စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"ပစ္ဆိမဘဝိက ဘုရားလောင်း ဘုရားရှင်တို့၏ ဓမ္မတာ(၃၀)”



၁။ ပစ္ဆိမဘဝိက ဘုရားလောင်းသည် ပညာအဆင်အခြင်ရှိလျှက် မယ်တော်ဝမ်း၌ ပဋိသန္ဓေနေခြင်း။

၂။မယ်တော်ဝမ်း၌ ထက်ဝယ်ဖွဲ့ကာ မယ်တော်ဝမ်းဘက် မျက်နှာမူ၍နေခြင်း။

၃။ မယ်တော်ရပ်လျှက်သာ ဘုရားလောင်းကို ဖွားတော်မူခြင်း။

၎။တောအရပ်၌သာ ဖွားတော်မူခြင်း။

၅။ ဘုရားလောင်းတော်သည် မြောက်အရပ်သို့ ခုနစ်ဖဝါးလှမ်းလျှက် အရပ်လေးမျက်နှာကိုကြည့်ပြီး ရဲတင်းသော စကားတော်သုံးခွန်းကိုဆိုခြင်း။

၆။နိမိတ်ကြီးလေးပါးကိုမြင်၍ သားတော်တစ်ယောက်ဖွားပြီးမှ တောထွက်တော်မူခြင်း။

၇။သင်္ကန်းကိုယူ၍ ရဟန်းပြုပြီးလျှင် အနည်းဆုံး ခုနစ်ရက် ဒုက္ကရစရိယာကျင့်တော်မူခြင်း

၈။ဘုရားဖြစ်မည့်နေ့၌ ဃနာနို့ဆွမ်း ဘုဉ်းပေးတော်မူခြင်း။

၉။မျက်ခင်းနေရာ၌ နေ၍ သဗ္ဗညုတဥာဏ်တော်ကိုရခြင်း။

၁၀။အာနာပါနကမ္မဋ္ဌာန်း ပရိကံပြုခြင်း။

၁၁။မာရ်စစ်သည်ကို ဖျက်ဆီးအောင်တော်မူခြင်း။

၁၂။ ဗောဓိပင်ရင်း၌သာ ဝိဇ္ဇာ(၃)ပါးကို အစပြု၍
အသာဓာရဏဥာဏ်စသော ဗုဒ္ဓဂုဏ်ကျေးဇူးတို့ကို ရရှိခြင်း။

၁၃။ဗောဓိပင်အနီး၌သာ ခုနစ်ရက်ခုနစ်လီ စံနေတော်မူခြင်း။

၁၄။မဟာဗြဟ္မာမင်းသည် တရားဟောရန် တောင်းပန်ခြင်း။

၁၅။မိဂဒါဝုန်တော၌ ဓမ္မစကြာတရားဟောခြင်း။

၁၆။တပို့တွဲ လပြည့်နေ့ အင်္ဂါလေးပါးရှိသော အစည်းအဝေး၌ သြဝါဒပါတိမောက်ကို ပြတော်မူခြင်း။

၁၇။ဇေတဝန်ကျောင်း၌ အမြဲနေတော်မူခြင်း။

၁၈။ သာဝတ္ထိပြည် မြို့တံခါးအရပ်၌ ရေမီးအစုံ ယမိုက်ပြဋိဟာကို ပြတော်မူခြင်း။

၁၉။တာဝတိံသာ နတ်ပြည်၌ အဘိဓမ္မာတရားကို ဟောခြင်း။

၂၀။ သင်္ကဿနဂိုရ်မြို့ တံခါး၌ တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော်မူခြင်း။

၂၁။အမြဲမပြတ် ဖလသမာပတ်ကို ဝင်စားခြင်း။

၂၂။ နံနက်မိုးသောက်ယာမ်နှင့် နေ့လယ်ပိုင်း အချိန်အားဖြင့် နှစ်ကြိမ် ကျွတ်ထိုက်သောဝေနေယျသတ္တဝါတို့ကို ကြည့်ရှုတော်မူခြင်း။

၂၃။အကြောင်းဝတ္ထုဖြစ်ပေါ်လာလျှင် သိက္ခာပုဒ်ကို ပညတ်တော်မူခြင်း။

၂၄။ အတ္ထုပ္ပတ္တိဖြစ်ပေါ်လာလျှင် ဇာတ်ဒေသနာတော်ကိုဟောခြင်း။

၂၅။ ဆွေတော် မျိုးတော်တို့ စုံညီအစည်းအဝေး၌ ဗုဒ္ဓဝင်ဒေသနာကို ဟောတော်မူခြင်း။

၂၆။အာဂန္တုရဟန်းတို့နှင့် အစေ့အစပ် ပဋိသန္ထာရစကားပြောကြားခြင်း။

၂၇။ ဝါကျွတ်သောအခါ ပင့်ဖိတ်ထားသော ဒါယကာတို့အား
မပန်ကြားဘဲ ကြွတော်မမူခြင်း။

၂၈။နေ့စဉ်နေ့တိုင်း ပူရေဘတ္တ၊ ပစ္ဆာဘတ္တ ၊ ပထမယာမ်၊
မဇ္ဈိမယာမ်အားဖြင့် ဗုဒ္ဓကိစ္စ(၅)ပါးကိုပြုခြင်း။

၂၉။ ပရိနိဗ္ဗာန် စံတော်မူသည့် နေ့၌ သားပြွမ်းဆွမ်းကို
ဘုဉ်းပေးတော်မူခြင်း။

၃၀။ကုဋေနှစ်သန်းလေးသိန်းသော သမာပတ်တို့ကို
ဝင်စား၍ ပရိနိဗ္ဗာန်စံခြင်း။

ဤကား ဗုဒ္ဓဝံသအဋ္ဌကထာ(၃၅၁)ဋ
လာသည့်အတိုင်းရေတွက်ပုံဖြစ်သည်။
သမန္တစက္ခုဒီပနီကျမ်း(၂၁၁)၊
မြန်မာ့စွယ်စုံကျမ်း(၄၀၂)၊
မဟာသုတဒီပနီကျမ်း(၃၇၃)တို့၌မူ ဓမ္မတာ(၃၀)ကိုတစ်နည်းတစ်ဖုံ ရေတွက်ကြသည်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ ပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

https://www.facebook.com/photo.php?fbid=449430538488116&set=a.3510

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...