
ဘိုထိုင် အိမ်သာပုံသဏ္ဍာန်နဲ့ ပြုလုပ်ထားတဲ့ အဆောက်အအုံ တစ်ခုကို တောင်ကိုရီးယားနိုင်ငံ၊ Suwon မြို့ မှာ မြင်တွေ့ရပါတယ်။
Suwon မြို့ ဝန်ဟောင်း Sim Jae Duck မှ တည်ဆောက်ထားတဲ့ အိမ် ဖြစ်ပြီး ပြတိုက် တစ်ခုအနေနဲ့ ထားရှိပါတယ်။ မြို့ ဝန်ဟောင်း Sim jae Duck ကိုယ်တိုင်ဟာ အဖွားဖြစ်သူ အိမ်ရဲ့  သန့်စင်ခန်းထဲမှာ မွေးဖွားခဲ့သူ ဖြစ်ပြီး သူ့ရဲ့  ဘဝကို အမှတ်တရ ဖြစ်စေတဲ့ အနေနဲ့ ယခုလို အိမ်သာပုံစံ အဆောက် အအုံ နဲ့ အိမ်သာ ပြတိုက်ကို ဖန်တီးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
အတွင်းမှာလည်း သန့်စင်ခန်းနဲ့ ပက်သက်တဲ့ အနုပညာနဲ့ ပစ္စည်း အမြောက် အများကို ခင်းကျင်းပြသထားပြီး တောငကိုရီးယားမှာ လူစည်တဲ့ နေရာ တစ်ခုအဖြစ် တည်ရှိနေကြောင်း သိရပါတယ်။
--
Ref: mazeland
အောင်ခမ်း ( ရိုးရာလေး )
https://www.facebook.com/photo.php?fbid=530877263676776&set=a.351047714993066

ကင်းမြီးကောက် တွေဟာ ၆ရက်တိတိ အသက် မရှုဘဲ နေနိုင်ပါတယ်။
အစာ မစားဘဲ ၆လတိတိ နေနိုင်ပါတယ်။
အစာကို ၀ါးမျိုတာမျိုး မဟုတ်ဘဲ အရည် အဖြစ်သာ စားသုံး ပါတယ်။
Antarctica တိုက်ကလွှဲလို့ တစ်ကမ္ဘာလုံးမှာ တွေ့မြင် နိုင်ပါတယ်။
source: wiki,diduknow
https://www.facebook.com/photo.php?fbid=530869143677588&set=a.351047714993066.7

ပင့်ကူ အများစုက သူတို့ရဲ့ သားပေါက်တွေကို ဂရုစိုက်လေ့ မရှိပါဘူး။ တချို့မျိုးစိတ် တွေကတော့ အကောင်လေးတွေ မပေါက်ခင် မှာပဲ သေဆုံးကုန် ပါတယ်။ ဒါပေမယ့် wolf spiders အမ တွေကတော့ အဲ့လိုမျိုး မဟုတ်ပါဘူး။
အကောင်လေး တွေက သူတို့အမေရဲ့ ကျောပေါ်မှာပဲ အကောင်ပေါက် လာကြပြီး နောက်ဆုံး ကြီးပြင်း လာလို့ သူတို့အမေ ကျောပေါ်မှာ နေရာမရှိ၊ မဆန့်တော့ မှပဲ စွန့်ခွာသွား ကြပါတယ်။ အမေရဲ့ ကျောမှာ လိုက်စီး နေတဲ့အခါ သူတို့အမေက သူတို့ကို အကာအကွယ် ပေးသလို၊ အစာလည်း ရှာဖွေ ကျွေးမွေး လေ့ရှိ ပါတယ်။ wolf spiders တွေက သူတို့ရဲ့ သားကောင် တွေပေါ်ကို ခုန်အုပ် ဖမ်းယူပြီး ခြေလက် ချောင်းတွေနဲ့ ကိုင်တွယ်ပြီး ကျောပေါ် လိမ့်တင် ပေးပြီး အကောင်လေး တွေကို စားစေပါတယ်။
[source: livescience, image from naturecloseup]
https://www.facebook.com/photo.php?fbid=530868967010939&set=a.351047714993066.7

https://www.facebook.com/photo.php?fbid=530873290343840&set=a.351047714993066.7
No comments:
Post a Comment