စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တစ်ကိုယ်ရေ ကျန်းမာ သန့်ရှင်းရေး ဆိုင်ရာ အကြံပြုချက်များ




(၁) နေ့စဉ်ပုံမှန်ရေချိုးပါ။
ပင်ပန်း နွမ်းနယ်နေသည့် အချိန်ပဲ ဖြစ်ဖြစ်၊ ညစ်ပတ် ပေကျံနေသည့် အခါပဲဖြစ်ဖြစ် ပုံမှန် ရေချိုးပေးဖို့ လိုအပ် ပါတယ်။ နံနက်တိုင်း အားကစား ပြုလုပ်ပြီးသည့် အခါများမှာ ရေချိုး ပေးရပါမယ်။ မိမိကိုယ်မှ အနံ့အသက် များကို ကိုယ်ကိုယ်တိုင် မရနိုင် ပေမယ့်လည်း အခြားသူများက ရရှိ နိုင်သောကြောင့်ပါ။
(၂) အမွှေးအကြိုင်များကို အကန့်အသတ်ဖြင့် သာသုံးပါ။
အကယ်၍ အမွှေးနံ့ ပါသောဆပ်ပြာ သို့မဟုတ် ခေါင်းလျှော်ရည် များကို သုံးစွဲလျှင် ချက်ချင်း အမွှေးနံ့များကို အလွယ်တကူ ရရှိ နိုင်ပါတယ်။ မိမိနှင့် လိုက်ဖက်တဲ့ မွှေးရနံ့ တစ်ခု ဒါမှမဟုတ် နှစ်ခုကိုသာ ရွေးချယ် သုံးစွဲ သင့်ပါတယ်။ လူအများစုက အမွှေးအကြိုင်နှင့် ပတ်သက်၍ ခံစား သိရှိ လွယ်ကူကြပြီး ပြင်းသော မွှေးရနံ့များက တခြားသူများအား မနှစ်မြို့စေဘဲ စွဲဆောင်မှုလည်း မရှိပါဘူး။
(၃) သန့်ရှင်းသော အဝတ်အစား များကိုသာ ရွေးချယ် ဝတ်ဆင်ပါ။
အကြိမ် အနည်းငယ် ထပ်ခါထပ်ခါ ဝတ်ထားသော အဝတ်အစား များကို သေချာ လျှော်ဖွတ်ပါ။ တစ်နေကုန် ချွေးပြန် ထားပြီး ချွေးနံ့များ ထွက်နေသော အဝတ်အစားတို့ကို တစ်ကြိမ်သာ ဝတ်၍ လျှော်ဖွတ်ပါ။ အခြောက်ခံ စက်ဖြင့် အခြောက်ခံ ထားသော သို့မဟုတ် မီးပူ တိုက်ထားသော အဝတ်အစားများကို ချက်ချင်း ချိတ်ဖြင့် ချိတ်၍ထားပါ။
(၄) တစ်နေ့သုံးကြိမ် သွားတိုက်ပါ။
သွားနဲ့ ခံတွင်း ကျန်းမာရေးနဲ့ ခံတွင်းရနံ့ မွှေးပျံ့စေခြင်းတို့ အတွက် သင်၏သွား များကို တစ်နေ့သုံးကြိမ် တိုက်ပေးပါ။ သွားသန့်ရှင်းရေး ပြုလုပ်သည့် ကြိုးဖြင့် နေ့စဉ် သန့်ရှင်းရေး ပြုလုပ်ပြီး သင့်လျှာကိုလည်း သန့်ရှင်းရေး ပြုလုပ်ပါက အနံ့ဆိုးများနှင့် ဘက်တီးရီးယား ပိုးများ ပေါက်ပွားခြင်းမှ ကာကွယ် ပေးနိုင် ပါသည်။

ခံတွင်းရနံ့ မွှေးပျံ့ စေဖို့အတွက် ငုံဆေး ကိုလည်း ဆောင်ထားပါ။ မကြာသေးမီက ကော်ဖီ သောက်ထားခဲ့လျှင် သို့မဟုတ် နှစ်မြို့ဖွယ် မကောင်း သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အနံ့ပြင်းသော ဒိန်ခဲ သို့မဟုတ် ဟင်းခတ် အမွှေးအကြိုင်များ ခတ်ထားသော အစားအစာများ စားသုံးထားပါက လူအများနှင့် စကားမပြောခင် သွားတိုက်ခြင်း သို့မဟုတ် ငုံဆေးပြားကို အသုံးပြုပါ။
(၅) လက်သည်းခြေသည်းများကို သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်ထားပါ။
နေ့စဉ် လက်သည်း အောက်ဖက်မှ အညစ် အကြေးများကို ဖယ်ရှား၍ လက်ကို သေသေချာချာ ဆေးပါ။ လက်သည်းများကို ညီညီညာညာ ထားရှိပြီး လက်သည်း အပိုင်းအစ များကိုလည်း စနစ်တကျ လွှင့်ပစ်ပါ။
(၆) မညီညာသော အမွှေးအမှင်များကို နုတ်ပါ သို့မဟုတ် ညှပ်ပါ။
နှာခေါင်းထဲ၊ နားထဲ၊ မျက်ခုံး၊ မေးစေ့နှင့် နှုတ်ခမ်း အပေါ်ဘက် ကဲ့သို့နေ ရာများတွင် မရှိသင့်သည့် အမွှေးအမှင် တို့ကို အမျိုးသားရော အမျိုးသ မီးတွေပါ သတိထားဖို့ လိုအပ်ပါသည်။

အမျိုးသားများ အသက် အရွယ် ရလာသောအခါ နား၊ နှာခေါင်းထဲရှိ မညီညာသော၊ ကောက်ကွေ့သော အမွှေးများနှင့် မျက် ခုံးမွှေး များကို ညှပ်ခြင်း သို့မဟုတ် နုတ်ခြင်းတို့ပြုလုပ်ရန် လိုအပ်သကဲ့သို့ အမျိုးသမီးများလည်း ဖယောင်းဖြင့် နှုတ်ခမ်း အထက်ပိုင်းရှိ မလိုအပ်သော အမွှေးများကို နုတ်ပယ်ပြီး အကယ်၍အမွှေးအမှင်များသည် ရှည် လာပြီး၊ မြင်မကောင်း၍ အရုပ်ဆိုးပြီးမညီမညာဖြစ်လာပါက နုတ်ခြင်း သို့မဟုတ် ညှပ်ခြင်းတို့ပြုလုပ်ပါ။
(၇) ဝက်ခြံများထွက်ခြင်းမှ ကာကွယ်ပါ။
သင့်တွင် ဝက်ခြံများရှိလျှင် ဝက်ခြံကို ကြိုတင်ကာကွယ် ကုသပေးနိုင် လောက်သော ဝက်ခြံများ ပျောက် ကင်းသည့် မျက်နှာသစ်ဆေးများ သုံးသင့်ပါသည်။
(၈) ခြေထောက်မှ အနံ့အသက်များထွက်ခြင်းမှ ကြိုတင်ကာကွယ်ပါ။
ရှူးဖိနပ်အတွင်းသို့ ကလေး ပေါင်ဒါမှုန့် ထည့်ခြင်း၊ ဖိနပ်ကို ပေါင်ဒါမှုန့်ဖြင့် တိုက်ခြင်း သို့မဟုတ် ထိုင်နေစဉ် ကာလများတွင် ဖိနပ်ကို ခေတ္တချွတ်၍ လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ပေးခြင်းဖြင့် အနံ့ အသက် ဆိုးများကို ကာကွယ် နိုင်ပါသည်။ အထူးသဖြင့် အားကစား လှုပ်ရှားမှုများ ပြုလုပ်ပြီး ချိန်တွင် ခြေအိတ်များ ကို မကြာခဏ လဲလှယ်ပါ။
(၉) အဆီပြန်သောအသားအရေကို ခြောက်သွေ့အောင် ပြုလုပ်ပါ။
အဆီစုပ် စက္ကူများ ပါသော အထုပ်တစ်ထုပ်ကို ဝယ်ယူပြီး တစ်နေကုန် ထွက်သော အဆီများကို ၎င်းစက္ကူ များကို အသုံးပြု၍ စုပ်ယူပါ။
Royal Hero Media

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...