စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Finland နိုင်ငံရဲ့ ပညာရေးစနစ်ကတော့ထူးခြားတယ်



Finland နိုင်ငံရဲ့ ပညာရေးစနစ်ကတော့ထူးခြားတယ်
 
 
ယူနီဖောင်းမရှိဘူး ..
ဝင်ခွင့်စာမေးပွဲမရှိဘူး ..
ဝင်ကြေးမပေးရဘူး ..
အချိန်ဇယားတွေမရှိဘူး ..
လူတန်းစားခွဲခြားတာမရှိဘူး
ကျောင်းကို အသက် ၇ နှစ်မပြည့်ပဲ ဘယ်သူမှ တက်ခွင့်မရှိဘူး 

ပြီးတော့ ကလေးတွေကို သူတို့အရည်အသွေးအပေါ်မူတည်ပြီး အုပ်စုခွဲထားတယ်
( ဥပမာ စာလုပ်တာ မလုပ်တာ ဥာဏ်လိုက်နိုင်တာမလိုက်နိုင်တာ လိမ္မာရေးခြားရှိမရှိ )
ကလေးတွေကို ဆရာဆရာမတွေက အနီးကပ်စောင့်ရှောက်ပြီး
သူတို့ကိုခေါ်ရင် နာမည်ရှေ့ဆုံးစာလုံးပဲခေါ်တယ
ဘယ်ကျောင်းသားမှ ညဖက်ကို နာရီဝက်ကျော်ပြီး အိမ်စာမလုပ်ရဘူး
၂၀၀၀ ခုနှစ်ကတည်းက Finland နိုင်ငံက အချိန်ဇယားတွေနဲ့ပြည့်နှက်နေတဲ့ ပညာရေးစနစ်ကို ရပ်တန့်ခဲ့တာဖြစ်ပါတယ်

--------------------------------

ဒီသတင်းလေးဖတ်ပြီးတော့ ကိုယ့်ဆီကကလေးတွေ  မနက်မိုးလင်းမိုးချုပ် တကုပ်ကုပ်နဲ့လူရုပ်တောင် 
မပေါ်တော့ ကျူရှင်-ကျောင်း ၊ ကျောင်း- ကျုရင် - ဒီကြားထဲ ဂိုက်တွေနဲ့အချိန်တွေပြည့်
နားချိန်မရှိ နွေရာသီကျောင်းပိတ်ရက်လေးတောင်အနားမရပဲနောက်တစ်တန်းအတွက်
အချိန်ဇယားတွေအပြည့်နဲ့ဆိုတော့ ကလေးတို့ဘ၀ ဦးနှောက်ဖွံ့ဖြိုးမှုကို ဖိနှိပ်စေတဲ့
ဒီလို ပညာရေးစနစ်အချိန်ဇယားကြီးဖြစ်ထွန်းလာတာကို စိတ်ထဲဘ၀င်မကျမိတာတော့အမှန်ပါပဲ ..

စာ ကြိုးစားတာတော့ကြိုးစားတာပေါ့ စာကို Pressure ကြီးတစ်ခုအနေနဲ့ပဲ စာဖတ်ရတာပျော်အောင် စာကျက်နေရတာကိုကလေးတွေကိုယ်တိုင်က လိုလိုလားလား နဲ့ ကျက်ချင်လာအောင်လုပ်နိုင်တဲ့ပညာရေးစနစ်မျိုး နောက်ပြီး ကလေးဆိုတာ ကစားရမှာပဲ
ကလေးသဘာဝ ပျော်ပျော်ရွှင်ရွှင်နေရမှာပဲ အခုတော့ ၃ နှစ် ၄ နှစ်လောက်ဆို ဒီစာအုပ်တွေက
သူတို့ဦးနှောက်ကို စတင်နှိပ်စက်ကြပြီ Brain Development ဆိုတာ ဘာ Pressure မှမရှိပဲ ကလေးတို့သူ့အသက်အရွယ်အလိုက်စူးစမ်းလေ့လာ သင်ယူလိုစိတ်ရှိတာပိုကောင်းပါတယ်
“ အဖေ ဒါကို ဘယ်လိုခေါ်လဲဟင် ”
“ သွားကွာ ..မင်းအမေသွားမေး ဒီမှာ ငါအလုပ်ရှုပ်နေတယ် မမြင်ဘူးလား တယ် ရိုက်လိုက်ရ ” ဆိုတဲ့
မိဘမျိုးတွေ များနေသရွေ့ ဒီကလေးတွေရဲ့ အနာဂါတ်ဟာ မှောင်မိုက်နေဦးမှာပါပဲ

“ပညာရေးစနစ်ပြောင်းလဲလာမယ့် နိုင်ငံတကာနဲ့အဆင့်မှီ ရင်ဘောင်တန်းနိုင်မယ့် နေရောင်ခြည်သာမယ့်နေ့ကိုမျှော်လင့်နေမိပါကြောင်း ”

ဒီက ဘွဲ့ရတွေ တခြားနိုင်ငံမှာ အတန်းနိမ့်တွေကနေပြန်တက်နေရတာတွေကြားမိတော့
ဘွဲ့ချင်းအတူတူ တို့ကပဲ ဥာဏ်ရည်နိမ့်နေလို့လား ဆိုတာ တွေးမိလာတယ်

သက်တန့်ချို
Photo : Almost Hit A Billion
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...