စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သောတာပန်ဖြစ်ရန်



သောတာပန်ဖြစ်ရန်အတွက် သောတာပတ္တိမဂ်ရရန် ရှေ့အဖို့က ပြည့်စုံစေရမည့် အကြောင်းအင်္ဂါများမှာ-

သပ္ပုရိသသံသေ၀- သူတော်ကောင်းတို့နှင့် ပေါင်းသင်းခြင်း။

သဒ္ဓမ္မဿဝန- တရားနာခြင်း။

ယောနိသောမနသိကာရ- သင့်တင့်အောင် နှလုံးသွင်းခြင်း။

ဓမ္မာနုဓမ္မပဋိပတ္တိ- မဂ်ဖိုလ်အားလျော်သော အကျင့်တရားကို ကျင့်ခြင်း။

သောတာပတ္တိယင်္ဂတရား လေးပါးတို့ ဖြစ်သည်။

ထို့ပြင် ဗုဒ္ဓေ အ၀စ္စပသာဒ စသည့် ဘုရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း။

တရား၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း။

သံဃာတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း။

အရိယကန္တဟု ဆိုအပ်သော ငါးပါးသီလနှင့် ပြည့်စုံခြင်း

ဤတရားလေးပါးနှင့်လည်း ညီညွတ်ကုံလုံစေရမည် ဖြစ်ပေသည်။

ဤသောတာပတ္တိယင်္ဂ တရားများနှင့် ပြည့်စုံသူသာ သောတာပန်ပုဂ္ဂိုလ် ဖြစ်နိုင်ပါသည်၊

လင်္ကာမှာ- သောတာပန်ပုဂ္ဂိုလ် ငါးပါးသီလ လုံခြုံကြောင်းကို ပြသည့်လင်္ကာဖြစ်၍ အောက်ဖော်ပြလတံ့သော ဆောင်ပုဒ်ကလေးများကို ဆောင်ယူထားသင့်ပါသည်။

သူတော်ကောင်းခို၊ တရားကိုနာ၊ သင့်စွာစိတ်ထား၊ တရားကျင့်ကာ၊ ညီလေးဖြာ၊ သောတာပတ္တိပါ။
ဗုဒ္ဓ ဓမ္မ၊ သံဃကိုယုံ၊ မတုန်လှုပ်ဘိ၊ အရိယကန္တ၊ သီလငါးဖြာ၊ စုံညီညာ၊ သောတာပတ္တိပါ။

ထိမှု သိမှု ထိုနှစ်ခု သတိကြပ်ကြပ်ပြု ထံမှကူးယူဖော်ပြပေးပါသည်။

မြန်မာပြည်မှမြန်မာလူမျိုး


https://www.facebook.com/photo.php?fbid=187059224797205&set=a.131750700328058.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...