စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘွဲ့များသခင် ဘွဲ ၁၈ ခုပိုင်ရှင်





အကောင်ကြီးကြီး အမြီးရှည်ရှည်ဆိုတာကို ကြားဖူးမှာပေါ့။ မင်္ဂလာဆောင်ဖြစ်ဖြစ်၊ မွေးနေ့ဖြစ်ဖြစ် နာမည်နောက်မှာ သက်ဆိုင်ရာ ဘွဲ့လေးတွေထည့်မှ တင့်တယ်သကိုး။ အဲ့ဒီတော့ ကိုယ့်လူတို့ တစ်သက်မှာ ဘွဲ့ပေါင်း ဘယ်နှစ်ခုလောက် ယူမယ်လို့ မှန်းထားပါသလဲ? အင်ဒိုနီးရှားက ၀ယ်လင် ကူစူမား ဆိုတဲ့ လူငယ်ကတော့ အသက် ၃၁ နှစ်မှာ ဘွဲ့နဲ့ အသိအမှတ်ပြုလက်မှတ်ပေါင်း ၁၈ ခုလက်ဝယ်ပိုင်ပိုင်ရထားပြီဖြစ်လို့ သူသာ မင်္ဂလာဆောင်လိုက်ရင် သတို့သားနဲ့ သတို့သမီး ဖိတ်စာထဲမှာ ဟိုဖက် ဒီဖက်ရိုက်ပြီး ဝေရမလို ဖြစ်နေပါပြီ။ 

ဝယ်လင်အနေနဲ့ ဒီလိုမျိုး ဘွဲ့ပေါင်း ၁၉ ခုရဖို့အတွက် ၁၃နှစ်တိုင်တိုင် တက္ကသိုလ်ပေါင်း မြောက်များစွာကို မမော မပန်း မနက် ၇ နာရီကနေ ည ၁၀ နာရီအထိ ပြေးလွှား တက်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျွန်တော် အင်ဒိုနီရှား ကမ္ဘာ့ စံချိန်တင်တဲ့ ပြတိုက်ကနေ အသိအမှတ်ပြု လက်မှတ်ရထားပါပြီ။ ဒီထဲမှာတော့ ကျွန်တော့်နာမည်ရယ် နောက်ပြီး ကျွန်တော်ရတဲ့ ဘွဲ့တွေဖြစ်တဲ့ ST, SE, SSos, SKom, SS, SAP, SStat, MT, MSM, MKn, RFP-1, CPBD, CPPM, CFP, AffWM, BKP, QWP အားလုံးပါပါတယ်။ ဘွဲ့နာမည်တွေက ရှည်လွန်းတော့ စာကြောင်းသုံးကြောင်းလောက် ရေးယူရတယ်” လို့ ဘွဲ့ပေါင်း ၁၈ ခုပိုင်ရှင် ၀ယ်လင်က ဆိုပါတယ်။

ကျွန်တော့်ရဲ့ ဘွဲ့တွေက စီမံခန့်ခွဲမှု့၊ ငွေကြေးဆိုင်ရာ နဲ့ အခွန်တွေနဲ့သက်ဆိုင်တဲ့ ဘွဲ့တွေများပါတယ်။ စီမံခန့်ခွဲမှု့ကို အဓိက ဦးတည်ပြီး ကျောင်းတွေတက်ပေမယ့် ကျွန်တော် ဥပဒေနဲ့ အင်ဂျင်နီယာ ပညာရပ်တွေကိုလဲ လိုက်စားခဲ့ပါတယ်လို့ ဘွဲ့များသခင်က ဆိုသွားပါသေးတယ်။
သူရထားတဲ့ ဘွဲ့တွေထဲမှာ Bachelor ဒီဂရီ ၈ ခုနဲ့ Master ဒီဂရီ ဘွဲ့ ၃ ခုတောင် ပါဝင်ပါသေးတယ်။ အခုလဲ နောက်ထပ်ကျောင်းတွေ ထပ်တက်ဦးမယ်လို့ ဆိုထားပါတယ်။ အင်း ဘွဲ့တွေ တသီကြီးနဲ့ ဘယ်လိုအလုပ်မျိုး လုပ်ဦးမယ်တော့မသိ။

ရေးသားသူ- Aung Htut (AH)
Ref:::အင်းလေးမီဒီယာ
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...