စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘီယာတစ်ခွက်နဲ့ မိဘမဲ့ကလေးတစ်ယောက် ရဲ့ထမင်းတနပ်

ဘီယာတစ်ခွက်နဲ့ မိဘမဲ့ကလေးတစ်ယောက် ရဲ့ထမင်းတနပ် ကို ခနလောက်ဖြစ်ဖြစ်လဲကြည့်ကြပါစို့လား သူငယ်ချင်းတို့ရေ***

မနေ့ည၉နာ၇ီလောက် ကျွန်မသင်တန်းကပြန်လာတော့ အသိတခုဖြတ်ခနဲဝင်လာတယ်။
ကျွန်မပြန်လာတဲ့လမ်းမှာ ဘီယာဆိုင်အကြီးကြီးတစ်ဆိုင်အသစ်ဖွင့်ထားတာ တွေ့လိုက်တယ် အဲ့ဒီဆိုင်မှာ လူတွေစည်းကားနေတယ် မီးရောင်စုံနဲ့ ညဘက်ကိုသောက်စားနေကြတာလူစုံအလွှာစုံပေါ့ အဲ့လူမျိုးစုံထဲမှာ မိသားစုအတွက်ပြည်စုံဖူလှုံပြီးပိုလျံနေသူ ။အသင့်တင့်ပြေလည်သူ။
တနေ့လုပ်တနေ့စား စသဖြင့်လူမျိုးစုံရှိနေနိုင်ပါတယ်။

သူတို့တွေဟာ တခါတရံမိတ်ဆွေအပေါင်းသင်းတွေကြောင့် ဘာကြောင်ညာကြောင့်ဆိုတဲ့ကြောင်းပြချက်မျိုးစုံနဲ့သောက်နေကြတဲ့သူတွေ၇ှိသလို စွဲမြဲစွာသောက်သုံးနေတဲ့သူတွေလဲရှိမှာပါ။

တချို့ တချို့သောမြန်မာမိန်းကလေးများသည် လဲ ဘီယာ သောက်ကြပါတယ်ဘီယာမသောက်တတ်၇င် အဲ့ဒီသူဟာ လူ၇ာမဝင်သလိုပဲ။ ဒါပေမယ့် လူတိုင်းနီးပါး က စိတ်ပါလို့လုပ်တဲ့အလုပ်တစ်ခုဟာ ကိုယ့်အတွက် အကျိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပိုက်ဆံကုန်တာ ၇တာသိပ်မတွေးဘဲ လုပ်တတ်ကြတာ လူ့စိတ်ပါ။

စိတ်ဆိုတာကလည်းမ ကောင်းမှုမှာပျော်တယ်လေ
ကျွန်မတို့ တိုင်ပြည်မှာ အများစုက လူဆင်း၇ဲတွေပါ အနဲစုက ချမ်းသာတဲ့ သူတေ။ွ ဒါပေမယ့် လူအားလုံးဟာ ဝင်ငွေရဲ့ ဘယ်နှပုံဘယ်နှပုံ ကိုတော့ဖြင့်စုမယ်လို့ တွေကောင်းတွေးနိုင် ပါလိမ့ိ့်မယ်။ ငါ ဘယ်နှစ်ပုံဘယ်နှစ်ပုံကိုတော့ဖြင့်ဘယ်လိုနေ၇ာ ဘယ်လိုအလှူ လှူမယ်လို့လူအားလုံးနီးပါးမတွေးကြဘူးလို့ကျွန်မယုံကြည်တယ်။

တကယ်လို့သာ အပိုထွက်ငွေ (ဥပမာ-ဘီယာသောက်,ကလပ်တတ်,KTV,မာဆက်)စသဖြင့် အပိုထွက်ငွေများကို တတ်နိုင်လျင် မသုံးစွဲပဲနေကြည့် မလွှဲ မရှောင်သာသုံး၇ပြီဆို၇င်လဲ ထွက်ငွေ၇ဲ့ ၁၀ပုံ၁ပုံကိုလှူဒါန်ဖို့စုဦးတော့ လောက သဘာဝအတွက် ဘယ်လောက်ထောက်ကူ၇လိုက်လေမလဲ

အလှူအတန်းဆိုတဲ့ နေ၇ာ မှာဘု၇ားတည်သည်မှစ၍ သူတောင်းစား ပေးသည့် အလှူအကုန်လုံးကို ကျွန်မ ၇ည်၇ွယ်ခြင်းဖြစ်ပါတယ် ။နေ့စဉ်လစဉ်ဝင်ငွေရှိသူတွေအနေနှင့်တနေ့/တလလုပ်အားခ၇ဲ့ အပုံ ၁၅ပုံ ၁ပုံ ကို ဘုရားကျောင်းဆောင်မှာ သိမ်ဆည်း၍စုဆောင်းကြည့်ပါလို့အကြံပေးချင်တယ်။အဲ့စုငွေထဲက မှ ဘု၇ားပန်ကစပြီးကိုယ်ကြိုက်သလိုလှူဒါန်းလို့ ရပါတယ်လှူဖို့အကြောင်းရှိလာပါကအချိန်မေ၇ွးအလွယ်တကူလှူဒါန်းလို့၇နိုင်ပါတယ်။

အဲ့ဒီလို လှူဖို့၇ာမပူပင်၇တဲ့အချိန်မှာခံစား၇တဲ့ပီတိက ဘာနဲ့မှနှိုင်းယှဉ်ပြလို့မ၇ဘူး ဆိုတာကျွန်မလက်တွေ့ပါ။ ကျွန်မတို့ ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေရင်းပြီး ရှာထားရတဲ့ ပိုက်ဆံတွေ ကို တန်ဖိုး မရှိတဲ့ ဘီယာ ၁ခွက် သောက် ပြီး စိတ်အလို လိုက် လို့ ပျော်ပါးအပန်းဖြေနေကြတဲ့အချိန် ထမင်းတောင်နပ်မှန်အောင်မစားရတဲ့ မိဘမဲ့ကလေးတွေ ကျွန်မတို့တိုင်းပြည်မှာ အနှံအပြားရှိနေပါလား ဆိုတဲ့ အသိလေး တစ်ခု ကျွန်မတော့တွေးမိတယ်။ ထို့အတူပဲ လူတိုင်းကိုလဲ တွေးမိစေချင်တဲ့ စေတနာနဲ့ စာကို ရေးရခြင်းဖြစ်ပါတယ် ။

ကျွန်မသည် ချမ်းသာကြွယ်ဝသူ တစ်ယောက်မဟုတ်သည့်အတွက် ပရဟိတ ဆိုသည့်နေရာတွင် လူအားနှင့်ပညာအားကိုသာအများဆုံးအသုံးချ ပြီးကုသိုလ်ပြုနေရချိန် ဖြစ်ပါတယ်။ ကျွန်မတို့ ပြုခဲ့သောပရဟီတ လုပ်ငန်းများစွာကို ငွေအားလူအားပညာအားဖြင့် ရှု့ဒေါင့်စုံမှ ကူညီရနေပါလျှက်နဲ့ ကျွန်မတို့မြန်မာပြည်ကြီးမှာ ထမင်းနပ်မမှန်တဲ့ကလေးတွေ အဝတ်မပြည့်စုံတဲ့ကလေးတွေ ပညာမပြည့်စုံတဲ့ ကလေး တွေ ခုထိရှိနေရတာလဲဆိုတော့ ကျွန်မတို့ တွေဟာ ဝင်ငွေ ကို စနစ်တကျ ခွဲဝေလှူဒါန်းဖို့မစီစဉ်တတ်သေးလို့ပါ ဆိုတဲ့အဖြေ ကျွန်မ သိရပါတယ်။လူတွေဟာ အိပ်ထဲရှိမှ ငွေးကြေးနဲ့ဆိုင်တဲ့အလုပ်(အထူး သဖြင့် အလှူအတန်းကိစ္စ)တွေထလုပ် ကြပါတယ။် ကြိုတင်စီစဉ်လေ့ရှိသူများသည် လူနဲစုသာဖြစ်မှာပါ။

ကျွန်မပြောချင်တာတစ်ခုက မလုပ်လို့ဖြစ်သည်များကို နဲနဲလုပ်ပါ နဲနဲထဲက မှ လုံးဝ မလုပ်ပဲနေလို့၇မယ်ဆို မလုပ်ဘဲနေကြည့်ပြီး အတွေးလေးတွေပြောင်း၍ အတတ်နိုင်ဆုံးကြိုးစားနေကြည့်စေချင်တယ် ။စမ်းလုပ်ကြည့်ပါ၁လ ၂လ စသဖြင့် ပေါ။့ တဖြည်းဖြည်းနဲ့သဘောကျ နှစ်ခြိုက်လာပါလိမ့်မယ်ဆိုတာကျွန်မပြောရဲပါတယ်။

ကျွန်မတို့ မြန်မာလူမျိုးတွေစေတနာ သဒ္ဒါ တ၇ားထက်သန်ကြပါတယ်။ ဒါပေမယ့် မသိစိတ်ကလဲ အပျော်ပါးနောက်တအားလိုက်ကြပါတယ်။ ကိုယ်သောက်မယ့် အ၇က်/ဘီယာ ခွက်နဲ့ မိဘမဲ့ကလေး၁ယောက်၇ဲ့ ထမင်းတနပ် ကို အတွေးထဲမှာ ခနလောက်လဲလှည်ကြည့်စေချင်ပါတယ်။အားလုံးသော သူငယ်ချင်းတွေ စိတ်သစ်အတွေးသစ်နဲ့ ဘဝတွေ ၇င့်သန်နိုင်ကြပါစေ။

(မှတ်ချက် ။ကျွန်မ ဘာကောင်မှမဟုတ်ပါ ဆရာလုပ်တာလဲ မဟုတ်ပါ ကျွန်မ လူမှူေ၇းဆိုတာတွေလုပ်နေတဲ့ သူပီပီ ပရဟိတနဲ့ လှူဒါန်ခြင်းခံယူချက်ဖြင့်သာ ၏စာကိုေ၇းသားပါသည်)

ပိုးပိုးဟန်နီ


https://www.facebook.com/photo.php?fbid=532237250207444&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...