စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမြတ်ဆုံးရတနာ ဘုရား၊ တရား၊ သံဃာ




ဘုရား၊ တရား၊ သံဃာ .... ဟူသော ရတနာသုံးပါးတွင် ဘုရားရတနာသည် အသုည ကမ္ဘာများတွင်သာ ဖြစ်ပေါ်တော်မူသည်..။

ထိုသို့ ဖြစ်ပေါ်ရာတွင်လည်း တချို့ ကမ္ဘာမှာ တစ်ဆူ ၊ တချို့ ကမ္ဘာမှာ နှစ်ဆူ ၊ တချို့ ကမ္ဘာမှာ သုံးဆူ..၊ ...တချို့ ကမ္ဘာမှာ လေးဆူ..၊ ..တချို့ ကမ္ဘာမှာ ငါးဆူ . .. ဤမျှသာ ဖြစ်ပေါ်တော် မူကြသည်..။

သုည ကမ္ဘာကြီးများတွင်ကား သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့ မဆိုထားဘိ.... ပစ္စေက ဗုဒ္ဓာ ၊ စကြာဝတေး...ဟူသော မဟာဂုဏ၀န်တို့  ဖြစ်ပေါ်မှုမရှိ... ထို့ ကြောင့် ထိုကမ္ဘာကြီးများကို သုညကမ္ဘာ..ဟုခေါ်ဆိုရလေသည်..။

ထို့ ကြောင့် ဘုရားရတနာသည်.... အမြဲရှိမနေသည့် ရတနာဖြစ်သည်..။ သံဃာသည်လည်း ဘုရားရှင်တို့  ဖြစ်ပေါ်တော်မူမှသာ ဘုရားရှင်တို့ ကို အမှီသဟဲပြု ဖြစ်ပေါ်ကြရမြဲ ဖြစ်သည်..။ ဘုရားမဖြစ်ပေါ်က သံဃာ ရတနာ မရှိနိုင်ပေ..။ ထို့ ကြောင့် သံဃာ ရတနာသည်လည်း အမြဲရှိမနေသည့် ရတနာဖြစ်သည်..။ တရားရတနာ သည်ကား ထိုဘုရားရတနာ...သံဃာ ရတနာတို့ ကဲ့သို့  မဟုတ်ပေ..။ မည်သည့်ကမ္ဘာ ... မည်သည့် ကာလတွင်မဆို တည်ရှိသည်..။

ထို့ ကြောင့် တရားရတနာသည် အမြဲရှိနေသည့် ရတနာဖြစ်သည်..။ ... အိုခြင်း နာခြင်း သေခြင်းသဘောတို့ သည် လောကကြီးတွင် အမြဲရှိနေသည့် တရားများ ဖြစ်သည်..။ ထိုဆင်းရဲနှင့် ဆင်းရဲကြောင်း တဏှာတရားတို့  အမြဲရှိနေခြင်း ကြောင့်ပင် ... တဏှာကင်း၍ ဆင်းရဲချုပ်ရာ နိရောဓသည်လည်း လောကတွင် အလွတ် သဘောဖြင့် အမြဲရှိနေသည်..။ ထို့ ကြောင့် နိရောဓသို့ ရောက်ကြောင်း လမ်းကောင်း မဂ္ဂ သဘောသည်လည်း အမြဲရှိတော့၏..။

ဤသို့ လျှင် သစ္စာလေးပါး တရားသဘောသည် သာသနာတွင်း သာသနာပ မရွေး အမြဲရှိနေသည်..။ ထိုသစ္စာလေးပါး အမြဲ ရှိနေသကဲ့သို့ ပင် သစ္စာလေးပါး ကို ဖော်ညွှန်းပြဆိုသည့် သုတ္တန် ၊ အဘိဓမ္မာ ၊ ၀ိနည်းတရားတို့ သည်လည်း သာသနာတွင်း သာသနာပ ကာလမရွေး အမြဲရှိနေသည်..။ ထို ဓမ္မ၀ိနယ တရားတို့ သည် ဘုရားရှင်နှင့် ဘုရားရှင်၏ သာဝကတို့  ဖြစ်ပေါ်တည်ရှိရာ သာသနာတွင်း ကာလတွင် ထွန်းလင်း တောက်ပခွင့်ရကြ၍ ဘုရားရှင်နှင့် ဘုရားရှင်၏ သာဝကတို့  မရှိသည့် သာသနာပ ကာလတွင် မိစ္ဆာဓမ္မတို့ ၏ အလွှမ်း အမိုးကိုခံရ၍ ထွန်းလင်း တောက်ပခွင့် မရကြဘဲ မှိန်မှေးကြရခြင်းသာ ကွာခြားသည်...။

(ကထိက ရဟန်း - ဆရာတော် ဥုးမာနိတသိရီဘိဝံသ )

----------------------------------------------------------------------
SweSwe Winn ၏ Facebook မှ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည် ။

https://www.facebook.com/photo.php?fbid=612136985483840&set=a.452811328083074.1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...