စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၂၀၁၂ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများအတွက် အရွေးချယ်ခံ ကြရမည့် ဇာတ်ကားများစာရင်းထုတ်ပြန်



ရန်ကုန် ၊ ၂၈-၇-၂၀၁၃

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး မှ ၂၀၁၂ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ခြင်း အတွက် အကြုံးဝင်သည့် အရွေးချယ်ခံ ရုပ်ရှင် ဇာတ်ကားများ စာရင်းကို တရားဝင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထိုသို့ ထုတ်ပြန် ကြေညာရာတွင် အရွေးချယ်ခံ ရုပ်ရှင်ဇာတ်ကား ၁၇ ကား ရှိပြီး ဒါရိုက်တာ ကိုဇော် ( အာရုဏ်ဦး ) ၊ ၀ိုင်း ၊ ညီညီထွန်းလွင် ၊ အောင်ကိုလတ် ၊ ညွှန့်မြန်မာ ညီညီအောင် အစရှိသည့် ရုပ်ရှင် ဒါရိုက်တာ များ စီစဉ် ရိုက်ကူးခဲ့သော ဟာသ ၊ အချစ် နှင့် ဘ၀သရုပ်ဖော် ဇာတ်ကားများ ပါဝင်ကြောင်း သိရသည်။

အရွေးချယ်ခံ ဇာတ်ကားများ၏ အမည်များမှာ အချစ်ကွိုင် ၊ မေခင်ကညာ ၊ ချစ်တယ်ပြောမှ လွှတ်မယ် ၊ ငါမင်းကို ... ၊ လက်ပံ ၊ မော်ကင်းဥဒါန်း ၊ သွား .. လူဆိုး ၊ ဒါမျိုးတော့ တတ်တယ် ၊ နှစ်ပင်လိမ်တဲ့ ရည်းစား ၊ ဥ ၊ ကယန်းအလှ ၊ အလန်းလွန် အလွန်လန်း ၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ၊ ၀ိုင်းကြီး ပတ်ပတ် ဒူဝေေ၀ ၊ အမုန်းမီးတောက် ၊ မွေခံထိုက်သူ ဖြစ်စေ ၊ ဟတ်ထိတယ် ၊ အထာသစ်နဲ့ နှစ်ခါချစ်မယ် စသည်တို့ ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကား များထဲမှ သရုပ်ဆောင်ဆု ၊ ဇာတ်ပို့ဆု ၊ ဇာတ်ကားဆု ၊ ဒါရိုက်တာဆု ၊ တေးဂီတဆု ၊ တည်းဖြတ်ဆု ၊ အသံဆု ၊ ဓာတ်ပုံဆု နှင့် ဇာတ်ညွှန်းဆု အစရှိသည် တို့ကို ရွေးချယ်ကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ တွင် ကျင်းပမည့် ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ အခမ်းအနား တွင် ဆုများ ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရှိရသည်။


https://www.facebook.com/photo.php?fbid=449126358518534&set=a.3510477149930

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...