စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ အထင်ရှားဆုံး ရှေးဟောင်း အမွေအနှစ် နေရာများ (၅)




ယူနက်စကိုအဖွဲ့ကြီးက ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကမ္ဘာတစ်ဝန်း၌ နေရာပေါင်း ၉၆၂ ခုရှိသည်ဟု တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့ အကောင်းဆုံး ကမ္ဘာလှည့် ခရီးစဉ်နေရာ၂ဝ မှ လေးနေရာကို ဖော်ပြလိုက်ပါသည်။

တူလွမ်(မက္ကစီကို)
ယူကာတန် ရေလက်ကြားရှိ တူလွမ်မြို့မှ မိနစ် အနည်းငယ် ကားမောင်းရုံဖြင့် ရောက်ရှိနိုင်သည်။ ကိုလံဘီယာ ခေတ်ဦး မာယာလူမျိုး တို့၏ ကျောက်သားနံရံများဖြင့် တည်ဆောက်ထားသော မြို့တော်ဟောင်းဖြစ်သည်။ မြို့ပျက်သည် ၁၂ မီတာ အမြင့်ရှိသော တောင်စောင်း အတိုင်း ဖြန့်ကြက်ထားသည်။
ကမ်းရိုးတန်း ကျောက်သားများပေါ်တွင် တည်ရှိနေသော အဆိုပါ မြို့ဟောင်းနေရာတွင် ဘုရားကျောင်း၊ နန်းတော်ရာ အစရှိသည့် အဆောက်အအုံများ ယနေ့တိုင် ရှိနေဆဲဖြစ်သည်။ ပင်လယ်ကမ်းစပ်ကို ကျောပေးထားသည့် မြို့တော်ဟောင်းသည် ကျောက်သားကိုသာ အဓိက အသုံးပြု တည်ဆောက်ထားခြင်း ဖြစ်သည်။

ဗယ်လက်တာ(မော်လ်တာ)
မော်လ်တာနိုင်ငံ၏ မြို့တော်ဖြစ်ပြီး ဆစ္စလီ တောင်ပိုင်းတွင် တည်ရှိသည်။ ဥရောပမှ တစ်ဆင့် လေယာဉ်ဖြင့် သွားနိုင်သည်။
လူဦးရေ ၇ဝဝဝ မျှသာရှိသည့် သမိုင်းဝင် မြို့တစ်မြို့ဖြစ်သည်။ ဗယ်လက်တာတွင် ၁၆ ရာစုလက်ရာ အဆောက်အအုံ အများအပြား တည်ရှိသည်။ ဂျေရုဆလင်၏ စိန့်ဂျွန်ဘုရင်က ဗယ်လက်တာကို စတင် တည်ဆောက်စေခဲ့ခြင်း ဖြစ်သည်။
ဗယ်လက်တာသည် ရှေးဟောင်း အရိပ်အငွေ့ လွှမ်းမိုးသော မြို့ပြ အင်္ဂါရပ်ကြောင့်သာ မကဘဲ လှပသည့် ပင်လယ်ကမ်းခြေများကြောင့်ပါ ထင်ရှားသည်။

ဗင်းနစ်(အီတလီ)
မာကိုပိုလီနှင့် ထရီဗီဆို လေဆိပ်တို့မှ တစ်ဆင့် လွယ်ကူစွာ ရောက်ရှိနိုင်သည်။ မီးရထားလမ်းလည်း ပေါက်သည်။ဗင်းနစ်သည် အီတလီ အရှေ့မြောက်ပိုင်းရှိ မြို့ငယ်လေး တစ်ခုဖြစ်ပြီး ရေလယ်တွင် တည်ဆောက် ထားသဖြင့် ထင်ရှားသည်။
မြို့အတွင်းရှိ ရေယာဉ်ငယ်လေးများဖြင့် အဓိက သွားလာရပြီး လူသွားလမ်းများကို တံတားများဖြင့် သွယ်ယှက် ဖောက်လုပ်ထားသည်။
ဗင်းနစ်သည် မြို့တည်နေပုံကြောင့်သာမကဘဲ အနုပညာ လက်ရာများကြောင့်ပါ ထင်ရှားသည်။

ရဲလိုးစတုန်း အမျိုးသား ဥယျာဉ်(အမေရိကန်)
ဝိုင်အိုမင်းရှိ ဂျင်ဆင်ဟိုးလ်မှ ကီလိုမီတာ ၁ဝဝ မျှအကွာတွင် တည်ရှိသည်။ ခမ်းနားကျယ်ဝန်းသည့် တောတောင်ရေမြေများ၊ ရေတံခွန်များ တည်ရှိသည်။ ကမ္ဘာကျော် ဂရင်းကင်ညွန် လျှိုကြီးသည် ယင်းအမျိုးသား ဥယျာဉ်အတွင်း၌ တည်ရှိသလို ရဲလိုးစတုန်းရေကန်ကြီး ရှိနေသည်။ ဥယျာဉ်ထဲတွင် သဘာဝသားရိုင်း သက်ရှိ အများအပြား မှီတင်း နေထိုင်လျက် ရှိသည်။
ရဲလိုးစတုန်းသည် ကမ္ဘာပေါ်တွင် အစောဆုံး သတ်မှတ်သည့် အမျိုးသား ဥယျာဉ်ကြီး အဖြစ်လည်း ယူဆနိုင်သည်။ ယင်းဒေသတွင် လူသားများ လွန်ခဲ့သည့်နှစ်ပေါင်း ၁၁ဝဝဝ ဝန်းကျင်က စတင်၍ အခြေချ နေထိုင် ခဲ့ကြောင်းလည်း သိရသည်။

မြ၀တီ


https://www.facebook.com/photo.php?fbid=528598590571310&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...