စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာပေါ်မှာ အလုပ်အများဆုံး လုပ်နေရကြတဲ့ နိုင်ငံတွေ..


Tuesday, July 23, 2013

ကျွန်တော်တို့ဆီမှာ အလုပ်လုပ်နေကြရတဲ့ ကာယရော ဥာဏ၀န်ထမ်းတွေကပါ အရမ်း အလုပ်များကြောင်း၊ ပင်ပန်းကြောင်း ညဉ်းတွားစကားတွေကို လူတိုင်း ကြားဖူးမှာပါ။ နောက်ပြီး တခြားနိုင်ငံတွေနဲ့ ခိုင်းနှိုင်းပြီး အဲဒီ နိုင်ငံတွေမှာ လူဖြစ်ရင်ကွာ ဆိုတာမျိုးလဲ ပြောတတ်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော် ဒီသတင်းလေးကို ဖတ်မိတော့ ကျွန်တော်တို့တွေ ညဉ်းတွားနေတာတွေက တကယ်တမ်း ဒီလောက်ကြီး မဟုတ်သေးတာ တွေ့ရသလို ကျွန်တော်တို့ အထင်ကြီးတဲ့ နိုင်ငံတွေကလည်း တကယ်ကို ပင်ပင်ပန်းပန်း ဒါမှမဟုတ် အချိန် အများကြီးပေးပြီး အလုပ်လုပ်နေရတာ တွေ့လာရပါတယ်။ ကဲ ဒီတော့ ကမ္ဘာပေါ်မှာ အပင်ပန်းဆုံး ဒါမှမဟုတ် အလုပ်ချိန် အများဆုံး လုပ်နေကြရတဲ့ နိုင်ငံတွေကို ကြည့်ရအောင်ဗျာ။

(၁) မက္ကဆီကို – လုပ်သား တစ်ယောက်ဟာ တစ်နှစ်ကို ပျမ်းမျှ နာရီပေါင်း ၂,၃၁၇ လောက် အလုပ်လုပ်နေရပြီး ဒါဟာ တစ်ပတ်ကို ၄၅ နာရီ လုပ်ငန်းခွင် ၀င်ရောက်နေရတာ ဖြစ်ပြီးတော့ ဖွံ့ဖြိုးပြီး နိုင်ငံတွေထဲမှာ အလုပ်ချိန် အကြာဆုံးပါပဲတဲ့။ စာရင်းတွေ အရတော့ မက္ကဆီကို နိုင်ငံသားတွေဟာ တစ်နှစ်ကို နာရီပေါင်း ၅၁၉ နာရီလောက် ပုံမှန်ထက် ပိုပြီး အလုပ်လုပ်နေရတာ ဖြစ်ပါတယ်။

(၂) ချီလီ – ချီလီရဲ့ လုပ်သား ၁၆ ရာခိုင်နှုန်းလောက်ဟာ တစ်ရက်ကို နာရီပေါင်း ၅၀လောက် အလုပ်လုပ်နေကြရပြီး ကျန် လုပ်သား ၀န်ထမ်းတွေလည်း သိပ်မထူးလှပါဘူးတဲ့။ နောက်ပြီး ချီလီက ချမ်းသာသူတွေက တစ်နှစ်ကို ဒေါ်လာ ၃၁,၀၀၀လောက် ရရှိနေချိန်မှာ လူဆင်းရဲ့တွေက တစ်နှစ်ကို ၀င်ငွေ ဒေါ်လာ ၂,၄၀၀လောက်ပဲ ရတယ်လို့ ဆိုပါတယ်။

(၃) ကိုရီးယား – ကိုရီးယား လုပ်သားတွေဟာ တစ်နှစ်ကို အလုပ်ချိန် ၂,၀၉၂ နာရီလောက် အလုပ်လုပ်နေရပြီး ပျမ်းမျှ ၀င်ငွေ ၃၅,၄၀၆ ဒေါ်လာလောက် ရနေတယ်လို့ ဆိုပါတယ်။ ကိုရီးယားရဲ့ အမျိုးသား ၇၅ ရာခိုင်နှုန်းလောက် လုပ်ငန်းခွင် ၀င်နေပြီး ၃၅ ရာခိုင်နှုန်းလောက်သော အမျိုးသမီးတွေသာ အလုပ်လုပ်ပါသတဲ့။ ခန့်မှန်းချက်များအရတော့ အမျိုးသမီး ၀န်ထမ်းတွေ နည်းတာက နောက်ပိုင်းမှာ တိုင်းပြည် တိုးတက်မှုကို ထိခိုက်စေနိုင်ပါတယ်တဲ့။

(၄) အက်စတိုးနီးယား – အက်စတိုးနီးယား ပြည်သူတွေကတော့ တစ်နှစ်ကို အလုပ်ချိန် ၂,၀၂၁ နာရီလောက် အလုပ်လုပ်နေရပြီး ပျမ်းမျှ ၀င်ငွေ ၁၇,၃၂၃ ဒေါ်လာ လောက်ရနေပါတယ်။ အလုပ်ချိန်တွေ ပုံမှန် ရေးဆွဲထားလေ့ မရှိသလို အမြဲတမ်း ၀န်ထမ်းလည်း ရှားတယ်လို့ သိရပါတယ်။ လုပ်သားတွေကတော့ တစ်ပတ်ကို အလုပ်ချိန် နာရီ ၄၀လောက်ပဲ လုပ်ချင်နေကြသလို ၁၀ ရာခိုင်နှုန်းလောက်သော ၀န်ထမ်းတွေက အချိန်ပိုင်း လုပ်သားတွေ ဖြစ်ပါတယ်။

(၅) ရုရှ – ရုရှတွေက တစ်ပတ်ကို အလုပ်ချိန် နာရီ ၄၀ လုပ်နေကြရပါတယ်။ နောက်ပြီး တခြားနိုင်ငံတွေနဲ့ အလုပ်သမားဆိုင်ရာ ဥပဒေတွေ မတူညီတာ တွေ့ရပါတယ်။ ဥပမာ ဆိုရင် အချို့သော အလုပ်သမားတွေဟာ တစ်ပတ်ကို နာရီ ၅၀ အလုပ်လုပ်ခွင့် ရရှိတာ တွေ့ရပြီး တစ်နှစ်ကို လစာပြည့်ခွင့် ၂၈ ရက်ရတာ တွေ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုရှအလုပ်သမားတွေဟာ အမေရိကန် အလုပ်သမားတွေထက် တစ်နှစ်ကို နာရီ ၂၀လောက် ပိုပြီး အလုပ်လုပ်နေရပါတယ်။



Myanmar ICT

https://www.facebook.com/photo.php?fbid=447033782061125&set=a.351047714993

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...