စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပျော်ရွှင်စေဖို့



Posted by drmyochit Friday, July 13, 2013,

အိမ်ထောင်တစ်ခုမှာ ခင်ပွန်းဇနီးနှစ်ဦးနှစ်ဖက်လုံး ပျော်ရွှင်ကျေနပ်မှုရနေဖို့ အရေးကြီးပါတယ်... အခုဖော်ပြပေးမယ့် အချက်တွေကတော့ ပျော်ရွှင်အောင်ထားနိုင်ဖို့အတွက် ဇနီးနဲ့ခင်ပွန်းကြား တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ထားရှိလုပ်ကိုင်ဖြည့်ဆည်း ပေးရမယ့် အချက်လေးတွေဖြစ်ပါတယ်... စာဖတ်သူအားလုံးပဲ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ...

ယောက်ျားတစ်ယောက်ကို ပျော်ရွှင်စေဖို့အတွက် ဇနီးဖြစ်သူအနေနဲ့ ဒီအချက်တွေလိုက်နာနိုင်ရင် အဆင်ပြေပါပြီ...
၁) ဖွယ်ဖွယ်ရာရာချက်ကျွေး
၂) မွေ့လျော်အောင်ပြုစု
၃) နားပူနားဆာမလုပ်နဲ့
၎) စပ်စပ်စုစုမလုပ်နဲ့
၅) အပြစ်မရှာနဲ့

မိန်းမတစ်ယောက်ကိုပျော်ရွှင်စေဖို့အတွက်ကလည်း သိပ်တော့ မခက်ခဲပါဘူး... ဒါပေမဲ့ ခင်ပွန်းယောက်ျားတစ်ယောက်အနေနဲ့ လိုအပ်တဲ့အချိန်တိုင်းမှာ ဒီလိုလူမျိုးတွေရဲ့ အရည်အချင်းမျိုးတွေ ရှိနေဖို့တော့ လိုပါလိမ့်မယ်...
၁) သူငယ်ချင်းတစ်ယောက်
၂) အဖော်တစ်ယောက်
၃) ချစ်သူတစ်ယောက်
၎) အစ်ကိုတစ်ယောက်
၅) ဖခင်ကောင်းတစ်ယောက်
၆) ဆရာတစ်ယောက်
၇) စားတော်ကဲတစ်ယောက်
၈) မီးပြင်သမားတစ်ယောက်
၉) ပိုက်ပြင်သမားတစ်ယောက်
၁၀) စက်ပြင်ဆရာတစ်ယောက်
၁၁) လက်သမားတစ်ယောက်
၁၂) အိမ်အလှဆင်သူတစ်ယောက်
၁၃) အလှဖန်တီးရှင်တစ်ယောက်
၁၄) လိင်မှုဗေဒပညာရှင်တစ်ယောက်
၁၅) အမျိုးသမီးရောဂါအထူးကုတစ်ယောက်
၁၆) စိတ်ပညာရှင်တစ်ယောက်
၁၇) ပိုးမွှားနှိမ်နင်းရေးသမားတစ်ယောက်
၁၈) စိတ်ရောဂါအထူးကုတစ်ယောက်
၁၉) ပျောက်စေဆရာတစ်ယောက်
၂၀) ရင်ဖွင့်စရာအဖော်ကောင်းတစ်ယောက်
၂၁) စီစဉ်ကြီးကြပ်သူတစ်ယောက်

အဲ့ဒီအပြင် ဒီအချက်လေးတွေနဲ့လည်း ပြည့်စုံနေဖို့လိုပါလိမ့်မယ်...
၁) သန့်သန့်ပြန့်ပြန့်နေတတ်ခြင်း
၂) ထောက်ထားစာနာတတ်ခြင်း
၃) ကျန်းမာဖျတ်လတ်ခြင်း
၎) နွေးထွေးကြင်နာတတ်ခြင်း
၅) ဂရုတစိုက်ရှိခြင်း
၆) ရည်မွန်ရဲရင့်ခြင်း
၇) ဥာဏ်ရည်ထက်မြက်ခြင်း
၈) ဟာသဥာဏ်ရှိခြင်း
၉) တီထွင်ဖန်တီးတတ်ခြင်း
၁၀) ကြည့်ရှုစောင့်ရှောက်တတ်ခြင်
၁၁) သန်စွမ်းကြံ့ခိုင်ခြင်း
၁၂) နားလည်မှုရှိခြင်း
၁၃) ပွင့်လင်းမှုရှိခြင်း
၁၄) ဆင်ခြင်မျှော်တွေးမှုရှိခြင်
၁၅) ရည်မှန်းချက်ကြီးမားခြင်း
၁၆) လုပ်ရည်ကိုင်ရည်ရှိခြင်း
၁၇) ရဲစွမ်းသတ္တိရှိခြင်း
၁၈) တိကျပြတ်သားခြင်း
၁၉) ဖြောင့်မတ်မှန်ကန်ခြင်း
၂၀) အားကိုးအားထားပြုနိုင်ခြင်း
၂၁) ချစ်စိတ်ပြင်းပြခြင်း

အဲ့ဒီအချက်တွေအပြင် ဒီအချက်တွေကိုလည်း မေ့ထားလို့မရပါဘူး...
၁) သူမကို ပုံမှန်ချီးမွမ်းစကားပြောပေးပါ
၂) သူမနဲ့အတူ ဈေးဝယ်ထွက်ပါ
၃) ရိုးရိုးသားသားရှိပါ
၎) ပိုက်ဆံများများရှိပါစေ
၅) သူမကိုဗျာမများစေပါနှင့်
၆) တခြားမိန်းကလေးတွေကိုမကြည့်ပါနှင့်

တစ်ချိန်ထဲမှာပဲ ဒီလိုလေးတွေလုပ်ပေးဖို့လည်းလိုပါသေးတယ်...
၁) သူမအပေါ် များများအရေးပေးပါ
၂) သူမအတွက် အချိန်များများပေးပါ.. အထူးသဖြင့် သူမအတွက် ကိုယ်ပိုင်ချိန်များများရနေပါစေ
၃) သူမအတွက် နေရာများများရှိပါစေ... သူမဘယ်သွားမယ်ဆိုတာကို စိတ်ပူမနေပါနဲ့

အားလုံးထဲမှာအရေးအကြီးဆုံးကတော့ ဒီအချက်တွေကို မမေ့ဖို့ပါပဲ...
၁) မွေးနေ့များ
၂) နှစ်ပတ်လည် အထိမ်းအမှတ်နေ့များ
၃) ချစ်သူများနေ့
၎) သူမစီစဉ်ထားသည့် အရာများ

Ref: DateFit
နှိုင်းရင့်နွေ

https://www.facebook.com/photo.php?fbid=442242559206914&set=a.351047714993

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...