စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဒိန္နာဒါနာ နှင့် ပဌာန်းပစ္စည်းတရား

 http://www.glvictor.com/wp-content/uploads/2012/09/The-Thief.jpg
အဒိန္နာဒါန = သူဥစ္စာကို ခိုးယူတယ်လို့ ဆိုပါတယ်။

         အရင်ကတော့ သူများအိမ်ဝင်ပြီးတော့ ခိုးတယ်။ တိတ်တိတ်သူများမသိအောင် ခိုးယူတယ်။ ဓါးပြတိုက်တယ်။ အနုကြမ်းစီးတယ်။ ဒီလောက်ပဲ သိတာ။ သုတ္တံ ကျမ်းစာထဲမှာတော့ အလေးကို ကောက်ကျစ်စဉ်းလဲပြီး ကိုယ်ပေးရမဲ့ အချိန်ကြ ပေါ့ပေါ့ အလေးနဲ့ ပေးတယ်။ ကိုယ်က ယူရမဲ့ အချိန်ကြတော့ လေးလေးပင်ပင် အလေးနဲ့ များများရအောင်ယူတယ်။ ကိုယ်ပေးတဲ့ အခါကြတော့ တင်းတောင်းခပ်သေးသေးနဲ့ ကိုယ်ယူတော့ တင်းတောင်း ခပ်ကြီးကြီးနဲ့။ အဲဒီလိုနည်းမျိုးစုံနဲ့ အဒိန္နာဒါနတွေဟာ ရောင်းရင်း၊ ၀ယ်ရင်း၊ ကူးသန်းရင်း၊ သူဌေးကြီးတွေလုပ်ရင်း၊ အဲဒိလို အဒိန္နာဒါန ဖြစ်ပါမည့် အကြောင်းမှာ မုသားကရှေ့ကနေညာရတယ်။ ဒီအတိုင်းလောကကြီးဖြစ်နေပါတယ်။ ငါးပါးသီလ ပျက်နေကြတယ်။

         အဲဒီအခါမှာ ရောင်းရင်း၊ ၀ယ်ရင်း၊ ခိုးရင်း၊ တိုက်ရင်း လောဘကလာနေပါတယ်။လောဘဟိတ် အဲဒီလောဘဟိတ်က ယှဉ်ဖက်ဖြစ်တဲ့စိတ်တွေ၊ စေတသိတ်တွေ၊ ကျေးဇူးပြုလိုက်တာ သဟဇာတပစ္စည်းနဲ့ ကျေးဇူးပြုတယ်။ အာရမ္မဏက ဘယ်လိုတုန်းဆိုတော့ ရွှေလိမ်လို့ရှိရင် ရွှေကအာရုံ၊ လိမ်ရမည့် သူလည်းအာရုံ။ စပါး၊ ဆန်၊ ပဲတွေ ကူးသန်းရောင်းဝယ်တော့လည်း တင်း၊ တောင်း၊ ဆန်တွေက အာရုံ၊ ခုနလောဘက အာရမ္မဏပစ္စည်းနဲ့ ကျေးဇူးပြုခံရတဲ့ ပစ္စယုပ္ပန်၊ ဒီလိုဖြစ်နေပြီးတော့ ဒီလောဘ ဖြစ်နေတဲ့ အချိန်မှာ စိတ်တွေ၊ စေတသိတ်တွေ က ခန္ဓာ လေး ပါးလုံးပါနေတော့ အညမညပစ္စည်းနဲ့ ကျေးဇူးပြုတယ်။

       မှီရာနိဿယ ပစ္စည်းနဲ့ ကျေးဇူးပြုတယ်။ ဒါကြောင့် လိမ်လည်လိုမှု က လောဘ၊ မတရားရောင်းဝယ်မှု လောဘက နည်းနည်း ကလေးလို့သူတို့ထင်တာ၊ဒီလောဘက ဒီဟေတုပစ္စည်းမှာ ၀ိုင်းပြီးတော့ကျေးဇူးပြုလိုက်တာ၊ အကျိုးပေးတဲ့ အခါကျတော့ လေ သူများပစ္စည်းမတရားယူခဲ့ အတွက်ကြောင့် - သူဌေးဘ၀က သေသွားပြီး မရှိဆင်းရဲတဲ့ ဘ၀ရောက်နိုင်တယ်။

ရှင်ဘုရင်ဘ၀ မတရားအခွန်ကောက်ပြီး ရှင်ဘုရင်ပိုင် တစ်ဦးတည်းပိုင်လုပ်ရင် ရှင်ဘုရင်မှာ အဒိန္နာဒါန အကုသိုလ် ဒုစရိုက်ဖြစ်ပါတယ်။ ဘုန်းကြီးလုပ်ပြီးတော့ ညာပြီးအလှူခံရင်လည်း အဒိန္နာဒါန ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာက ကိုယ့်မှာတရားမရှိပဲ ဟန်လုပ်ပြီးညာနေလို့ ရှိရင် သူခိုးကြီး (မဟာစောရ) လို့ မိန့်ပါတယ်။

ဘုန်းကြီးလဲ “ဘုန်းကြီးအတွက်ဆိုရင် မတရားညာပြီး တော့ မလုပ်သလို ဘုန်ကြီးရဲ့ဒကာ၊ ဒကာမတွေလဲ မတရားတဲ့ ကိစ္စဆိုလုံးဝ မလုပ်ပါနဲ့။ မလုပ်ဘူးလို့ အဓိဌာန်ထားရင် သိပ်ကောင်းမှာ “ လို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက သူ့ရဲ့ ဒကာ၊ ဒကာမတွေကို မိန့်ကြားသွားခဲ့ပါတယ်။
ဒါကိုဖတ်ရင်း ကျွန်တော်တို့ ဓမ္မာ့မိတ်ဆွေတို့လည်း အဒိန္နဒါနာ ကံကို မလွန်ကျူးမိကြရလေအောင်
ဆန္ဒမွန်ဖြင့်………………..

Nyan soe
http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A351814&

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...