စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိပ်ရေးပျက်ပါက ခေါင်းကို အရိုက်ခံလိုက်ရခြင်းနှင့် ခံစားချက်တူညီသည်ဟုဆို



တစ်ညလောက် အိပ်ရေးပျက် သွားပြီး နာရီပိုင်း လောက်သာ အိပ်လိုက် ရပါက မိုးလင်းသည့် အခါ ခေါင်း ကို တစ်ခုခုနဲ့ ဆောင့်မိ ထားသလို အရိုက်ခံ ထားရသလို ခံစားချက်မျိုး ပေါ်လာ တတ်သည် ကို အိပ်ပျက်ဖူး သူများ သိကြမည်။

ထိုသို့ ဖြစ်ခြင်း သည် စိတ်ထင်ခြင်း မဟုတ်ဘဲ လက်တွေ့ တိုက်မိခြင်း အရိုက်ခံရ ခြင်းများနှင့်လည်း တကယ်ကို နီး စပ်မှုရှိကြောင်း လေ့လာ သုတေသန တစ်ရပ်က ထောက်ပြ လိုက်သည်။

တစ်ညလောက် မအိပ်လိုက် ရ ခြင်းကြောင့် ဦးနှောက်ထဲ ပြောင်းလဲ သွားပုံများ သည် ခေါင်းကို အရိုက်ခံလိုက်ရသူ တစ်ယောက်၏ ဦးနှောက် ပြောင်းလဲ သွားပုံနှင့် ဆင်တူကြောင်း ဖြင့် လက်တွေ့သုတေသန များအရ သိရသည် ဟု နောက်ဆုံး ထွက်ပေါ် လာသော စစ်တမ်း တစ်ရပ်က ဆိုသည်။

ကျန်းမာသော လူငယ်များ ကို လေ့လာထား မှု အရ အိပ်ပျက်ည တစ်ည ကြုံလိုက်ရ သည်နှင့် ဦး နှောက်တွင်း ဓာတု ဖွဲ့စည်းမှုများ ပြောင်းလဲမှု သည် ဦးခေါင်း အရိုက် ခံရခြင်းကြောင့် ဦးနှောက် ထိခိုက် ရသူ၏ ဦးနှောက် တွင်း ဓာတုဖွဲ့ စည်းပုံများ အတိုင်း တူညီနေရာ အိပ်ပျက်ခြင်း သည် လည်းအရိုက် ခံရခြင်း နည်းတူ ဦးနှောက် တစ်သျှူးများ ပျက်စီးစေ သည် ကိုညွှန်ပြနေ ကြောင်း ဖြင့် စစ်တမ်းက ထောက်ပြ သည်။

ဆွီဒင်နိုင်ငံ အပ်ဆလာ တက္ကသိုလ်မှ ပါမောက္ခ ခရစ်ရှန် ဘနဲဒစ် နှင့် အဖွဲ့က စစ်တမ်း ကို ထုတ်ပြန် ခဲ့ခြင်းဖြစ် သည်။ ဦးနှောက် အတွင်း NSE နှင့် S-100B တို့ကဲ့သို့ ဇီဝဓာတု ပစ္စည်းများ များပြား လာခြင်းသည် ဦးနှောက် တစ်သျှူးများ ပျက်စီး ခြင်းကို ညွှန်ပြကြောင်း၊ ထိုဓာတ် ပစ္စည်း ပမာဏချင်း နှိုင်းယှဉ် တွက် ချက်ကာ အိပ်ပျက်သူ ၏ ဦးနှောက် ပျက်စီးမှု နှင့် ဦးခေါင်း အရိုက်ခံရ သူ၏ ဦးနှောက် ပျက်စီးမှုချင်း ယှဉ်ကြည့် ခဲ့ရာ ဆတူ နီးပါး ရှိနေကြ သည်ကို တွေ့ရှိ ခဲ့ရခြင်း ဖြစ်သည်။

ဦးနှောက် သည် အိပ်စက်နေ ချိန်တွင် တစ်နေ့တာ ဦးနှောက်တွင်း အပျက် အစီးများ၊ အဆိပ် အတောက် ဓာတ်များကို ရှင်းလင်း သည့်အလုပ် ကို လုပ်ပေး သည်ဖြစ်ရာ အိပ်ပျက် သွားသည်နှင့် ဦးနှောက် သန့်ရှင်းရေး မလုပ်နိုင် တော့ဘဲ ဦးနှောက်တွင်း အဆိပ် အတောက် များပြားကာ ဦးနှောက် တစ်သျှူးများပါ ပျက်စီးလာ ခြင်းဖြစ် သည်။

ထိုသို့ အိပ်ပျက်ပါ များလာခြင်း သည် သက်ကြီးပိုင်း ရောက်သည့် အခါ ဦးနှောက် ယိုယွင်း သည့် အယ်လ်ဇိုင်းမား ရောဂါ ခံစား ရနိုင်ခြေ ပိုများ စေကြောင်း သိရသည်။

လေ့လာမှု စစ်တမ်းကို Sleep ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထား ခြင်းဖြစ်သည်။

နှစ်ခြိုက်စွာ အိပ်စက်ခြင်း သည် ဦးနှောက် ကျန်းမာရေး အတွက် ပါ ကောင်းစွာ အထောက် အကူပြု ကြောင်းဖြင့် စစ်တမ်းက ကောက် ချက်ချ ရေးသား ထားသည်။


https://www.facebook.com/photo.php?fbid=529007480530421&set=a.3510477149930

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...