••••••••••••••••••••••••••
ဒီနေ့ တည်ထားကိုးကွယ်မှာက အရဟံစေတီဆိုတာ
အရဟံဂုဏ်တော် ပွားများနေခြင်းသည်ပင် မိမိရဲ့
နှလုံးသားမှာ အရဟံစေတီတည်နေခြင်းပါပဲ။ မိမိရဲ့
နှလုံးသားတောင်ထိပ်မှာ အရဟံစေတီတည်မယ်
ဆိုရင် အရဟံဂုဏ်တော်အပေါ်မှာ ယုံကြည်တဲ့
သဒ္ဓါတည်းဟူသော ကျောက်သား မြေသားတွေနဲ့
လည်း ပြည့်စုံရမယ်။ အရဟံဂုဏ်တော်ရဲ့ အဓိပ္ပာယ်ကို
ပီပီပြင်ပြင် ရှင်းရှင်းလင်းလင်း နက်နက်ရိုင်းရိုင်း
သိမြင်တဲ့ ပညာဆိုတဲ့ ကျောက်သား မြေသား
တွေနဲ့လည်း ပြည့်စုံရမယ်။
အရဟံဂုဏ်တော် ပွားများခြင်းရဲ့ တန်ခိုးသတ္တိတွေ
အပေါ်မှာလည်း ယုံကြည်ပြီ၊ အရဟံဂုဏ်တော်ရဲ့
အဓိပ္ပာယ်တွေကိုလည်း ထိုးထိုးထွင်းထွင်း သိမြင်ပြီ
ဆိုရင်တော့ မိမိရဲ့ နှလုံးသားဟာ တောင်ထွတ်
တောင်ထိပ်ကြီး ဖြစ်ပါပြီ။
အဲဒီအခါမှာ ယုံကြည်တဲ့သဒ္ဓါ၊ သိမြင်တဲ့ပညာကို
အခြေခံပြီး မိမိ သိထားတဲ့ အရဟံဂုဏ်တော်ကို
ထပ်တလဲလဲ ပွားများရမှာပါပဲ။ အဲဒီလို ထပ်တလဲလဲ
ပွားများလိုက်ပြီဆိုရင် မိမိရဲ့ နှလုံးသားတောင်ထိပ်မှာ
အရဟံစေတီတော်ကြီး တဖြည်းဖြည်း၊ တဖြည်းဖြည်းနဲ့
မြင့်တက်ပြီး ပေါ်ပေါက်လာပါတယ်။
နည်းနည်းပဲ ပွားရသေးတယ်၊ အစပဲ ပွားရသေးတယ်
ဆိုရင်တော့ အုတ်မြစ်လောက်ပဲ ရှိဦးမှာပါ။ ဒီထက်
ဆက်ပွားသွားမယ်ဆိုရင် သူ့အဆင့်နဲ့သူ ပစ္စယံလေးတွေ၊
သပိတ်မှောက်တွေ၊ ငှက်ပျောဖူးတွေ စသည်အားဖြင့်
အဆင့်ဆင့် တက်တက်ပြီးတော့ နောက်ဆုံး စိန်ဖူးတော်
နဲ့တကွ ထီးတော်အထွက် တင်ရမှာပေါ့။ တစ်ကြိမ်လောက်ပဲ
ပွားများရုံနဲ့တော့ စေတီတော်ကြီး တစ်ဆူလုံး ပြီးမှာ
မဟုတ်သေးဘူး။
ပြင်ပလောကမှာ တည်ထားတဲ့ စေတီတော်များဟာလည်း
တစ်ရက်တည်းနဲ့ နေ့ချင်းပြီးတည်ရမယ်၊ ဘယ်နှနာရီအတွင်း
တည်ရမယ်ဆိုလို့ ဗေဒင် ယတြာသဘောနဲ့ လောလောဆယ်
လောကီရဲ့အကျိုး၊ မရေရာမသေချာတဲ့ လောကီအကျိုးတွေကို
မျှော်လင့်တောင့်တပြီးတော့ ပြီးစလွယ် တည်တဲ့ ဘုရား၊
သေးသေးငယ်ငယ် တည်တဲ့ဘုရားဆိုရင်တော့ နေ့ချင်း
ပြီးချင်ပြီးမှာပေါ့။ တကယ်ပီပီပြင်ပြင်တည်တဲ့ ဘုရား
ဆိုရင်တော့ ရက်တွေ၊ လတွေ၊ နှစ်တွေ အချိန်ယူရမှာပါပဲ။
အဲဒီလိုပါပဲ၊ အရဟံဂုဏ်တော်ရဲ့ အဓိပ္ပာယ်ကို တစ်ခေါက်
လောက် သိထားရုံနဲ့၊ တစ်ခေါက်လောက်ပွားလိုက်ရုံန
စေတီတော်ကြီး မပြီးသေးဘူး။ အကြိမ်ပေါင်း ရာဂဏန်း၊
ထောင်ဂဏန်း၊ သောင်းဂဏန်း၊ သိန်းဂဏန်း၊ သန်းဂဏန်း၊
ကုဋေကုဋာ၊ ရက်တွေ၊ လတွေ၊ နှစ်တွေ ချီပြီးတော့ အရဟံ
ဂုဏ်တော်ကို ထပ်တလဲလဲ ပွားများရမယ်။
တစ်ခါပွားများရင် အုတ်တစ်ချပ်စီပြီးသားဖြစ်လု
ပွားများရင် အုတ်တစ်ချပ်စီပြီးသားဖြစ်လု
တဖြည်းဖြည်းနဲ့ ကြီးမားလာပါတယ်။ ဒါကလည်း ဥပမာ
အရသာ ခွဲခြားပြီး ပြောနေတာပါ။ အရဟံဂုဏ်တော်ကို
တိုးတိုးပွားလေ မိမိရဲ့ နှလုံးသားတောင်ထိပ်ဟာလည်း
မြင့်မြင့်လာလေ၊ မိမိရဲ့ အရဟံ စေတီတော်ကြီးဟာလည်း
ကြီးကြီးလာလေ ဖြစ်တာပါပဲ။
တောင်တည်ဆောက်တဲ့အလုပ်က သီးခြားတစ်ခု၊ စေတီ
တည်တဲ့အလုပ်က သီးခြားတစ်ခုလို့တော့ မရှိပါဘူး။ စကား
အရသာ ဥပမာအနေနဲ့ ထင်ရှားအောင် ပြောရခြင်းပါ။
အရဟံဂုဏ်တော်ရဲ့ အဓိပ္ပာယ်ကို မသိသေးခင် သိအောင်
လေ့လာတာကတော့ တောင်ကုန်းဖြစ်အောင် တောင်ထွတ်
တောင်ထိပ်ဖြစ်အောင် တည်ဆောက်တယ်ပဲ ထားပါတော့။
သိပြီးတဲ့နောက် အရဟံဂုဏ်တော်ရဲ့ အဓိပ္ပာယ်ကို ထပ်
တလဲလဲ ပွားတာကတော့ စေတီတည်တဲ့ အလုပ်ပါပဲ။
ဒီတော့ မိမိရဲ့ နှလုံးသားတောင်ထိပ်မှာ အရဟံစေတီ
တည်ကြရအောင်။ အရဟံဂုဏ်တော်ကို ပွားများဆင်ခြင်
နေရင် အရဟံ စေတီတည်တာပါပဲ။
“အရဟံ - ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား”
အဲဒါ အရဟံဂုဏ်တော်ရဲ့ အဓိပ္ပာယ်ပါပဲ။ အဲဒီအဓိပ္ပာယ်သည်
ပင်လျှင် အရဟံ ဂုဏ်တော်ဆိုတာ ကိလေသာ ကင်းစင်ခြင်း
ပဲဆိုတာ သိပြီး ဘယ်လို ပွားများရမလဲလို့ တွေးနေစရာ
မလိုပါဘူး။
အရဟံဆိုတာ ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရားလို့
အဓိပ္ပာယ်လေး တစ်ခေါက် သိပြီးတဲ့နောက် အရဟံဂုဏ်တော်
ပွားတဲ့ အခါမှာ “အရဟံ၊ အရဟံ၊ အရဟံ”နဲ့ အဲဒီလို ပါဠိလိုချည်း
ဆက်တိုက်ရွတ်ရမှာ မဟုတ်ပါဘူး။ ရွတ်လို့လည်း ရတော့ ရပါတယ်။
သို့သော် မိမိက ပါဠိလိုမျိုး မဟုတ်တဲ့အတွက်ကြောင့် အရဟံဆိုတာ
ကိလေသာကင်းစင်တဲ့သူလို့ အဓိပ္ပာယ်ရတယ်ဆိုတာ သိထားပေမယ့်
အရဟံဆိုတဲ့ စကားလုံးကို ထပ်ကာထပ်ကာ ရွတ်တဲ့အခါမဓှာတော့
ရွတ်တိုင်းရွတ်တိုင်း “ကိလေသာကင်းစင်သူ”ဆိုတဲ့ အဓိပ္ပာယ်ကို
သိမြင်မနေတော့ပါဘူး။
ဆိုပါတော့၊ ပုတီးတစ်ပတ်ဆိုရင်ပဲ (၁၀၈)ခေါက်၊ အဲဒီလို (၁၀၈)
ခေါက်လုံး အရဟံ၊ အရဟံလို့ ရွတ်နေတဲ့အချိန်မှာတော့ (၁၀၈)
ခေါက်လုံး “ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား”ဆိုတဲ့
အဓိပ္ပာယ်ပေါ်မှာ အာရုံမရောက်တော့ပါဘူး။ ပထမနှစ်ခေါက်
သုံးခေါက်လောက်ကတော့ အရဟံလို့ အဓိပ္ပာယ်က အာရုံထဲမှာ
ထင်ချင်ထင်လိမ့်မယ်။ နောက်အခေါက်တွေ နောက်အခေါက်
တွေကျတော့ အရဟံ အရဟံနံ့ အရဟံဆိုတဲ့ စာလုံးလေး သုံးလုံးပဲ
မျက်စိထဲ မြင်နေတော့တယ်။
ဒါမှမဟုတ်ရင်လည်းပဲ မိမိကြည်ညိုတဲ့၊ မိမိ အာရုံယူထားတဲ့ ရုပ်ပွား
တော်တစ်ဆူတူ၊ သို့မဟုတ် ရုပ်ပွားတော် တစ်ဆူဆူရဲ့ မျက်နှာတော်၊
ဒါမဟုတ် စေတီတော်၊ အဲဒီလိုအားဖြင့် မြတ်စွာဘုရားရှင်ရဲ့ စေတီ
တော်တွေ ရုပ်ပွားတော်တွေ မျက်နှာတော်တွေကိုပဲ မိမိအာရုံထဲမှာ
မြင်နေတော့မှာပဲ၊ ကိလေသာ ကင်းခြင်းဆိုတဲ့ ဂုဏ်သတ္တိ၊ ကိလေသာ
ကင်းခြင်းဆိုတဲ့ ဂုဏ်သတ္တိ၊ ကိလေသာကင်းခြင်းဆိုတဲ့ စိတ်အရည်
အသွေးလေးရဲ့အပေါ်မှာ မိမိစိတ်က အာရုံ မရောက်တော့ဘူး။
အဲဒီလိုဆိုရင် မိမိရဲ့ အရဟံစေတီဟာ သိပ်ပြီးတော့ ကြည်ညိုဖွယ်ရာ
မဖြစ်တော့ဘူး။ သိပ်ပြီးတော့ မသပ္ပာယ်တော့ဘူး။ သိပ်ပြီးတော့
အစွမ်းသတ္တိ မထက်မြက်တော့ဘူး။ သိပ်ပြီးတော့ တန်ခိုးမကြီးတော့ဘူး။
သပ္ပာယ်ပြီး တန်ခိုးကြိးတဲ့ အရဟံစေတီကို တည်မယ်ဆိုရင်တော့
စိပ်ပုတီးစိပ်တာ ၀ါသနာပါတဲ့ ပုဂ္ဂိုလ်များကလည်းပဲ “အရဟံ ကိလေသာ
ကင်းစင်တော်မူသော မြတ်စွာဘုရား”၊ အဲဒီလို အပြည့်အစုံဆိုပြီးတော့မှ
ပုတီလေးတစ်လုံးချ၊ နောက်တစ်လုံးကတော့လည်း “အရဟံ ကိလေသာ
ကင်းစင်တော်မူသော မြတ်စွာဘုရား” တစ်လုံးချ။ ပါဠိလိုရော မြန်မာလို
အဓိပ္ပာယ်ရော ပွားများပြီးတော့မှ ပုတီးလေးတစ်လုံးစီ ချသွား။ ပါဠိ
သက်သက်ပွားတာထက် ပိုပြီးတော့ အစွမ်းသတ္တိ ထက်မြက်ပါတယ်။
မြန်မာလိုပါတွဲရွတ်တိုင်းရွ
ကိလေသာတွေကင်းစင်နေတဲ့ သဘောလေးကို အာရုံပြုပြီးတော့
ကြည်ညိုလို့ရပါတယ်။ ဂုဏ်တော်အပေါ်မှာ ကြည်ညိုတဲ့စိတ် ဖြစ်မှ
လည်းပဲ ဂုဏ်တော်ပွားခြင်းကြောင့် ပီတိပဿဒ္ဓိလို့ခေါ်တဲ့ နှစ်သက်
ဝမ်းမြောက်မူ ငြိမ်းအေးမူဆိုတာ ဖြစ်နိုင်ပါတယ်။
ဂုဏ်တော်အပေါ်မှာ ကြည်ညိုပြီး နှစ်သက်ဝမ်းမြောက် ငြိမ်းအေးနေတဲ့
ပီတိပဿဒ္ဓိ အားကောင်းမှသာလျှင် ဂုဏ်တော်ပွားခြင်းရဲ့ လောကီ
လောကုတ္တရာ တန်ခိုးသတ္တိတွေကို အပြည့်အ၀ ရရှိနိုင်ပါတယ်။
ဒါပေမဲ့ ဘာဝနာဆိုတာကတော့ စိတ်ရဲ့ အလုပ်မျှသာ ဖြစ်ပါတယ်။
နူတ်ရဲ့ အလုပ်လည်း မဟုတ်ပါဘူး၊ လက်ရဲ့ အလုပ်လည်း မဟုတ်
ပါဘူး။ စိတ်သက်သက်နဲ့ အာရုံပြု ပွားများနိုင်လောက်အောင် မိမိက
စိတ်စွမ်းရည် မပြည့်ဝသေးဘူးဆိုရင်တော့ ပြင်ပ ရုပ်ဝတ္ထုပစ္စည်း
တစ်ခုခုရဲ့ အကူအညီကို ယူပြီးတော့ ပွားများရမှာပေါ့။
စိတ်သက်သက်နဲ့ပဲ ပွားများလို့ရလားအောင်၊ စိတ်သက်သက်နဲ့ပဲ
အာရုံပြုကြည်ညိုလို့ရလာအောင
ဆိုရင်တော့ ပြင်ပ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ အကူအညီ လုံးဝ မလိုအပ်
တော့ပါဘူး။ နူတ်ရဲ့ အကူအညီလည်းပဲ လုံးဝ မလိုအပ်တော့ပါဘူး။
ဘာဝနာပွားတဲ့ အချိန်ကို ပြောတာပါ။ ဘာဝနာပွားတဲ့နည်းနဲ့
မဟုတ်ဘဲနဲ့ ကိုယ့်ဘာသာကိုယ် ကြည်ညိုလို့ အသံထွက်ပြီးတော့
ရွတ်ဆိုချင်တယ်၊ ရွတ်ပွားချင်တယ်ဆိုရင်တော့
စိတ်သက်သက်နဲ့ပဲ ဗုဒ္ဓါနုဿတိဘာဝနာ ပီပြင်လာအောင် ပွားများ
ချင်တယ်ဆိုရင်တော့ အခုပြောမယ့် ဂုဏ်တော်တွေရဲ့ အဓိပ္ပာယ်တွေ
စိတ်သက်သက်နဲ့ပဲ အာရုံပြုပြီးတော့ ကြည်ညိုရမှာပါ။
ဂုဏ်တော်ပွားသောအားဖြင့် ကိုယ့်နှလုံးသားမှာ တည်လိုက်တဲ့ ဘုရားက
ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဘုရားပါပဲ။
ကိုယ့်ကိုလာပြီး ကောင်းကျိုးမပေးနိုင်ပါဘူး။
တည်ထားတဲ့ ဘုရားကမှ ကိုယ့်ကို ကောင်းကျိုးပေးနိုင်တာပါ။
ပြင်ပက တန်ခိုးကြီးဘုရားတွေကို ဖူးမြော်ပူဇော်တာဟာ အဲဒီဘုရား
တွေကို အာရုံပြုပြီး ကိုယ့်နှလုံးသားမှာ ဘုရားတည်ဖို့အတွက်ပါပဲ။
ကိုယ့်နှလုံးသားမှာ ဘုရားပြောင်းမတည်ဘဲနဲ့တော့ ဘယ်တန်ခိုးကြီး
ဘုရားကမှ ကိုယ့်ကို မမစနိုင်ပါဘူး။
ဂုဏ်တော်တွေကို တစ်ကြိမ်တစ်ခါလောက် ပွားရုံ၊ အကြိမ်နည်းနည်း
ပွားရုံနဲ့လည်း တစ်သက်စာ အားကိုးရလောက်အောင် နှလုံးသားထဲက
ဘုရားက တန်ခိုးမကြီးသေးပါဘူး။ အကြိမ်ကြိမ်အထပ်ထပ် ပွားမှ
တန်ခိုးကြီးတာပါ။
- ဆရာတော်အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )
Dhamma Danã Source ►
youngbuddhistassociation
No comments:
Post a Comment