://www.facebook.com/photo.php?fbid=529445727153263&set=a.351

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...