စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပုရွက်ဆိတ်ကိုက် ခံရမှုကြောင့် သေဆုံးသော ဂျော်ဂျီယာနိုင်ငံသူ


21.7.2013

ဂျော်ဂျီယာနိုင်ငံမှ အသက် ၆၅ နှစ် အရွယ်ရှိ ဂျင်းနီပိုမီရိုင်းဆိုသူ အမျိုးသမီးကြီးသည် ပုရွက်ဆိတ်ကိုက် ခံရ ပြီးနောက်
ပြင်းထန်သည့် ဓာတ်မတည့်ခြင်း ဝေဒနာဖြင့် သေဆုံး သွားခဲ့ကြောင်း WSBTV သတင်းဌာနက ဖော်ပြခဲ့သည်။

သေဆုံးခဲ့သည့် ဂျင်းနီသည် ဂျော်ဂျီယာနိုင်ငံမှ မျက်မမြင်များအား ကူညီစောင့်ရှောက်ရေး အဖွဲ့မှ အမှုဆောင် အရာရှိချုပ် ဖြစ်ကြောင်း သိရသည်။

ဂျင်းနီသည် သဘာဝ အဆိပ်တစ်မျိုးရှိသည့် ပုရွက်ဆိတ် အကိုက်ခံရပြီး နောက်ပိုင်းတွင် သွေးလန့်ခြင်း ဝေဒနာကြောင့် ယားယံခြင်း၊ မျက်စိ နီမြန်းခြင်း၊ ပျို့အန်ခြင်း၊ ပါးစပ်၊ လျှာ ရောင်ရမ်းခြင်း၊ ရင်ကျပ်ခြင်း၊ ရုတ်တရက် သွေးပေါင်ကျခြင်း စသည့် ဝေဒနာများကို ခံစားရပြီးနောက် ဆေးရုံတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဂျင်းနီ ကွယ်လွန်သွားခြင်းသည် မိမိတို့ အဖွဲ့အစည်းအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်ကြောင်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သည့် ဂျင်းနီအား မိမိတို့ အားလုံးက ထာဝရ သတိရသွားမည် ဖြစ်ပြီး မိသားစုနှင့် အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိကြောင်း မျက်မမြင်များအား ကူညီစောင့်ရှောက်ရေး အဖွဲ့မှ ပူးတွဲ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒေါက်တာ စကော့ထ်ပတ်စတာနှင့် အေမီဟတ်ချင်ဆန်တို့က ပြောကြားခဲ့သည်။


https://www.facebook.com/photo.php?fbid=445932288837941&set=a.351047714993066.

1 comment:

  1. ဆီပါတဲ့ဆေးတစ်မျိုးမျိုးလိမ်းမိရင် ဥပမာ ပရုပ်ဆီ စသည်လိမ်းမိရင် သေတတ်တယ် လိုဆိုပါတယ် ပရွက်ဆိတ် (ကရင်နီ) ပင့်ကူ အဆိပ်ရှိအကောင်စသည် .... တစ်ခါက ပဲခူးမှာ ကလေးပရွက်ဆိပ် ကိုက်တာကို ပရုပ်ဆီလိမ်းပေးလိုက်တာနဲ့ သေရော - ဒါကို မဖြစ်နိုင်ဘူးဆိုပြီး ကလေးအဖေကိုယ်တိုင် တမင်ပရွက်ဆိပ် ကိုက်ခံပြီး ပရုပ်ဆီ ကိုက်တဲ့နေရာကိုလူး လိမ်းလိုက်တာသေပြန်ရော - ဒါနဲ့ ပဲခူးမြို့တွင်း လိုင်းကားတွေမှာ ကရင်နီပရွက်ဆိပ် ကိုက်ရင် ပရုပ်ဆီ မလိမ်းနဲ့ ဆိုတဲ့စာတွေ အများသိအောင် ကပ်ခဲ့ကြဖူးတယ် -(လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က ဖြစ်ခဲ့တဲ့ဖြစ်ရပ်)

    ReplyDelete

Related Posts Plugin for WordPress, Blogger...