စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တက္ကသိုလ်တက်ရင်း အဖေကို အချိန်ပြည့်ပြုစုသူ



အမေဖြစ်သူက စိတ်ရောဂါသည်၊ အဖေဖြစ်သူက သိပ်မကြာသေးခင်ကပဲ လုပ်ငန်းခွင် ဆောက်လုပ်ဆဲ တိုက်ကနေ ပြုတ်ကျလို့ အကြောသေခဲ့သူ၊ Guo Shijun လို့အမည်ရတဲ့ အသက် ၂၀ အရွယ် လူငယ်လေး အတွက် ပညာရေး ဆိုတာ ဝေးသွာလေမလားလို့ စိုးရိမ်စရာ ဖြစ်ခဲ့ ပါတယ်။

သို့ပေမယ့် သူအညံ့မခံပါဘူး။ သူတက်တဲ့ တက္ကသိုလ်အနီးမှာ အခန်းကျဉ်း တစ်ခု ငှားပြီး အကြောသေနေတဲ့ အဖေကို အချိန်ပြည့်ပြုစုပါတယ်။ စာသင် ချိန် အမြန်သွားတယ်။ စာသင်တယ်။ ပြီးတော့ အဖေဖြစ်သူရှိရာ အခန်း ကို ပြန်လာတယ်။ ပြုစုတယ်။ စာသင်ချိန် ပြန်သွားတယ်။ အစရှိသဖြင့် သူ့မှာ အချိန်ပိုတယ်မရှိအောင် လုံးချာလည်ပတ်နေပါတယ်။ အခန်းငှား စရိတ်၊ ကျောင်းတက်စရိတ်ကို သူမတတ်နိုင်ပါဘူး။ ဆွေမျိုး၊ သူငယ်ချင်းတွေဆီကနေ ဗြိတိန်ပေါင် ၂၀၀၀ တန်ဖိုးရှိတဲ့ တရုတ်ငွေကြေး ယမ်းကို ချေးငှားထားခြင်း ဖြစ်ပါတယ်။

ကံကောင်းဒါတစ်ခုက သူဟာ စကော်လာရှစ်ရရှိထားသူ ဖြစ်ပါတယ်။ ငယ်ငယ်လေးကတည်းက တက္ကသိုလ်တက်တဲ့အထိ အတန်းထဲမှာ စာအတော်ဆုံး ဖြစ်ပြီး ပညာရေးမှာ ထူးချွန်သူ လူငယ် ဖြစ်ပါ တယ်။ ကျောင်းပြီး ရင် အလုပ်လုပ်လို့ အကြွေးဆပ်နိုင်မယ်လို့ လည်း သူယုံကြည် တယ်။ အဖေ့ကိုရော၊ ရောဂါသည် အမေ့ကိုရော ကျောင်း ချိန် ပြင်ပ မှာ ပြုစုနေရသူ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Guo Shijun ကို အနောက်တိုင်း အခြေဆိုက် သတင်းမီဒီယာများက စိတ်ဓာတ် ကြံခိုင် ၊ မြင့်မြတ် တဲ့ လူငယ်တစ်ဦးအဖြစ် မှတ်တမ်းတင် ဂုဏ်ပြု ခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း ( www.mmsocialsky.com )

http://wp.me/p3T33L-gB


https://www.facebook.com/photo.php?fbid=529993417098494&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...