စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အာကာသရဲ့ ရနံ့ကို သိချင်လား…?


Friday, July 19, 2013

သင်သာ ကားပြိုင်ပွဲတစ်ခုကို ရောက်နေတဲ့ အချိန်မှာ ဘယ်လို အနံ့တွေ သင့်နှာခေါင်းမှာ ရရှိနိုင်မလဲ စဉ်းစားကြည့်လိုက်ပါ..ရှေ့ပိုင်း အင်ဂျင်ခန်းက သတ္တုတွေရဲ့ အပူကြောင့် ထွက်လာတဲ့ အနံ့တွေ၊ မီးခိုးနံ့တွေနဲ့ ညှော်နံ့တွေ အားလုံး သင် အနံ့ရပါလိမ့်မယ်။ ဒါဟာ သင်ကမ္ဘာပေါ်မှာ ရှိနေလို့ အဲဒီလို အနံ့တွေ ရနေတာပါ။ ဒီ အနံ့တွေ အားလုံးဟာ အနံ့ဆိုင်ရာ ဒြပ်ပေါင်း အမှုန်တွေကြောင့် ဖြစ်ပြီး သူတို့ကို ပိုလီ ဆိုက်ကလစ် အေရိုမက်တစ် ဟိုက်ဒရိုကာဗွန်လို့ ခေါ်ပါတယ်။ ဒီအမှုန်တွေဟာ စကြာဝဠာ တစ်လျှောက်လုံးမှာ ရှိနေတာ ဖြစ်ပြီး အမြဲတမ်း လွင့်ပျံနေတယ်လို့ NASAက တာဝန်ရှိသူတစ်ယောက် ဖြစ်တဲ့ Louis Allamandolaက ပြောပါတယ်။

သူတို့ရဲ့ ပုံသဏ္ဍာန်တွေက ကြယ်စင်စုတွေလို၊ ဥက္ကာခဲတွေလို၊ နောက်ဆုံး ဖုန်မှုန့်တွေလို ဖြစ်ပြီး သူ့ကို ကျောက်မီးသွေး၊စက်သုံးဆီတွေနဲ့ အစားအစာတွေ မှာတောင် တွေ့နိုင် ပါတယ်။ ကမ္ဘာရဲ့အပြင်ဘက်အာ ကာသအပိုင်းတွေဟာ လူသားတွေ အသက်ရှင်နေထိုင်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေဖြစ်ပြီး အာကာသ ယာဉ်မှူးတွေကတော့ လိုအပ်တဲ့ ၀တ်စုံတွေ ၀တ်ဆင်ပြီး အာကာသထဲ လမ်းလျှောက်ထွက်ကာ နောက်ဆုံး အာကာသယာဉ်ထဲ ပြန်လည် ၀င်ရောက် နေထိုင်ကြရပါတယ်။

ဒါပေမယ့်တစ်ရက် မှာတော့ ထူးခြားတာ တစ်ခု ဖြစ်ပျက် ခဲ့ပြီး အာကာသ ယာဉ်မှူးတွေ အာကာသထဲမှာ လုပ်ငန်း လုပ်ဆောင်နေချိန်တွေမှာတစ်စုံ တစ်ရာ ချွတ်ယွင်းမှုကြောင့် လောင်ကျွမ်းမှု ဖြစ်ပြီး အာကာသထဲမှာ အနံ့တစ်ခု ရရှိခဲ့ကြောင်း၊ အဆိုပါ အနံ့ဟာ ကမ္ဘာမြေပေါ်မှာ ဟင်းချက်တဲ့ အခါတွေမှာ ထွက်တဲ့ အနံ့နဲ့ ဆင်တူကြောင်း ပြောပါတယ်။အဲဒီ အနံ့ဟာ တကယ်သိသာလွန်းပြီး လွန်ခဲ့တဲ့ သုံးနှစ်က ဖြစ်ပျက်ခဲ့တဲ့ ဒီဖြစ်ရပ်ဟာ အာကာသ ယာဉ်မှူး Steven Pearceရဲ့ ကိုယ်တွေ့ြ့ဖစ်ရပ်ပါတဲ့။ ဒါ့အပြင် မကြာသေးခင်ကပဲ Pearceဟာ လပေါ်မှာ ယမ်းမှုန့်တွေ မီးရှို့ပြီး အနံ့ခံကြည့်ပါသေးတယ်တဲ့။ Allamandolaရဲ့ အဆိုအရတော့ ကျွန်တော် တို့ နေအဖွဲ့အစည်းဟာ အနံ့တွေ ထုတ်လုပ်နိုင်ဖို့ အကောင်းဆုံး ဖြစ်ကြောင်း၊ အကြောင်းမှာ ကာဘွန်ဓါတ်များပြားပြီး အောက်ဆီဂျင် နည်းခြင်းကြောင့် ဖြစ် တယ် လို့ ဆိုပါတယ်။ ကျွန်တော်တို့ ကမ္ဘာလို အောက်ဆီဂျင် ပေါများတဲ့ နေ ရာမှာတောင် အနံ့ထွက်ရှိမှု အလွန်လွယ်ကူတာကြောင့် အာကာသ လို နေရာမျိုးမှာ အနံ့တွေ ဖြစ်နိုင်၊ ရှိနိုင်ကြောင်း ပြောသွားပါတယ်။

Ref: http://www.popsci.com/science/article/2013-07/what-does-space-smel

Myanmar ICT

 https://www.facebook.com/photo.php?fbid=604617959578846&set=a.572785052762137.1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...