စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဖား "ပြုတ်" ပုံဥပမာ...



ဖားတစ်ကောင်ကို ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲကို ထည့်လိုက်ရင် အဲဒီဖားဟာ ပူနေတဲ့ ခံစားမှုကြောင့် အိုးထဲကနေ ခုန်ထွက်လာမှာပါ။

ဒါပေမယ့် အဲဒီဖားကိုပဲ မီးဖိုပေါ်က ရေအေးအေးလေးထည့်ထားတဲ့ အိုးလေးထဲကို ထည့်လိုက်ရင်တော့ ဖားလေးဟာ ဘာအပူအပင်မှမရှိပဲ အိုးလေးထဲမှာ နေနေမှာပါ။

တစ်ခါ အဲဒီအိုးလေးကို မီးအပူ ခပ်ပါးပါးလေးပေးလိုက်ရင် အိုးထဲက ရောဟာ တစ်ဖြည်းဖြည်းနွေးလာပါတယ်။ အဲဒီအခါမှာ ဖားလေးဟာ ဒီရေနွေးနွေးလေး ထဲမှာပဲ သာယာနေမှာပါ။ ဒီလိုနဲ့ မီးအပူဆက်ပေးလိုက်တဲ့အခါ ရေနွေးငွေ့ တွေထွက်လာပြီး ရေဟာလည်း ပိုပြီး ပူလာပါတယ်။ အဲဒီအခါမှာတော့ ဖားလေးက ရေပူစမ်းက ရေကိုချိုးနေရသလိုပဲ ခံစားပြီး အဲဒီ ရေပူလေးထဲမှာပဲ ပျော်မွေ့ နေတာကို တွေ့ ရပါမယ်။

ဒါပေမယ့် ရေက ပူသထက်ပူလာတာနဲ့ အမျှ ဖားလေးရဲ့  အားအင်တွေဟာလည်း တဖြည်းဖြည်းနဲ့ ကုန်ခမ်းလာပါတယ်။

ဒီဖားလေးဟာ အန္တရယ်ကို သိနားလည်လိုက်ရတဲ့ အချိန်မှာတော့ ရေဟာ စတင်ဆူပွက်နေပြီ ဖြစ်လို့  သူဟာ ကြိုးစားရုန်းကန်ဖို့ အတွက် နောက်ကျ သွားပါပြီ။ သူ့ ဆီမှာ အချိန်လည်း မရှိတော့အပြင် အားအင်လည်း မကျန်တော့ပါဘူး။ ဒီလိုနဲ့ ပဲ ဖားလေးဟာ ဆူပွက်နေတဲ့ ရေနွေးထဲမှာ အသက် ဆုံးရှုံးသွားရပါတယ်။


ဒါက ဘာကြောင့်လဲဆိုရင် ဖားတစ်ကောင်ရဲ့ အတွင်း ကလီစာဟာ ပတ်ဝန်းကျင်မှာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အန္တရယ်တွေကိုသာ အာရုံခံစားနိုင်စွမ်း ရှိပြီး မသိမသာနဲ့ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေ အပေါ် အာရုံခံစားမှု မရှိလို့ ပါပဲ။


ကျွန်မတို့ ဘ၀မှာလည်း ပြောင်းလဲမှုတွေ အစဉ်ဖြစ်ပေါ်နေပါတယ်။ ဒီပုံဥပမာက ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကြီးမားတဲ့ ပြောင်းလဲမှုကိုသာမက တဖြည်းဖြည်း နဲ့  မသိမသာဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေကို ဂရုတစိုက်နဲ့ အလေးထားဖို့ ကျွန်မတို့ ကို သတိပေးနေပါတယ်။ ပြောင်းလဲလာမှုတွေကို ထိထိရောက်ရောက် ကိုင်တွင်ဖြေရှင်းနိုင်ဖို့ အတွက် ရှေ့ မှာ ဘာဖြစ်နိုင်လဲဆိုတာကို ကြိုတင်တွေးဆပြီး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

မမျှော်လင့်ထားတဲ့ ပြောင်းလဲမှုတွေ ကြောင့် ကျွန်မတို့ ဘ၀ကို ဖြေရှင်းလို့ မရနိုင်အောင် ရှုပ်ထွေးမှုဖြစ်သွားမှာကို လက်သင့်မခံပါနဲ့ ။ အပြုတ်ခံရတဲ့ ဖားပြုတ် မဖြစ်ပါစေနဲ့ ။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို အလေးထားပြီး ဂရုတစိုက်ရှိခြင်းဖြင့် ရေမပူလွန်းခင်မှာ သတိထားမိအောင် အသိအရားလေးနဲ့ အသက်ရှင်ကြပါစို့ ။


ဒီ အကြောင်းအရာကတော့ ပုံပြင်ဆိုတာထက် Peter Senge ဆိုတဲ့သူက လွန်ခဲ့တဲ့ နှစ် ၂၀ ခန့် က စမ်းသပ်ချက်ကို ပြုလုပ်ပြီးမှ သိရှိလာရတဲ့ အချက်တစ်ချက်ကို ပြန်ပြီး ရေးသားထားတာပဲဖြစ်ပါတယ်။ မူရင်းအင်္ဂလိပ်လိုလည်း ထည့်သွင်းပေးထားပါတယ်။
စနိုး


Peter Senge wrote 20 years ago about the parable of the boiled frog.

You could place the frog into a pot of hot water, but as soon as it feels the heat, it will jump out. However, if you put a pot of cool water on the stove and then add the frog, not sensing danger the frog will stay. Next, turn the burner on low to slowly heat the water. As the water warms, the frog relaxes. The warmth feels good. As the water gets hotter it acts like a steam bath draining away energy and deepening the frog's relaxation. The frog becomes sleepy and has less and less energy while the water is getting hotter and hotter. By the time the frog realizes its danger, the water is beginning to boil, and it is too late to take action. There is neither time nor energy left to do anything. The frog perishes in the boiling water.

This is because the frog’s internal apparatus for sensing threats is geared to sudden changes in his environment not to slow gradual changes.

Life is full of change. This parable is often used to illustrate how humans have to be careful to watch slowly changing trends in the environment, not just the sudden changes. It’s a warning to keep us paying attention not just to obvious threats but to more slowly developing ones. To effectively manage change you must anticipate what is coming next, so you can prepare for it. Don't let unexpected change creep up on you. Don't become a "boiled frog." Pay close attention to what is going on around you, so that you can notice when the "water" is getting hot.

ဘာသာပြန်ပုံပြင်များ

https://www.facebook.com/photo.php?fbid=187060104797117&set=a.13175070032805

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...